RangonNewsDaily:: October. 24 .2013
ပြည်တွင်းပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သော
ကမ္ဘောဇဘဏ်က မြန်မာနိုင်ငံတွင် ကျင်းပမည့် (၂၇) ကြိမ်
မြောက်ဆီးဂိမ်းပြိုင်ပွဲကို ဂုဏ်ပြုသည့်အထိမ်းအမှတ်အဖြစ်
နိုင်ငံတကာမှဧည့်သည်များပါ အသုံးပြုနိုင် သော KBZ SEA Games Debit Card
တစ်သောင်းခန့်ကို ထုတ်လုပ်သွားမည်ဟု ကမ္ဘောဇဘဏ်၏ အထွေထွေ မန်နေဂျာ
ဦးဇော်လင်းထွဋ်က ပြောသည်။
အဆိုပါ KBZ SEA Games Debit Card မှာ MPU ကတ်ကဲ့သို့ပုံစံပင်ဖြစ်ပြီး
Myanmar Payment Union ဖြင့် ချိတ်ဆက်ထားသော ဘဏ်များရှိ ATM စက်များတွင်
ငွေထုတ်နိုင်သည့်အပြင် အရောင်းဆိုင်များရှိ Point Of Sales (POS)
များတွင်လည်း ငွေပေးချေနိုင်မည့် ဆီးဂိမ်းအမှတ်တံဆိပ်ပါဝင်သောကတ်ဖြစ် သည်။
ယင်း SEA Games Debit ကတ်သက်တမ်းကို ငါးနှစ်သတ်မှတ်ထားပြီး
ကတ်သတ်တမ်းကုန်ဆုံး၍ ငွေလက်ကျန်များရှိခဲ့ပါက
ပြန်လည်ထုတ်ယူနိုင်မည်ဟုလည်းဆိုသည်။
ကမ္ဘောဇဘဏ်မှ အထွေထွေမန်နေဂျာ ဦးဇော်လင်းထွဋ်က “ဆီးဂိမ်းပြိုင်ပွဲကို
ဂုဏ်ပြုတဲ့အနေနဲ့ SEA Game Debit ကတ်အနေနဲ့ ကတ်တစ်သောင်းကို ထုတ်မှာပါ။
အဲဒီကတ်မှာ Sea Games Logo နဲ့ ကမ္ဘောဇဘဏ်ရဲ့  လိုဂိုနှစ်ခုစလုံးကို
ယှဉ်တွဲပြီးအသုံးပြုထားတယ်”ဟု ဆိုသည်။
SEA Games Debit Card
အတွင်း ငွေထည့်သွင်းမည်ဆိုပါက အနည်းဆုံး ငွေကျပ် ၁၀၀,၀၀၀ မှ ၃၀၀,၀၀၀ အထိ
ထည့်သွင်းနိုင်ပြီး အများဆုံးပမာဏကို သတ်မှတ်မထားကြောင်း သိရသည်။ MPU
ကွန်ရက်ချိတ် ဆက်ထားသောဘဏ်များ၏ ATM စက်များ၊ POS များတွင်
အသုံးပြုနိုင်မည့်အပြင် ဆီးဂိမ်းကာလအတွင်း ဟိုတယ်များ၊ စားသောက်ဆိုင်များ၊
Fashion Store များ၊ Spa၊ ကျောက်မျက် ရတနာဆိုင်များ စသည့်ဆိုင်ပေါင်း ၇၀
ကျော်တွင် Discount ငါးရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ခံစား
ခွင့်ရရှိမည့် အစီအစဉ်များလည်း ထည့်သွင်းပေးထားသည်ဟု ဆိုသည်။
ထို့ပြင် ဆီးဂိမ်း Debit ကတ်ကို မြန်မာနိုင်ငံသားများသာမက နိုင်ငံတကာမှဧည့်သည်များအနေဖြင့် လည်း ကတ်ပြုလုပ်နိုင်မည်ဟု ဆိုသည်။
ကမ္ဘောဇဘဏ်၏ လက်ထောက်အထွေထွေမန်နေဂျာ ဦးမျိုးကိုကိုသက်ကလည်း
“ဒီဆီးဂိမ်းကတ်ကို မြန်မာနိုင်ငံသားတွေသာမက နိုင်ငံတကာကသူတွေလည်း
