Pages

Friday, November 22, 2013

ကမ္ဘာ့ဖလားနှင့် လွဲချော်ခဲ့သည့် နာမည်ကျော် ဘောလုံးကြယ်ပွင့်များ

Photo: ကမ္ဘာ့ဖလားနှင့် လွဲချော်ခဲ့သည့် နာမည်ကျော် ဘောလုံးကြယ်ပွင့်များ
Thursday, November 21, 2013

(၂၀၁၄)ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် (၃၂)သင်းလုံး အတည်ပြု ထွက်ပေါ်လာပြီးနောက် ကမ္ဘာ့အဆင့် ထိပ်တန်းကစားသမား အများအပြား ယခုပြိုင်ပွဲနှင့် လွဲချော်ခဲ့သည်ကို တွေ့ရှိရ

ကမ္ဘာ့ဖလားနှင့် လွဲချော်ခဲ့သည့် နာမည်ကျော် ဘောလုံးကြယ်ပွင့်များ
(၂၀၁၄)ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် (၃၂)သင်းလုံး အတည်ပြု ထွက်ပေါ်လာပြီးနောက် ကမ္ဘာ့အဆင့် ထိပ်တန်းကစားသမား အများအပြား ယခုပြိုင်ပွဲနှင့် လွဲချော်ခဲ့သည်ကို တွေ့ရှိရသည်။ အသိသာဆုံးမှာ ပေါ်တူဂီနှင့် နောက်ဆုံးအဆင့် ရှုံးထွက်ခြေစစ်ပွဲ ကစားပြီး အရေးနိမ့်ခဲ့သည့် ဆွီဒင်အသင်းမှ တိုက်စစ်မှူး ဇလာတန် အီဘရာဟီမိုဗစ် ဖြစ်သည်။ အသက်(၃၁)နှစ်ရှိ PSG ကစားသမားသည် တစ်ရာသီလုံး ခြေစွမ်းအမြင့်ဆုံး ရရှိနေသူ ဖြစ်ပြီး ပေါ်တူဂီကို (၂)ကျော့ပေါင်း (၄-၂)ဖြင့် အရေးနိမ့်သည့်ပွဲတွင် (၂)ဂိုးစလုံး ကိုယ်တိုင်သွင်းယူခဲ့သည်။ ယင်းပွဲအပြီးတွင် အီဘရာဟီမိုဗစ်က မိမိမပါဝင်သော ကမ္ဘာ့ဖလား ပြိုင်ပွဲသည် အားခဲစောင့်ကြည့်ရန် မထိုက်တန်တော့ဟု ပြောဆိုခဲ့သေးသည်။အခြားသော ကစားသမားကောင်း အချို့သည်လည်း ယင်းပြိုင်ပွဲကြီးနှင့် လွဲချော်ခဲ့သည်။

ချယ်လ်ဆီးအသင်း၏ ချက်လက်ရွေးစင် ဂိုးသမား ပီတာဆက်ခ်ျ၊ ဆာဘီးယား နောက်ခံလူ ဘရာနီဆလက်ဗ် အိုင်ဗန်နိုဗစ်တို့ နှစ်ဦးလုံးသည် ကမ္ဘာ့ဖလားကို TVမှသာ ကြည့်ရတော့မည် ဖြစ်သည်။ ထို့အတူ လီဗာပူးလ် ခံစစ်မှူး မာတင်စကာတယ်လ်သည်လည်း ဆလိုဗက်ကီးယားအသင်း ခြေစစ်ပွဲ မအောင်သည့်အတွက် ယင်းပြိုင်ပွဲကြီးနှင့် လွဲခဲ့သည်။ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ရီးယဲလ်မက်ဒရစ်သို့ ရောက်ရှိခဲ့သည့် ဂါရတ်သ်ဘေးလ်ကိုလည်း ယင်းပြိုင်ပွဲ၌ တွေ့မြင်ခွင့် မရှိတော့သလို ဘိုရပ်ရှားဒေါ့တ်မန် အသင်း၏ တိုက်စစ်အတွဲဖြစ်သော ရောဘတ် လီဝင်ဒေါစကီးနှင့် ဟင်းနရစ်ခ် မက်ကင်တာရန်းတို့ အားလုံးလည်း လွဲချော်ခဲ့ပြန်သည်။

