skip to main |
skip to sidebar
နိုင်ငံရေး အကျဉ်းသားများ အပြီးသတ် လွတ်မြောက်ရေး အမှုတွဲများ ဒီဇင်ဘာလတွင် အသေးစိတ် စစ်ဆေးမည်
11:26 AM
Kolatt
RangonNewsDaily:: October. 13 .2013
အကျဉ်းထောင်များတွင် ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားများ
ဒီဇင်ဘာလအတွင်း လွတ်မြောက်ရေးအတွက် အမှုတွဲများကို အသေးစိတ် စစ်ဆေးမည်
ဖြစ်ကြောင်း လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီဝင် ဦးရဲအောင်က
ပြောကြားသည်။ နိုင်ငံရေး
အကျဉ်းသားများ အကြွင်းမဲ့ လွတ်မြောက်ရေး အောက်တိုဘာ ၁၂ ရက်၌ မြန်မာ
ငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center) တွင် ကျင်းပသော လက်ကျန်
နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီ အစည်းအဝေးတွင် ၎င်းက ယင်းသို့
ပြောကြားခြင်း ဖြစ်သည်။
လက်ကျန်နိုင်ငံရေး အကျဉ်းသားများ
ဒီဇင်ဘာလတွင် အပြီးသတ် လွတ်မြောက်ရေးအတွက် သက်ဆိုင်ရာ တရားရုံးများရှိ
အကျဉ်းသားများ၏ အမှုတွဲများကို အသေးစိတ် စစ်ဆေးမည် ဖြစ်ကြောင်း ဦးရဲအောင်က
ပြောကြားသည်။
“ကျွန်တော်တိုဘက်က ဒီဇင်ဘာအမီ စိစစ်မယ်။ လွှတ်တာ မလွှတ်တာကတော့ စောင့်ကြည့်ရမယ့် အပိုင်းပါ” ဟု ၎င်းကဆိုသည်။
အကျဉ်းထောင်များအတွင်း နိုင်ငံရေး အကျဉ်းသားများ အားလုံးကို
ယခုနှစ်ကုန်ပိုင်းတွင် အကြွင်းမဲ့ လွှတ်ပေးမည် ဖြစ်ကြောင်း ဥရောပ
ခရီးစဉ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားထားသော်လည်း အစိုးရသစ်
လက်ထက်တွင် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများကို ထပ်မံဖမ်းဆီး
အကျဉ်းချမှုများ ရှိနေသောကြောင့် နိုင်ငံရေး အကျဉ်းသားများအားလုံး
လွတ်မြောက်ရေးမှာ မဖြစ်နိုင်သေးကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်
ပြောဆိုထားသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်ထက်တွင်
နိုင်ငံရေး အကျဉ်းသားများကို နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၁၂
ကြိမ်လွှတ်ပေးခဲ့ကာ အကျဉ်းသား ၁၀၀၀ ကျော် လွတ်မြောက်ခဲ့ပြီး
အကျဉ်းထောင်များအတွင်း ၁၃၀ ကျော် ကျန်ရှိနေသေးကြောင်း နိုင်ငံရေး
အကျဉ်းသားဟောင်း များအဖွဲ့ ထုတ်ပြန်ချက်များအရ သိရသည်။
The Voice ::-- kolatt(PBDN)
RangonNewsDaily
world time
0 comments:
Post a Comment