RangonNewsDaily:: October. 1.2013
၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ GDP
တစ်ဦး ကျဝင်ငွေတိုးတက်မှုမှာ ဒေါ်လာ ၃၂ဝဝကျော်အထိမြင့် တက်လာ နိုင်ကြောင်း
အာရှဖွံ့ဖြိုး ရေးဘဏ်အဖွဲ့အစည်းဖြစ်သည့် ADBI (Asian Development Bank
Institute) ၏ထုတ်ပြန် ချက်များအရသိရသည်။၂၀၁ဝပြည့်နှစ် မြန်မာနိုင်ငံ ၏ တစ်ဦးကျဝင်ငွေမှာ ၇၁၄ ဒေါ် လာသာရှိနေရာ မှ
လက်ရှိဖြစ် ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး လုပ်ဆောင်ချက်များနှင့်
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတိုးတက်မှုအပေါ် မူတည်ကာ မြင့်တက်လာဖွယ် ရှိ ကြောင်း ယင်းထုတ်ပြန်ချက် အရ သိရသည်။
လက်ရှိမြန်မာနိုင်ငံ၏ နှစ် စဉ် GDP တိုးတက်မှုမှာ ရဒသမ ၈၁ ရာခိုင်နှုန်း
အထိရှိနေရာ လာ မည့်ဆယ်စုနှစ်နှစ်ခုအတွင်း GDP တစ်ဦးကျဝင်ငွေမှာ ယင်းပမာဏ
အထိရောက်လာမည်ဖြစ်သည်ဟု ယခုရက်ပိုင်းအတွင်းက ADBI
ထုတ်ပြန်ချက်စာရင်းများအရ သိ ရသည်။
စီးပွားရေးပညာရှင်ဦးလှ မောင်က
''တစ်ဦးကျဝင်ငွေ တိုး တက်မှုကို တွက်ချက်ပြော မယ်ဆို ရင် GDP per capital
ပါတဲ့အ တွက် စုစုပေါင်းပြည် တွင်း ထုတ် လုပ်မှုကို လူဦးရေနဲ့စားတာဆို
တဲ့အတွက် တိုးတက်လာမယ့်လူဦး ရေ ကိုထည့်တွက်ထားဖို့လိုတယ်။
အခု ၇၀၀ ကျော်ကနေ လေးဆ လောက်တက်ဖို့ဆိုရင် တရုတ်နိုင်ငံ လိုခုန်ပျံကျော်လွှားသွားနိုင်ဖို့လို
တယ်။ နောက်တစ်ချက်က ကိုယ့် နိုင်ငံက အဲလောက်တိုးတက်တဲ့ အချိန်မှာ
တခြားပတ်ဝန်းကျင် နိုင်ငံတွေရဲ့ မြင့်တက် လာမှုကိုလဲ ယှဉ်ကြည့်မှ
စီးပွားရေးအမှန်တ ကယ်တိုးတက်တယ်လို့ ပြောလို့ ရ မယ်''ဟု ဆိုသည်။
မြန်မာနိုင်ငံ၏ တစ်ဦးကျ ဝင်ငွေတိုးတက်မှုမှာ ၃၂၁၆ ဒေါ် လာဖြစ်ပြီး
လာအိုနိုင်ငံမှာ ၃၆၂၂ ဒေါ်လာ၊ ဗီယက်နမ်နိုင်ငံမှာ ၄၃၃၆ ဒေါ်လာ၊
ကမ္ဘောဒီးယားနိုင်ငံမှာ ၂၉၃၃ ဒေါ်လာ၊ ဖိလစ်ပိုင်နိုင်ငံမှာ ၅၀၃၄ ဒေါ်လာ၊