ကတ်လုပ်လို့ရပါတယ်။ ဗဟိုဘဏ်ကလည်း သူတို့သတ်မှတ်ချက်နဲ့ညီတဲ့
နိုင်ငံခြားသားတွေကို ပြည်တွင်းမှာ ကတ်ပြုလုပ်သုံးစွဲခွင့်ပေးထားပါတယ်” ဟု ဆိုသည်။
ဆီးဂိမ်း Debit ကတ်များကို ပြုလုပ်လိုသူများအနေဖြင့် အောက်တိုဘာ ၂၁ ရက်မှ စတင်၍ ကမ္ဘောဇ ဘဏ်များတွင် စာရင်းပေးသွင်းပြုလုပ်နိုင်ပြီး နိုဝင်ဘာ ၁ ရက်မှစတင်ကာ ကတ်အသုံးပြုနိုင်မည်ဖြစ် သည်။
ယင်း SEA Games Debit ကတ်သက်တမ်းကို ငါးနှစ်သတ်မှတ်ထားပြီး ကတ်သတ်တမ်းကုန်ဆုံး၍ ငွေလက်ကျန်များရှိခဲ့ပါက ပြန်လည်ထုတ်ယူနိုင်မည်ဟုလည်းဆို
ကမ္ဘောဇဘဏ်မှ အထွေထွေမန်နေဂျာ ဦးဇော်လင်းထွဋ်က “ဆီးဂိမ်းပြိုင်ပွဲကို ဂုဏ်ပြုတဲ့အနေနဲ့ SEA Game Debit ကတ်အနေနဲ့ ကတ်တစ်သောင်းကို ထုတ်မှာပါ။ အဲဒီကတ်မှာ Sea Games Logo နဲ့ ကမ္ဘောဇဘဏ်ရဲ့  လိုဂိုနှစ်ခုစလုံးကို ယှဉ်တွဲပြီးအသုံးပြုထားတယ်”ဟု ဆိုသည်။
SEA Games Debit Card အတွင်း ငွေထည့်သွင်းမည်ဆိုပါက အနည်းဆုံး ငွေကျပ် ၁၀၀,၀၀၀ မှ ၃၀၀,၀၀၀ အထိ ထည့်သွင်းနိုင်ပြီး အများဆုံးပမာဏကို သတ်မှတ်မထားကြောင်း သိရသည်။ MPU ကွန်ရက်ချိတ် ဆက်ထားသောဘဏ်များ၏ ATM စက်များ၊ POS များတွင် အသုံးပြုနိုင်မည့်အပြင် ဆီးဂိမ်းကာလအတွင်း ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ Fashion Store များ၊ Spa၊ ကျောက်မျက် ရတနာဆိုင်များ စသည့်ဆိုင်ပေါင်း ၇၀ ကျော်တွင် Discount ငါးရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ခံစား ခွင့်ရရှိမည့် အစီအစဉ်များလည်း ထည့်သွင်းပေးထားသည်ဟု ဆိုသည်။
ထို့ပြင် ဆီးဂိမ်း Debit ကတ်ကို မြန်မာနိုင်ငံသားများသာမက နိုင်ငံတကာမှဧည့်သည်များအနေဖြင်
ကမ္ဘောဇဘဏ်၏ လက်ထောက်အထွေထွေမန်နေဂျာ ဦးမျိုးကိုကိုသက်ကလည်း “ဒီဆီးဂိမ်းကတ်ကို မြန်မာနိုင်ငံသားတွေသာမက နိုင်ငံတကာကသူတွေလည်း ကတ်လုပ်လို့ရပါတယ်။ ဗဟိုဘဏ်ကလည်း သူတို့သတ်မှတ်ချက်နဲ့ညီတဲ့ နိုင်ငံခြားသားတွေကို ပြည်တွင်းမှာ ကတ်ပြုလုပ်သုံးစွဲခွင့်ပေးထားပါ
ဆီးဂိမ်း Debit ကတ်များကို ပြုလုပ်လိုသူများအနေဖြင့် အောက်တိုဘာ ၂၁ ရက်မှ စတင်၍ ကမ္ဘောဇ ဘဏ်များတွင် စာရင်းပေးသွင်းပြုလုပ်နိုင်ပြီး
0 comments:
Post a Comment