RangonNewsDaily:: October. 9 .2013
မြန်မာနိုင်ငံအတွက်အသုံးပြုနိုင်ရန်
မြန်မာဘာသာစကားထည့်သွင်းထားသော ဟန်းဆက်များထုတ်လုပ်နိုင်ရန်
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Ooredoo မှ Chief Operating Officer Mr. ChrisBannister က ပြောသည်။၎.၁၀.၂၀၁၃ ရက်နေ့တွင်ကျင်းပသော 2nd Into Myanmar Telecoms & IT
Submmit 2013 တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ကျေးလက်ဒေသ များတွင်
အသုံးပြုနိုင်ရန်ရည်ရွယ်၍ အဆိုပါ ဟန်းဆက်များကို ဈေးကွက် အတွင်း
ဖြန့်ဖြူးရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု
ဆိုသည်။ “ကျေးလက်ဒေသမှာရှိတဲ့ လူအချို့အတွက် မြန်မာဘာ
သာစကားထည့်သွင်းထားတဲ့ ဟန်းဆက်တွေ ဈေးကွက်တွင်း ဆောင် ရွက်ဖို့လိုတယ်” ဟု
၎င်းကပြောသည်။
Ooredoo Myanmar အနေဖြင့် မြန်မာနိုင်ငံတွင်ဆောင်ရွက်မည့် ဆက်သွယ်ရေးဝန်ဆောင်မှု အတွက် အစီအစဉ်များ ရေးဆွဲလျက်ရှိသည်ဟု ဆိုသည်။
လက်ရှိကာလတွင် အော်ပရေတာလိုင်စင်ရရှိရန် စောင့်ဆိုင်းလျကရှိကြောင်း သိရသည်။ မိုဘိုင်းကွန်ရက်ကို တစ်နိုင်ငံလုံးဖြန့်ကြက်နိုင်ရန်
ဆောင် ရွက်သွားမည်ဟု သတင်းထုတ်ပြန်ခဲ့ဖူးပြီး 3G ကွန်ရက်ကို အသုံးပြုနိုင်
ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိကာလတွင် အော်ပရေတာလိုင်စင်ရရှိရန် စောင့်ဆိုင်းလျကရှိကြောင်း သိရသည်။ မိုဘိုင်းကွန်ရက်ကို တစ်နိုင်ငံလုံးဖြန့်ကြက်နိုင်ရန
ကွန်ရက်ပိုင်းဆိုင်
ရာဆောင်ရွက်ချက်များကို အခြားအော်ပရေတာများနှင့် ပူးပေါင်းဆောင်
ရွက်သွားမည်ဖြစ်ကြောင်း အထက်ပါ အစည်းအဝေးတွင် ပြောကြားခဲ့သည်။ Ooredoo
ကုမ္ပဏီမှာ ကမ္ဘာ့အရှေ့အလယ်ပိုင်းဒေ သ၊ မြောက်အာဖရိကတိုက်နှင့်
အရှေ့တောင်အာရှဒေသများတွင် မိုဘိုင်းဖုန်းများ ကြိုးမဲ့အင်တာနက်စနစ်နှင့်
ကြိုးလိုင်းအင်တာနက်စနစ်များကို ဖြန့်ချိရောင်းချပေးလျက်ရှိသော ဆက်သွယ်ရေး ကုမ္ပဏီဖြစ်သည်။
ထွန်းထွန်း
ထွန်းထွန်း
0 comments:
Post a Comment