Pages

Saturday, December 14, 2013

အများပြည်သူသို့ အသိပေးပန်ကြားခြင်း

RangonNewsDaily:: December . 14 .2013
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်အတွင်းရှိ ၂၃၀ ကေဗွီ ဓာတ်အားခွဲရုံရှိ ၂၃၀/၃၃ ကေဗွီ အမှတ် (၂) ၁၀၀ အမ်ဗွီ ထရန်စဖော်မာ (၃၃) ကေဗွီအတွက် ဓာတ်အားလိုင်းကြိုးမှာလွန်းဖွာနေ၍ ပြုပြင်ခြင်း လုပ်ငန်းအား ၁၄-၁၂-၂၀၁၃ ရက်နေ့ ည ၂၄ ၀၀ နာရီမှ စတင်၍ ၁၅-၁၂-၂၀၁၃ ရက်နေ့ နံနက် ၀၁ ၀၀ နာရီအထိ တစ်နာရီကြာ ဓာတ်အားပိတ်၍ ပြုပြင်ခြင်း လုပ်ငန်း ဆောင်ရွက်ရမည် ဖြစ်ပါသည်။

ယင်းလုပ်ငန်း ဆောင်ရွက်နေချိန်တွင် ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ သာကေတ၊ ဒေါပုံ၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ မြို့နယ်များတွင် ဓာတ်အားပြတ်တောက်မှု များ ရှိမည်ဖြစ်၍ ဓာတ်အားပြတ်တောက်မှုကြောင့် လူမှုရေးအခက်အခဲ များ ပေါ်ပေါက်နိုင်မှုအပေါ်အနူးအညွတ်တောင်းပန်ပါကြောင်း ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးအဖွဲ့မှ အများပြည်သူသို့ အသိပေးပန်ကြားအပ်ပါသည်။

ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးအဖွဲ့

0 comments:

Post a Comment