Pages

Wednesday, November 6, 2013

Samsung ရဲ့  Galaxy S4 အလုံးရေ သန်း ၄၀ ကျော် ရောင်းချခဲ့ပြီး

Photo: Samsung တို့ S4 အလုံးရေ သန်း ၄၀ ကျော် ရောင်းချခဲ့ပြီး
Wednesday, November 6, 2013

ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့ကနေ စတင် ရောင်းချတဲ့ Samsung ရဲ့  Galaxy S4 ဟာ အလုံးရေ သန်း ၄၀ ကျော် ရောင်းချခဲ့ပြီး ဖြစ်ကြောင်း သိရပါတယ်။

စတင်ရောင်းချတဲ့ ရက် ၃၀ အတွင်း အလုံးရေ ၁၀ သန်းကိုရောင်းချနိုင် ခဲ့ခြင်း ဖြစ်ပါတယ်။ ဆက်လက် ပြီးလည်း Samsung Galaxy S4 ရဲ့  ရောင်းအားဟာ ပုံမှန် အတိုင်း သွားနေဆဲ ဖြစ်ပြီး တစ်နှစ်တာ ရောင်းအား အများဆုံး ဖြစ်ခဲ့ဖူးတဲ့ Samsung Galaxy S3 ကိုကျော်လွန်သွားမယ်လို့ ယုံကြည် ထားကြကြောင်း သိရပါတယ်။ စုစုပေါင်း ၆ လအတွင်း အရောင်း တွင်ခဲ့တဲ့ စာရင်းကို ဖော်ပြခြင်း ဖြစ်ပါတယ်။

၂၀၁၃ နှစ်ကုန်ပိုင်းအထိ Apple ရဲ့  အိုင်ဖုန်း ရောင်းအားဟာ ၃၁ သန်းပဲ ရှိပါသေးတယ်။ အရေအတွက် အားဖြင့် ထုတ်လုပ်တာ နည်းတာကြောင့် လည်း ပါ ပါတယ်။ ဈေးကတော့ ပိုကြီးပါတယ်။ ဒါကြောင့်မို့ Apple ဟာ ဈေးနှန်းကိုပဲ ဆက်ထိန်းသွားဖွယ် ရှိပြီး အရေအတွက် ထုတ်လုပ် မှုကတော့ ပုံမှန်အတိုင်းသွားမှာ ဖြစ်ပါတယ်။ Samsung ကတော့ Galaxy စီးရီးထဲမှ မော်ဒယ် အနိမ့်၊အမြင့်ဖုန်းမျိုးစုံကို ဆက်လက်ထုတ်လုပ် သွား မှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: mashable
အောင်ခမ်း ( ရိုးရာလေး )

RangonNewsDaily:: November . 6 .2013
ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့ကနေ စတင် ရောင်းချတဲ့ Samsung ရဲ့  Galaxy S4 ဟာ အလုံးရေ သန်း ၄၀ ကျော် ရောင်းချခဲ့ပြီး ဖြစ်ကြောင်း သိရပါတယ်။ စတင်ရောင်းချတဲ့ ရက် ၃၀ အတွင်း အလုံးရေ ၁၀ သန်းကိုရောင်းချနိုင် ခဲ့ခြင်း ဖြစ်ပါတယ်။ ဆက်လက် ပြီးလည်း Samsung Galaxy S4 ရဲ့  ရောင်းအားဟာ ပုံမှန် အတိုင်း သွားနေဆဲ ဖြစ်ပြီး တစ်နှစ်တာ ရောင်းအား အများဆုံး ဖြစ်ခဲ့ဖူးတဲ့ Samsung Galaxy S3 ကိုကျော်လွန်သွားမယ်လို့ ယုံကြည် ထားကြကြောင်း သိရပါတယ်။ စုစုပေါင်း ၆ လအတွင်း အရောင်း တွင်ခဲ့တဲ့ စာရင်းကို ဖော်ပြခြင်း ဖြစ်ပါတယ်။

၂၀၁၃ နှစ်ကုန်ပိုင်းအထိ Apple ရဲ့  အိုင်ဖုန်း ရောင်းအားဟာ ၃၁ သန်းပဲ ရှိပါသေးတယ်။ အရေအတွက် အားဖြင့် ထုတ်လုပ်တာ နည်းတာကြောင့် လည်း ပါ ပါတယ်။ ဈေးကတော့ ပိုကြီးပါတယ်။ 
 
ဒါကြောင့်မို့ Apple ဟာ ဈေးနှန်းကိုပဲ ဆက်ထိန်းသွားဖွယ် ရှိပြီး အရေအတွက် ထုတ်လုပ် မှုကတော့ ပုံမှန်အတိုင်းသွားမှာ ဖြစ်ပါတယ်။ Samsung ကတော့ Galaxy စီးရီးထဲမှ မော်ဒယ် အနိမ့်၊အမြင့်ဖုန်းမျိုးစုံကို ဆက်လက်ထုတ်လုပ် သွား မှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: mashable
အောင်ခမ်း ( ရိုးရာလေး ) , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment

 
world time