Pages

Sunday, October 6, 2013

မှတ်ကျောက်တင်ရမဲ့ ဒုက္ခတွေ

RangonNewsDaily:: October. 6 .2013
မြန်မာပြည်ကြီးကို သူ့အမေလင်တိုင်းပြည် အမှတ်နဲ့ ပြုတ်ပြုတ်ပြုန်းအောင် လုပ်ခဲ့တဲ့ သူခိုးကြီးနေ
ဝင်း သန်းရွှေ ခင်ညွန့် မောင်အေး ရွှေမန်းတို့ကို အပြစ်မယူရဲလောက်အောင် (ဦးသိန်းစိန်အပါအ
ဝင်) မြန်မာပြည်သားတွေကို အကြောက်တရား ထည့်ပေးခဲ့တဲ့ ဒင်းတို့ရဲ့ ပညာဥာဏ်တွေကို ချီးကျူး
လိုက်ပါရဲ့
မိုးပေါ်ထောင်မပစ်တတ်ဘူးဆိုတဲ့
လူကြီးပေါ့ဗျာ။
သူ မရှိတော့တာကြာပေါ့။

တစ်လောလေးမှ သူ့မြေး ထောင်ကလွတ်တယ်။
အမယ် လွတ်ပြီးမကြာခင် ကားလိုင်း ထောင်သတဲ့ဗျ။
ဟိုတယ်ကြီးလည်း လုပ်တယ်ဆိုလား။

ဘယ်လောက်တောင် ဘယ်နှစ်သက်သုံးမကုန်အောင်
ချန်ထားပါလိမ့်နော်။

အခု စာဖတ်နေသူကြီးပေါ့လေ။
သားသမီးမပြောနဲ့ အရွယ်ရောက်စ မြေးတော်လေးတောင်
ဒေါ်လာသိန်းချီတန် ကားနဲ့ဆိုလား။

ဘယ်ကရတဲ့ ပိုက်ဆံများလဲ … နော်?

ဒေါ်လာ ၁၁ဘီလျံကိစ္စလည်း မပြေသေး။
အဘ အဆင့်တွေမှာ ဆင်းရဲတဲ့သူရှိရင် ပြစမ်းပါ။

ဒါကိုတောင် လော်ဘီတွေက လုပ်လိုက်ကြသေးတယ်။
တိုင်းပြည်အတွက် စွန့်လွှတ်အနစ်နာခံနေကြတာ
တိုင်းပြည်အကျိုးအတွက် ကယ်တင်နေကြတာ … တဲ့။

ပုံပြင်တစ်ပုဒ်ကြားဘူးတယ်။
လာလှူထားတဲ့ ခဲဖွယ်ဘောဇဉ်တွေကို ဘုန်းတော်ကြီးက မြိန်မြိန်ကြီးသုံးဆောင်ရင်း
ပါးစပ်က ဒုက္ခ ဒုက္ခ အော်နေသတဲ့။

တစ်လုပ်စားလိုက် အင်း … ဒုက္ခ ဒုက္ခ
တစ်ဖဲ့ဝါးလိုက် အင်း … ဒုက္ခ ဒုက္ခ
တစ်ကိုက်မြိုလိုက် အင်း … ဒုက္ခ ဒုက္ခ

ကြာလာတော့
ကြည့်နေရတဲ့ ကပ္ပိယက မြင်ပြင်းကပ်လာတယ်။

တောက် အဲဒီလို ဒုက္ခမျိုးတော့ ခံချင်စမ်းပဗျာ
နေရာချင်းလဲချင်ပါရဲ့ … တဲ့။

ကိုယ်တွေလဲ
ဒီလိုအနစ်နာခံမှုမျိုး ဒီလိုပေးဆပ်မှုမျိုးနဲ့
တိုင်းပြည်ကို ကယ်တင်ချင်စမ်းပဗျာ။

သိပ်များများကြီးမဟုတ်ပါဘူး။
နေပြည်တော်က စင်တင်တွေမှာ ဗိုက်ပူကြီးတွေ ပန်းကုံးတက်စွပ်သလောက်လေး ဖြုန်းနိုင်ရင် တော်ပါပြီ။

ဟို ပုံပြင်ထဲက ဘုန်းတော်ကြီး ဒုက္ခ ဒုက္ခ အော်သလို
ကိုယ်တွေလဲ …
တစ်လုပ်စားလိုက် ပေးဆပ်နေတာကွ။
တစ်ဖဲ့ဝါးလိုက် စွန့်လွှတ်အနစ်နာခံနေတာကွ။
တစ်ကိုက်မြိုလိုက် ကယ်တင်နေတာကွ။
အဲဒီလိုလေးကြွေးကြော်ရင်း
တိုင်းပြည်အတွက်
အလုပ်ကျွေးပြုနေချင်လိုက်တာ ဟဲ ဟဲ

Thorn Nay Soe::--RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment

 
world time