RangonNewsDaily:: September 28, 2013
ကိုယ်ဝန်တားဆေးMarvelon(မာဗယ်လွန်)အကြောင်းသိကောင်းစရာများကိုဆရာ ဒေါက်တာတင့်ဆွေရဲ့ရှင်း
လင်းချက်များနှင့်အတူဖော်ပြပေးလိုက်ပါတယ်။ဆရာရှင့် သမီး Mevalon 28 ကို ၂ နှစ်လောက် သောက်ခဲ့ပါတယ်။ အရင်လက ၅
ရက်နေ့မှာ ရာသီစလာ ပါတယ်။ အဲဒီနောက် ဆေးမသောက်ဘဲ ဖြတ်လိုက်ပါတယ်။
အမျိုးသားကလည်း နိုင်ငံခြားထွက်သွားလို့ပါ။ အခု ၉ ရက်နေ့ စက်တင်ဘာလအထိ
ရာသီမလာလို့ပါဆရာ။ တားဆေးတွေသောက်ပြီး ဖြတ်လိုက်ရင် မလာဘဲဖြစ်တတ်ပါသလား။
ဘာဆေးသောက်ရပါမလဲဆရာ။ မလာတာက ဘယ်နှစ်လလောက် မလာဘဲ နေပါသလဲဆရာ။
• Marvelon (Desogestrel - Ethinyl estradiol) ထဲမှာ Estrogen နဲ့
Progestin ဟော်မုန်း ၂ မျိုးပါတယ်။ 21-day pack ၂၁ လုံးပါကပ်နဲ့ 28-day
pack ၂၈ လုံးပါတာရှိတယ်။
• Marvelon 21 ထဲမှာ Desogestrel 0.15 mg နဲ့ Ethinyl estradiol 0.03 mg ပါတယ်။
• Marvelon 28 ထဲမှာ အဲဒါတွေအပြင် Hydroxypropyl methylcellulose,
Indigotine blue, Iron oxide, Lactose, Magnesium stearate, Polyethylene
glycol, Starch, Titanium dioxide နဲ့ Talc တွေပါတဲ့ ဆေး ၇ လုံးပါတယ်။
• ရာသီစလာတဲ့နေ့ကို ပဌမနေ့အဖြစ် မှတ်ပြီး၊ ဆေးစသောက်ပါ။ နေ့စဉ် ၁ လုံးကျ၊ ဖြစ်နိုင်သ၍ ဆေးသောက်ချိန် မှန်ပါစေ။
• တရက်ဆေးသာက်ဘို့ မေ့ရင် နောက်နေ့မှာ ၂ လုံးတွဲသောက်ပါ။
• ရာသီလာပြီး ဒုတိယပတ်အတွင်းမှာ ဆေးသောက်ဘို့ ၂ ရက်မေ့သွားရင် ၂
လုံးတွဲသောက်ပြီး၊ အရံ အတားနည်း တခုခု ဥပမာ (ကွန်ဒွမ်) သုံးတာနဲ့
သုက်ပိုးသေဆေးသုံးတာကို ၇ ရက်ကြာလုပ်ပါ။
• ရာသီလာပြီး တတိယပတ်အတွင်းမှာ ဆေးသောက်ဘို့ ၂ ရက်မေ့သွားရင် ဆေးစသောက်
နေကြရက် အထိ တရက် ၁ လုံး သောက်ပြီးနောက်၊ ဆေးကပ်သစ် စသောက်ပါ။
• ဆေးသောက်နေကြရက်ဆိုတာ မှတ်ရတာလွယ်အောင် ကိုယ့်ဖါသာ အကျင့်လုပ်ထားတာကိုဆိုလိုတယ်။ အများအားဖြင့် တနင်္ဂနွေမှာ စသောက်ကြလေ့ရှိတယ်။