နာပိုလီအသင်းမှ မာရက်ခ်ဟမ်ဆစ်ခ်၊ တော့တင်ဟမ် ဟော့စပါး၏ ဒိန်းမတ်လူငယ် ခရစ္စတီယန် အဲရစ်ခ်ဆန်၊ မန်ချက်စတာစီးတီးမှ မွန်တီနီဂရိုး တောင်ပံလူ စတီဗန်ယိုဗီတစ်တို့သည်လည်း ကမ္ဘာ့ဖလား ကောင်းကင်ယံတွင် တောက်ပခွင့်မရသည့် ကြယ်ပွင့်များ ဖြစ်လာခဲ့သည်။ အဆိုးဆုံးမှာ ဘိုင်ယန်မြူးနစ်မှ ဩစတြီးယား ခံစစ်သမား ဒေးဗစ်အလာဘာဖြစ်ပြီး ဘိုင်ယန်ကစားသမား အားလုံးတွင် လက်ရွေးစင်အသင်း ခြေစစ်ပွဲမအောင်သဖြင့် ကမ္ဘာ့ဖလားနှင့် လွဲခဲ့သည့် တစ်ဦးတည်းသော ကစားသမား ဖြစ်လာခဲ့သည်။ အဆိုပါ (၁၁)ဦးသည် နိုင်ငံတစ်ခုချင်းစီမှ အကောင်းဆုံး ကစားသမား တစ်ဦးစီကို ဆွဲထုတ်ဖွဲ့စည်းထားသည့် ကမ္ဘာ့ဖလားနှင့် လွဲခဲ့သော ကြယ်ပွင့်အသင်းဟု ညွှန်းဆိုနိုင်မည် ဖြစ်သည်။ ထို့အပြင် ဘေးလ်၏ ဝေလလက်ရွေးစင် အသင်းဖော် အေရွန်ရမ်ဆေးကဲ့သို့ လက်ရှိပုံစံကောင်း ရရှိနေသော ကစားသမားကောင်းများလည်း ကမ္ဘာ့ဖလားနှင့် လွဲချော်ခဲ့ကြသည်။

Planet Myanmar Network

RangonNewsDaily:: November . 22 .2013
ကမ္ဘာ့ဖလားနှင့် လွဲချော်ခဲ့သည့် နာမည်ကျော် ဘောလုံးကြယ်ပွင့်များ
(၂၀၁၄)ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် (၃၂)သင်းလုံး အတည်ပြု ထွက်ပေါ်လာပြီးနောက် ကမ္ဘာ့အဆင့် ထိပ်တန်းကစားသမား အများအပြား ယခုပြိုင်ပွဲနှင့် လွဲချော်ခဲ့သည်ကို တွေ့ရှိရသည်။ အသိသာဆုံးမှာ ပေါ်တူဂီနှင့် နောက်ဆုံးအဆင့် ရှုံးထွက်ခြေစစ်ပွဲ ကစားပြီး အရေးနိမ့်ခဲ့သည့် ဆွီဒင်အသင်းမှ တိုက်စစ်မှူး ဇလာတန် အီဘရာဟီမိုဗစ် ဖြစ်သည်။ 
 
အသက်(၃၁)နှစ်ရှိ PSG ကစားသမားသည် တစ်ရာသီလုံး ခြေစွမ်းအမြင့်ဆုံး ရရှိနေသူ ဖြစ်ပြီး ပေါ်တူဂီကို (၂)ကျော့ပေါင်း (၄-၂)ဖြင့် အရေးနိမ့်သည့်ပွဲတွင် (၂)ဂိုးစလုံး ကိုယ်တိုင်သွင်းယူခဲ့သည်။ ယင်းပွဲအပြီးတွင် အီဘရာဟီမိုဗစ်က မိမိမပါဝင်သော ကမ္ဘာ့ဖလား ပြိုင်ပွဲသည် အားခဲစောင့်ကြည့်ရန် မထိုက်တန်တော့ဟု ပြောဆိုခဲ့သေးသည်။အခြားသော ကစားသမားကောင်း အချို့သည်လည်း ယင်းပြိုင်ပွဲကြီးနှင့် လွဲချော်ခဲ့သည်။

