ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်း (ဓာတ်ပုံ – Steve Tickner / The Irrawaddy) |
RangonNewsDaily:: October. 18 .2013
ပြည်တွင်း ငြိမ်းချမ်းရေး အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်
ပြည်တွင်း ငြိမ်းချမ်းရေး အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်
ရာတွင် လိုက်နာကျင့်သုံးရမည့် အခြေခံစည်းမျဉ်းစည်းကမ်းများ(Frame
Work)ကို အစိုးရနှင့် တပ်မတော်က
ရေးဆွဲပြီးဖြစ် ကြောင်း အစိုးရ
ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင်သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက
ဧရာဝတီ
သို့ ပြောသည်။ အောက်တိုဘာလဆန်းပိုင်း မြစ်ကြီးနားမြို့တွင်
ကျင်းပသည့် ကေအိုင်အိုနှင့်အစိုးရငြိမ်းချမ်းရေးကော်မတီ
အကြား
ဆွေးနွေးပွဲကာလအတွင်း ဧရာဝတီသတင်းဌာနနှင့်တွေ့ဆုံစဉ် ဦးအောင်မင်းက
ထိုသို့ပြောဆို
ခဲ့ခြင်းဖြစ်သည်။
“နိုင်ငံရေး ဆွေးနွေးပွဲ Framework ဆွဲပြီးပြီ။ တိုင်းရင်းသားတွေဘက်ကလည်းဆွဲမယ်။ သူတို့ဆွဲပြီးတာ နဲ့
“နိုင်ငံရေး ဆွေးနွေးပွဲ Framework ဆွဲပြီးပြီ။ တိုင်းရင်းသားတွေဘက်ကလည်းဆွဲမယ်။ သူတို့ဆွဲပြီးတာ နဲ့
ကျနော် တို့ ဆွဲတာနဲ့ ညှိုမယ်။ သူတို့ဘက်က အဆင်သင့် မဖြစ်တာပဲ ရှိသေးတယ်။
တိုင်းရင်းသား တွေဆွဲပြီး
လို့ ညှိုပြီးရင် နည်းလမ်း တခု ရလာမယ်”ဟု
ဦးအောင်မင်းက ပြောသည်။
အစိုးရက ရေးဆွဲထားသည့် နိုင်ငံရေးဆွေးနွေးပွဲ အခြေခံစည်းမျဉ်းများ(Frame Work)များကို တိုင်းရင်းသား
အစိုးရက ရေးဆွဲထားသည့် နိုင်ငံရေးဆွေးနွေးပွဲ အခြေခံစည်းမျဉ်းများ(Frame Work)များကို တိုင်းရင်းသား
များထံချမပြသေးဘဲ နိုင်ငံရေးပုံစံအပြောင်းအလဲအရတိုင်းရင်းသားများသည် အစိုးရကဆရာလုပ် သည့်စနစ်
ကိုလက်မခံ ခြင်း ကြောင့်ထုတ်မပြခြင်းဖြစ်ကြောင်း နိုင်ငံရေး ဆွေးနွေးပွဲအခြေခံစည်းမျဉ်းများတွင်တပ်မတော်
ကလည်း ပါဝင် ရေးဆွဲ ထားပြီး အခြေခံ စည်းမျဉ်းများတွင် ခေါင်းစဉ်
၇ခုခန့်ပါဝင်သည်ဟု သိရှိရသည်။
“တိုင်းရင်းသားတွေ အားလုံးက အရင်ကလို အစိုးရက ဆရာလုပ်တာသိပ်မကြိုက်ကြဘူး။ ဒီတော့ဆွဲပြီးတာ
“တိုင်းရင်းသားတွေ အားလုံးက အရင်ကလို အစိုးရက ဆရာလုပ်တာသိပ်မကြိုက်ကြဘူး။ ဒီတော့ဆွဲပြီးတာ
တောင်
မပြရဲဘူး။ ခေတ် စနစ်ပြောင်းနေပြီဆိုတော့ တိုင်းရင်းသားတွေက ဆွဲလာမယ့်ဟာနဲ့
ကိုယ်တွေဆွဲ
ထားတဲ့ဟာကို ပေါင်းပြီး လုပ်မှာပါ။ ဒီထဲမှာ ဘယ်လို
နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဘယ်လိုအချက်တွေပါဝင်
မလဲ။ ဘာတွေဆွေးနွေးမလဲ။
ဒီလို အချက် တွေကို ခေါင်း စဉ်ကြီး ၇ခု အောက်ကနေ အသေးစိတ် ရေးဆွဲ
ထားပါတယ်။
တပ်ပိုင်းဆိုင်ရာ တွေလည်း ပါပါ တယ်။ခုကတိုင်းရင်းသားတွေဘက်ကရေးဆွဲမယ့်(Frame Work)ကိုစောင့်
ပြီးမှ ပေါင်းမယ်ဆိုတော့အစိုးရပိုင်းက
ရေးဆွဲ ထားတာကိုအသေးစိတ်မပြောသေးတာပါ။အဓိကကကတော့
တိုင်းရင်းသားတွေဘက်က
ရေးဆွဲပြီးရင် ချပြမှာပါ။ တိုင်းရင်းသား တွေကိုဆရာ လုပ်တာမျိုး
မဖြစ်စေချင်
လို့မပြတာပါ ”ဟု ဦးအောင်မင်းက ရှင်းပြသည်။
ယခု ၂၀၁၃ ခုနှစ် မကုန်မီ တနိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေးလုပ်ဆောင်သွားမည်ဖြစ်ပြီး ၂၀၁၄ ခုနှစ် ဧပြီလ ၁ ရက်နေ့ တွင် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ တနိုင်ငံလုံး အပစ်
ယခု ၂၀၁၃ ခုနှစ် မကုန်မီ တနိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေးလုပ်ဆောင်သွားမည်ဖြစ်ပြီး ၂၀၁၄ ခုနှစ် ဧပြီလ ၁ ရက်နေ့ တွင် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ တနိုင်ငံလုံး အပစ်
အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးရာတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့
အားလုံး ပါဝင်နိုင်ရန် ကြိုး
ပမ်းသွားမည်ဟု ဦးအောင်မင်းက ဆိုသည်။
ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက “တပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး တပ်အနေနဲ့ နိုင်
ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက “တပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး တပ်အနေနဲ့ နိုင်
ငံရေး ဆွေးနွေးပွဲမှာ
ဘယ်အပိုင်းကပါမယ်။ တပ်နေရာချရေးနဲ့ ရပ်တည်မှုတွေပါတယ်။ အသေးစိတ်တော့
မပြောလို သေးပါဘူး။ တိုင်းရင်းသားတွေရေးတာ ကိုလည်း ကြည့်ပြီး ညှိုရမှာပါ”ဟု
၎င်းကပြောသည်။
ချင်းအမျိုး သားတပ်ဦးမှ လက်ထောက် အတွင်းရေးမှုး၂ ဦးရွှေခါးရ်က တိုင်းရင်းသား အားလုံး ပါဝင်သော အ
ချင်းအမျိုး သားတပ်ဦးမှ လက်ထောက် အတွင်းရေးမှုး၂ ဦးရွှေခါးရ်က တိုင်းရင်းသား အားလုံး ပါဝင်သော အ
ကြို ဆွေးနွေးပွဲ တရပ်ကို
ကေအိုင်အို၏ ဦးဆောင်မှုဖြင့် လိုင်ဇာတွင် ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး
ယင်းဆွေးနွေး
ပွဲတွင် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေး
ဆွေးနွေးမှုများ လုပ်ဆောင်ရေး၊ လုပ်ဆောင်နိုင်ရန်
အခြေခံစည်းမျဉ်းများကို
တိုင်းရင်းသားများ စုပေါင်း ရေးဆွဲ ဆွေးနွေးသွားရန် စီစဉ်ထားသည်ဟု
ဧရာဝတီ
သို့ ပြောသည်။
ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်ကမူ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေး
ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်ကမူ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေး
ထိုးပွဲ မတိုင်မီ တိုင်းရင်းသား ခေါင်းဆောင်များ တွေ့ဆုံပြီး
တောင်းဆိုရမည့် အချက်အလက်များ ညှိနှိုင်းပြီးမှ
သာ အပစ်အခတ်ရပ်စဲရေး လက်မှတ်
ရေးထိုးနိုင်မည်ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
တိုင်းရင်းသား အဖွဲ့အစည်းအားလုံးပါဝင်သော အစည်းအဝေးတရပ်ကို အောက်တိုဘာ ၂၉ရက်နေ့မှ ၃၁
တိုင်းရင်းသား အဖွဲ့အစည်းအားလုံးပါဝင်သော အစည်းအဝေးတရပ်ကို အောက်တိုဘာ ၂၉ရက်နေ့မှ ၃၁
ရက်နေ့အထိ ကေအိုင်အိုဌာနချုပ်၊ လိုင်ဇာတွင် ပြုလုပ်သွားမည်ဟု သိရှိရသည်။
ဧရာဝတီ , kolatt(PBDN)
RangonNewsDaily
ဧရာဝတီ , kolatt(PBDN)
RangonNewsDaily
0 comments:
Post a Comment