အင်ဒိုနီးရှားနိုင်ငံ မှာ ၁၀၅၈၁ ဒေါ်လာ၊ ထိုင်းနိုင်ငံ မှာ ၁၄၂၀၄ဒေါ်လာ၊
မလေးရှား နိုင်ငံမှာ ဒေါ်လာ၂၄၇၈၀၊ စင်ကာ ပူနိုင်ငံမှာ ဒေါ်လာ ၇၉၃၀၀၊ ဘရူ
နိုင်းဒါရူဆလန်နိုင်ငံမှာ ၇၅၄၃၂ ဒေါ်လာအထိအသီးသီး ရှိလာမည် ဖြစ်ကြောင်း
ဖော်ပြထားသည်။
ယင်းထုတ်ပြန်ချက်အရ အာဆီယံ၏ ရှေ့ဆောင်ဖွံ့ဖြိုးပြီး
နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုမှာ တည်ငြိမ်သောစီးပွား ရေး
အခြေများ ရှိနေခြင်းကြောင့် ဖြစ်ပြီး ဖွံ့ဖြိုးမှုနည်းပါးသော CLMV ဟုခေါ်သည့်
ကမ္ဘောဒီးယား၊ လာ အို၊ မြန်မာ၊ ဗီယက်နမ်တို့၏ဖော် ပြပါစီးပွားရေး
တိုးတက်မှုနှုန်း ရောက်ရှိရန်အတွက်ဆိုလျှင် နိုင်ငံ တွင်း
နယ်ပယ်အသီးသီး၏ဖွံ့ဖြိုးမှု ကျဉ်းမြောင်းမှုလုပ်ဆောင် ရန်မှာ
အဓိကစိန်ခေါ်ချက်ဖြစ်ကြောင်း ဖော်ပြထားသည်။
(ERIA) Economic
Research Institute for Asean and East Asia အာဆီယံနှင့် အရှေ့
အာရှစီးပွား ရေးသုတေသနဌာန ဥက္ကဋ္ဌ Dr Hank Lim က ''မြန်မာ
နိုင်ငံရဲ့စီးပွားရေးမှာ ဝင်ရောက် မြှုပ်နှံဖို့ ကမ္ဘာ့စီးပွားရေးလုပ်ငန်း
ရှင်တွေ စိတ်ဝင်စားနေတဲ့အချိန် မှာ အဓိကတည်ငြိမ်မှုရှိအောင်
ထိန်းထားနိုင်ဖို့လိုတယ်။ ဒါကိုနိုင်ငံ ဦးဆောင်တဲ့သူတွေက ပူးပေါင်း
ဆောင်ရွက်နိုင်မယ်ဆိုရင် အာရှ နိုင်ငံတွေထဲမှာ နောက်ကျန်နေ တယ်ဆိုပေမယ့်
ဒါကိုအသုံးချပြီး သေချာလုပ်ကိုင်မယ်ဆိုရင် တိုး တက်ဖို့ အများကြီးအလားအလာ
ရှိတယ်''ဟု ဆိုသည်။
လက်ရှိမြန်မာနိုင်ငံ၏ နှစ် စဉ် GDP တိုးတက်မှုမှာ ရဒသမ ၈၁ ရာခိုင်နှုန်း အထိရှိနေရာ လာ မည့်ဆယ်စုနှစ်နှစ်ခုအတွင်း GDP တစ်ဦးကျဝင်ငွေမှာ ယင်းပမာဏ အထိရောက်လာမည်ဖြစ်သည်ဟု ယခုရက်ပိုင်းအတွင်းက ADBI ထုတ်ပြန်ချက်စာရင်းများအရ သိ ရသည်။
စီးပွားရေးပညာရှင်ဦးလှ မောင်က ''တစ်ဦးကျဝင်ငွေ တိုး တက်မှုကို တွက်ချက်ပြော မယ်ဆို ရင် GDP per capital ပါတဲ့အ တွက် စုစုပေါင်းပြည် တွင်း ထုတ် လုပ်မှုကို လူဦးရေနဲ့စားတာဆို တဲ့အတွက် တိုးတက်လာမယ့်လူဦး ရေ ကိုထည့်တွက်ထားဖို့လိုတယ်။