• တကယ်လို့ တတိယပတ်မှာ ဆေးသောက်ဘို့ ၂ ရက်ဆက်မေ့သွားရင် ဒါမှမဟုတ်
ဘယ်ရက်သတ္တ ပတ်မှာဖြစ်ဖြစ် ဆေးသောက်တာ ၃ ရက်၊ ဒါမှမဟုတ် ၃ ရက်မက မေ့သွားရင်
ကျန်တဲ့ဆေးကပ်ကို ဆက်မသောက်ဘဲ၊ ဆေးကပ်သစ် စသောက်ပါ။ တပြိုင်နက်တည်းမှာ ၇
ရက်တာ အရံတားနည်း တခုခုသုံး ပါ။ အဲဒီလမှာ ရာသီ မလာဘဲနေတာ ဖြစ်နိုင်တယ်။
• တကယ်လို့ ရာသီမလာတာ ၂ လ ဖြစ်လာရင် ကိုယ်ဝန် ရှိ-မရှိစစ်ပါ။
• ဆေးကို (အလားဂျစ်) ဖြစ်သူ၊ ကိုယ်ဝန်ရှိနေသူ၊ အသဲရောဂါရှိနေသူ၊ မျက်စိ
သွေးကြောရောဂါရှိသူ၊ နှလုံး (အတက်) ရဘူးသူ၊ အီစထိုဂျင်သက်ရောက်မှုရှိတဲ့
ဥပမာ ရင်သားကင်ဆာရှိသူ၊ သွေးကြောပိတ်ရောဂါရှိသူ၊ အသဲကင်ဆာ၊
နှလုံး-ဦးနှောက် သွေးကြောပိတ်ဘူးသူ၊ မိုင်ဂရင်းရောဂါရှိသူ၊
သရက်ရွက်ရောင်နေသူ၊ အသဲရောင် အသားဝါရှိနေသူ၊ မွေးလမ်းကနေသွေးဆင်းတာ
အကြောင်းရှာမရသူတွေ ဒီဆေးမသောက် သင့်ပါ။
• ဝမ်းလျှောနေတာ၊ အန်တာ၊ ပိုးသေဆေးသောက်ထားရင် ဆေးထိရောက်မှုကို
သက်ရောက်နိုင်တယ်။ ကိုယ်အလေးချိန်သိပ်များသူတွေမှာလဲ
ထိရောက်မှုနည်းနိုင်တယ်။
• ဆေးသောက်ဘူးကာစ ၃ လလောက်မှာ ကြားရက်သွေးဆင်းတာ၊ ဗိုက်အောင့်တာ၊ ဘေးထွက်ဆိုးကျိုး ပိုခံရတတ်တယ်။
• ဘေးထွက်-ဆိုးကျိုးများ = ရင်သား ကြီး-တင်း-နာ၊ နို့ရည်ထွက်၊
ဗဂျိုင်းနားစို၊ ကိုယ်အလေးချိန်တက်၊ စိတ် ကျ၊ စိတ်မူပြောင်း၊
စိတ်ကမခိုင်းလဲကိုယ်လှုတ်၊ ဝမ်းပျက်၊ ပျို့၊ အန်၊ ကိုယ်ရောင်၊ ခေါင်းကိုက်၊
မျက်ကပ်မှန် အဆင်မပြေဖြစ်၊ အသားဝါ၊ ရာသီမမှန်၊ သွေးဖိအားတက်၊ ဆီးချိုတက်၊
အရေပြားအနီပြင်ထွက်၊ ဗဂျိုင်းနား ပိုးဝင်။
WebMD Health News ၂၇-၉-၂ဝဝ၂ သတင်းတပုဒ်မှာ တားဆေး ကြာကြာသောက်ခဲ့တဲ့
အမျိုးသမီးတွေ မှာ ဆေး ဖြတ်လိုက်ရင် သူများတွေထက် ကလေးပြန်ရတာ ပိုတောင်မှ
လွယ်ကြသေးတယ်လို့ ပါခဲ့တယ်။ သုတေသန လုပ်သူတွေက အင်္ဂလန်မှာ ၁၉၉ဝ
