Pages

Thursday, October 3, 2013

စစ်ကိုင်းတိုင်းတွင် ဆိုင်ကယ်ဦးထုပ်မစောင်းသူများကို အရေးယူနေ လိုင်စင်မဲ့ဖြစ်ပါက ဆိုင်ကယ်ပါ သိမ်းဆည်းမည်

RangonNewsDaily:: October. 3 .2013
စစ်ကိုင်းတိုင်းမုံရွာမြို့တွင်ဆိုင်ကယ်မောင်းနှင်သူများအနေဖြင့် ဆိုင်ကယ်ဦးထုပ်မစောင်းပါကအရေးယူမည်

ဖြစ်ပြီး ဆိုင်ကယ်သည် လိုင်စင်မဲ့ဆိုင်ကယ်ဖြစ်ပါက သိမ်းယူသည်အထိ အရေးယူသွားမည်ဟု မုံရွာမြို့နယ် အမှတ်(၁၄) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူး ခင်ဇော်မြင့်က ပြောသည်။
ဆိုင်ကယ်ဦးထုပ်မစောင်း၍ အရေးယူမှုများ ပြုလုပ်ခဲ့ရာ စက်တင်ဘာလတွင် စစ်ကိုင်းတိုင်းအတွင်း လိုင်စင်မဲ့
ဆိုင်ကယ် ၂၄စီးအား ဖမ်းမိခဲ့သည်။ ထိုသို့ ဖမ်းဆီးမှုသည်မုံရွာခရိုင်အတွင်း၌ဆိုင်ကယ် ၁၄စီး၊ ကလေးကရိုင်
၌ ဆိုင်ကယ် ၉စီးနှင့် ကသာခရိုင်၌ ၁စီး စုစုပေါင်း ၂၄စီးကို အရေးယူထားသည်ဟု အမှတ်(၁၄) ယာဉ်ထိန်းရဲ
တပ်ဖွဲ့ခွဲ (မုံရွာ)ရုံးမှ သတင်းထုတ်ပြန်ထားသည်။

ထိုသို့အရေးယူခြင်းသည် ယာဉ်အသုံးပြုသူများမှ စည်းကမ်းလိုက်နာမှု ပိုမိုအားကောင်းရန် ဆောင်ရွက်
ရခြင်း

ဖြစ်သည်ဟု မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကြူအင်းက မဇ္ဈိမကို ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၌ ၂၀၁၃ ခုနှစ်အတွင်း ယာဉ်မှတ်ပုံတင် တရားဝင်ပြုလုပ်ထားသည့် ဆိုင်ကယ်အရေ

အတွက်မှာ(၃၉၁၂၆၁)စီးဖြစ်ကြောင်းတိုင်း(ကညန)ဒုတိယညွှန်ကြားရေးမှူးဦးသိန်းဟန်မှအတည်ပြုပြောကြား
သည်။

မုံရွာမြို့ပေါ်တွင် လိုင်စင်မဲ့ ဆိုင်ကယ်အရောင်းဆိုင်များ အများအပြားရှိပြီး နေ့စဉ်အရောင်း
အ၀ယ်ဖြစ်လျက်ရှိ

သည်ဟု ကျောက္ကာလမ်း ဆိုင်ကယ်ဝိုင်းမှ ၀ယ်ရောင်းပွဲစားတစ်ဦးက ပြောသည်။

ကိုတိုးကြီး
Mizzima - News , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment

 
world time