ချယ်လ်ဆီးအသင်း၏ ချက်လက်ရွေးစင် ဂိုးသမား ပီတာဆက်ခ်ျ၊ ဆာဘီးယား နောက်ခံလူ ဘရာနီဆလက်ဗ် အိုင်ဗန်နိုဗစ်တို့ နှစ်ဦးလုံးသည် ကမ္ဘာ့ဖလားကို TVမှသာ ကြည့်ရတော့မည် ဖြစ်သည်။ 
 
ထို့အတူ လီဗာပူးလ် ခံစစ်မှူး မာတင်စကာတယ်လ်သည်လည်း ဆလိုဗက်ကီးယားအသင်း ခြေစစ်ပွဲ မအောင်သည့်အတွက် ယင်းပြိုင်ပွဲကြီးနှင့် လွဲခဲ့သည်။ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ရီးယဲလ်မက်ဒရစ်သို့ ရောက်ရှိခဲ့သည့် ဂါရတ်သ်ဘေးလ်ကိုလည်း ယင်းပြိုင်ပွဲ၌ တွေ့မြင်ခွင့် မရှိတော့သလို ဘိုရပ်ရှားဒေါ့တ်မန် အသင်း၏ တိုက်စစ်အတွဲဖြစ်သော ရောဘတ် လီဝင်ဒေါစကီးနှင့် ဟင်းနရစ်ခ် မက်ကင်တာရန်းတို့ အားလုံးလည်း လွဲချော်ခဲ့ပြန်သည်။

နာပိုလီအသင်းမှ မာရက်ခ်ဟမ်ဆစ်ခ်၊ တော့တင်ဟမ် ဟော့စပါး၏ ဒိန်းမတ်လူငယ် ခရစ္စတီယန် အဲရစ်ခ်ဆန်၊ မန်ချက်စတာစီးတီးမှ မွန်တီနီဂရိုး တောင်ပံလူ စတီဗန်ယိုဗီတစ်တို့သည်လည်း ကမ္ဘာ့ဖလား ကောင်းကင်ယံတွင် တောက်ပခွင့်မရသည့် ကြယ်ပွင့်များ ဖြစ်လာခဲ့သည်။ 
 
အဆိုးဆုံးမှာ ဘိုင်ယန်မြူးနစ်မှ ဩစတြီးယား ခံစစ်သမား ဒေးဗစ်အလာဘာဖြစ်ပြီး ဘိုင်ယန်ကစားသမား အားလုံးတွင် လက်ရွေးစင်အသင်း ခြေစစ်ပွဲမအောင်သဖြင့် ကမ္ဘာ့ဖလားနှင့် လွဲခဲ့သည့် တစ်ဦးတည်းသော ကစားသမား ဖြစ်လာခဲ့သည်။ 
 
အဆိုပါ (၁၁)ဦးသည် နိုင်ငံတစ်ခုချင်းစီမှ အကောင်းဆုံး ကစားသမား တစ်ဦးစီကို ဆွဲထုတ်ဖွဲ့စည်းထားသည့် ကမ္ဘာ့ဖလားနှင့် လွဲခဲ့သော ကြယ်ပွင့်အသင်းဟု ညွှန်းဆိုနိုင်မည် ဖြစ်သည်။ ထို့အပြင် ဘေးလ်၏ ဝေလလက်ရွေးစင် အသင်းဖော် အေရွန်ရမ်ဆေးကဲ့သို့ လက်ရှိပုံစံကောင်း ရရှိနေသော ကစားသမားကောင်းများလည်း ကမ္ဘာ့ဖလားနှင့် လွဲချော်ခဲ့ကြသည်။

Planet Myanmar Network ,kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment