skip to main |
skip to sidebar
ဖိုးလပြည့်နဲ့ စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်ရဲ့သားအပါအဝင် ၁၁ ဦးက သူရိယ သတင်းဂျာနယ်တိုက်မှကွန်ပျူတာကို ဝင်သိမ်း
2:57 PM
Kolatt
RangonNewsDaily:: October. 19 .2013
ဦးသန်းရွှေ မြေး ဖိုးလပြည့်နဲ့ စီးပွားကူးသန်းဝန်ကြီး
ဦးဝင်းမြင့်ရဲ့သားအပါအဝင် ၁၁ ဦးက သူရိယ သတင်းဂျာနယ်တိုက်မှ ကွန်ပျူတာကို
ဝင်သိမ်းသွားကြောင်းသတင်းရရှိပါတယ်.အပေါ်ကပုံကြောင့်
အငြိုးထားလေသလော...အသိမ်းခံရတာ ကွန်ပျူတာ တစ်လုံးမဟုတ်ပါဘူး။ ၁၄လုံးပါ။
ရုံးက CCTV ကို A4 စာရွက်နဲ့အုပ်ပြီးလုပ်သွားတယ်လို့ ပြောပါတယ်။
ကဲ ၊ ဘယ်လိုတိုင်းပြည်လဲဗျာ။လက်ရှိအုပ်ချုပ်နေတဲ့လူတွေ ကို ရှိတယ်လို့ တောင်မထင်ကြပုံများ။ မြို့လည်ခေါင် အထင်ကရ hotel ကြီးမှာ တည်းရင်းခိုရင်းဗုံးထောင်သွားတဲ့သူကထောင်။
ခုလည်း နာမည်ကျော် လမ်းမတော်ဖိုးလပြည့် နဲ့ အဖွဲ့ ကမ္ကာအေး က သူရိယ
သတင်းစာ တိုက်ကို ည ၁နာရီလောက်က လူအုပ်နဲ့ ဝင်စီးနင်းပြီး ကွန်ပြူတာ
တစ်လုံးကို ယူဆောင်သွားလို့ ဆိုပဲ ။ ဝန်ကြီးသားတစ်ယောက်လည်းပါသေးတယ်
လို့ သူရိယ စာစောင်ကိုဦးစီး ထုတ်လုပ်သူ ကိုမိုးဟိန်း က သူနဲ့
နီးစပ်ရာ နိုင်ငံရေး အသိုင်းအဝိုင်းကို အကြောင်းကြားလာပါတယ်။
တကယ်မှန်တယ်ဆိုရင်တော့ ၊ ဒီကနေ ရှေ့
Hotel တွေ၊ စားသောက်ဆိုင် တွေ အပြင် မီဒီယာရုံးခန်း တွေပါ လူရမ်းကားတွေ
ရဲ့ ခြိမ်းခြောက် မှု အန္တရယ်တော့ရှိနေပြီ မို့ တခြားအလုပ်ကလေး
ပြောင်းလုပ်ရကောင်းမလား စဉ်းစားနေရ ပြီမိတ်ဆွေတို့ ရေ။
(သီဟသွေး)
0 comments:
Post a Comment