ကျော်ကာလတွေတုံးက ကလေးရချင်နေသူပေါင်း ၈၅ဝဝ ကို လေ့လာခဲ့တာဖြစ်တယ်။
တားဆေး ၅
နှစ်ကြာသောက်ခဲ့သူတွေထဲက ၇၅့၎% ဟာ နောက် ၆ လ အတွင်း ကိုယ်ဝန်
ပြန်ဆောင်ကြတယ်။ တားဆေးမသောက်သူတွေထဲက ၇ဝ့၅% ကသာ အဲလိုဖြစ်တယ်။
နောက်တနှစ်အထိ စောင့်ရတဲ့ ကိန်းဂဏန်းမှာလဲ အတူတူဖြစ်နေပြန်တယ်။
ဆေးသောက်ခဲ့သူ ၈၉့၅% က ကလေးရပြီး၊ တားဆေးမသောက်ခဲ့သူတွေထဲက ၈၅့၎% သာ
ကလေးရလာကြတယ်။
ကိုယ်ဝန်တား ဟော်မုန်းပါ စားဆေးသောက်တာ ရပ်လိုက်တဲ့နောက် ဘယ်လောက်ကြာမှ ကိုယ်ဝန်ရနိုင် သလဲ။
• ကိုယ်ဝန်တား ဟော်မုန်း ၂ မျိုးတွဲပါ စားဆေး သုံးစွဲထားတဲ့
အမျိုးသမီးတွေကို ဆေးဖြတ်ပြီးနောက် ကလေးရနိုင်ခြေနဲ့ ပတ်သက်တဲ့ လေ့လာမှုတွေ
အများကြီးလုပ်ထားတယ်။
• ဂျာမန် တက္ကသိုလ်က အဖြေထုတ်တာကတော့ ဆေးဖြတ်ပြီးပြီးချင်း ပဌမလတွေမှာ
မ-မျိုးဥပြန်ထွက် လာနိုင်သူ ၅၇့၉% ရှိတယ်။ ၁ဝ့၂၄% မှာ အဲလိုမထွက်ဘူး။ အတူတူ
စမ်းသပ်ခဲ့တဲ့ ဆေးမသောက်သူ ထဲက ၃့၄၄% မှာလဲ မထွက်ဘူး။ တားဆေးသောက်ပြီး
ဖြတ်လိုက်သူတွေမှာ နောက်ပိုင်း ရာသီစက်ဝန်း ပိုရှည်တတ်တယ်။ အရင်လို
ပြန်ဖြစ်ဘို့ ၉ လအထိ ကြာနိုင်တယ်။
• တချို့မှာ စောင့်စရာမလိုပါ။ တချို့က ခဏစောင့်ရမယ်။ ရာသီလာတာ
ပုံမှန်ဖြစ်လာအောင် ထိန်းညှိနေ အုံးမယ်။ တချို့ တနှစ်လောက်
စောင့်ရနိုင်တယ်။ ဆေးရပ်လိုက်ပေမဲ့ ဆေးသတ္တိကျန်ေ နသေးအုံးမယ်။
ကိုယ်ဝန်ရဘို့ ပျမ်းမျှ ၂-၃ လ ကြာ စောင့်ရတတ်တယ်။
• တားဆေး သောက်သူတွေထဲမှာ တခါမှ ကလေးမယူသေးသူနဲ့ အရင်ကလေးရှိဘူးသူ၊
နောက်ပြီး အသက်တွေက မတူကြဘူး။ ကလေးရဘူးသူတွေ နဂိုအနေပြန်ရောက်ဘို့
သူများထက် စောနိုင်တယ်။ ကလေးလဲမယူဘူးသေး၊ အသက်လဲ ၃ဝ-၃၅ နှစ်ဆိုသူတွေက
ရင်းစားပြန်ရဘို့ သူများတွေထက် ကြာနိုင် တယ်။
ဒေါက်တာတင့်ဆွေ
Today Myanmar , RangonNewsDaily
kolatt (Pabedan)
kolatt (Pabedan)
0 comments:
Post a Comment