အခု ၇၀၀ ကျော်ကနေ လေးဆ လောက်တက်ဖို့ဆိုရင် တရုတ်နိုင်ငံ လိုခုန်ပျံကျော်လွှားသွားနိုင်ဖိ
မြန်မာနိုင်ငံ၏ တစ်ဦးကျ ဝင်ငွေတိုးတက်မှုမှာ ၃၂၁၆ ဒေါ် လာဖြစ်ပြီး လာအိုနိုင်ငံမှာ ၃၆၂၂ ဒေါ်လာ၊ ဗီယက်နမ်နိုင်ငံမှာ ၄၃၃၆ ဒေါ်လာ၊ ကမ္ဘောဒီးယားနိုင်ငံမှာ ၂၉၃၃ ဒေါ်လာ၊ ဖိလစ်ပိုင်နိုင်ငံမှာ ၅၀၃၄ ဒေါ်လာ၊ အင်ဒိုနီးရှားနိုင်ငံ မှာ ၁၀၅၈၁ ဒေါ်လာ၊ ထိုင်းနိုင်ငံ မှာ ၁၄၂၀၄ဒေါ်လာ၊ မလေးရှား နိုင်ငံမှာ ဒေါ်လာ၂၄၇၈၀၊ စင်ကာ ပူနိုင်ငံမှာ ဒေါ်လာ ၇၉၃၀၀၊ ဘရူ နိုင်းဒါရူဆလန်နိုင်ငံမှာ ၇၅၄၃၂ ဒေါ်လာအထိအသီးသီး ရှိလာမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ယင်းထုတ်ပြန်ချက်အရ အာဆီယံ၏ ရှေ့ဆောင်ဖွံ့ဖြိုးပြီး နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုမှာ တည်ငြိမ်သောစီးပွား ရေး အခြေများ ရှိနေခြင်းကြောင့် ဖြစ်ပြီး ဖွံ့ဖြိုးမှုနည်းပါးသော CLMV ဟုခေါ်သည့် ကမ္ဘောဒီးယား၊ လာ အို၊ မြန်မာ၊ ဗီယက်နမ်တို့၏ဖော် ပြပါစီးပွားရေး တိုးတက်မှုနှုန်း ရောက်ရှိရန်အတွက်ဆိုလျှင် နိုင်ငံ တွင်း နယ်ပယ်အသီးသီး၏ဖွံ့ဖြိုးမှု ကျဉ်းမြောင်းမှုလုပ်ဆောင် ရန်မှာ အဓိကစိန်ခေါ်ချက်ဖြစ်ကြောင်း ဖော်ပြထားသည်။
(ERIA) Economic Research Institute for Asean and East Asia အာဆီယံနှင့် အရှေ့ အာရှစီးပွား ရေးသုတေသနဌာန ဥက္ကဋ္ဌ Dr Hank Lim က ''မြန်မာ နိုင်ငံရဲ့စီးပွားရေးမှာ ဝင်ရောက် မြှုပ်နှံဖို့ ကမ္ဘာ့စီးပွားရေးလုပ်ငန်း ရှင်တွေ စိတ်ဝင်စားနေတဲ့အချိန် မှာ အဓိကတည်ငြိမ်မှုရှိအောင် ထိန်းထားနိုင်ဖို့လိုတယ်။ ဒါကိုနိုင်ငံ ဦးဆောင်တဲ့သူတွေက ပူးပေါင်း ဆောင်ရွက်နိုင်မယ်ဆိုရင် အာရှ နိုင်ငံတွေထဲမှာ နောက်ကျန်နေ တယ်ဆိုပေမယ့် ဒါကိုအသုံးချပြီး သေချာလုပ်ကိုင်မယ်ဆိုရင် တိုး တက်ဖို့ အများကြီးအလားအလာ ရှိတယ်''ဟု ဆိုသည်။
0 comments:
Post a Comment