Pages

Sunday, September 8, 2013

သင်္ဃန်းကျွန်းမြို့နယ်တွင် ရန်ပွဲအား ဖြန်ဖြေပေးရာမှ ဓါးထိုးမှုဖြစ်ပွား

RangonNewsDaily:: September 7, 2013

သင်္ဃန်းကျွန်း ဘောဂလမ်းအနီးတွင် ယနေ့ စက်တင်ဘာလ (၈) ရက်နေ့ ည (၈) နာရီ ၀န်းကျင် အချိန်က ဓား
ထိုးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါတယ်။ဖြစ်ပွားပုံမှာ တက္ကစီအငှားယာဉ်မောင်တစ်ဦး၏ ကားနှင့် စက်ဘီးစီးလာသည့် အမျိုးသမီးတစ်ဦးတို့ ပွတ်တိုက်မိ၍စက်ဘီးမှောက်သွားသည့်အမျိုးသမီးအားလူငယ်

တစ်ဦးမှဝင်ရောက်ကူညီစဉ် တက္ကစီ အငှားယာဉ်မောင်း
သူမှအမျိုးသမီးအားမဆင်မခြင် မောင်းသည်ဟု ပြောဆို၍ဆဲဆိုခြင်းကြောင့် ၀င်ရောက်ကူညီသည့် လူငယ်
က ဖြန်ဖြေစဉ် ထပ်မံဆဲဆိုခြင်းကြောင့် အသင့်ပါလာသည့် ဓားဖြင့် အငှားယာဉ်မောင်းသူ၏ ဗိုက်သို့ ထိုးသွင်း
ခဲ့ခြင်းကြောင့်၊ ယင်းဒဏ်ရာဖြင့် ဆေးရုံသို့ ပို့ဆောင်ထားရပြီး စိုးရိမ်စရာမရှိကြောင်း သိရပါတယ်။

အဆိုပါ ဓားထိုးမှုကျူးလွန်သူဟု စွတ်စွဲခံရသူ ပေါတီ (အသက် ၃၀ ၀န်းကျင်) မှာ ယခင်ကလည်း ဓားထိုးလူ

သတ်မှုများ ကျူးလွန်ခြင်းကြောင့် ထောင်ဒဏ်ကျခံထားရသူဖြစ်ပြီး လက်ဝယ်တွင် ဓားအသင့် ကိုင်ဆောင်လေ့
ရှိသူဖြစ်ပြီး တက္ကစီအငှားယာဉ်မောင်း၏ အမျိုးသမီးအပေါ် တစ်ဖက်စောင်းနင်း စော်ကားမှုကို မခံရပ်နိုင်၍ လက်မြန်ခြေမြန်ဖြင့် အသင့်ပါလာသည့် ဓားကို အသုံးပြုမိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ မျက်မြင်သက်သေများ
က ဆိုပါတယ်။

ဓားထိုးမှုကျူးလွန်သူကို သက်ဆိုင်ရာ ရဲဌာနမှ ချက်ချင်းဖမ်းဆီးထိန်းသိမ်းနိုင်ရန်အတွက် ရှာဖွေနေစဉ် ကာ

ယကံရှင်မှ စခန်းသို့ လာရောက်၍ အဖမ်းခံခဲ့ကြောင်း သိရပါသည်။

စော်ကားရန်စ စကားများ ပြောခံရသည့် အမျိုးသမီးမှာ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပြီး စော်ကားရန်လိုသည့် စကားပြောဆိုသူဟု စွတ်စွဲခံရသူ တက္ကစီအငှားယာဉ်မောင်းသည်လည်း ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ကြောင်း သိရပါတယ်။

၎င်းတို့နှစ်ဦး၏ အခြေအနေအား ၀င်ရောက်ဖြန်ဖြေပေးရင်း ဓားထိုးမှုကျူးလွန်မိသူမှာ အစ္စလာမ်ဘာသာ

ဝင်ဖြစ်နေခြင်းကြောင့် မြန်မာပြည်တွင် ဖြစ်ပွားနေကျ နောက်ဆက်တွဲ မွတ်စလင်မ်များအား အကြမ်းဖက်မှု
များ ပေါ်ပေါက်လာမည်ကို လေ့လာသူများက စိုးရိမ်နေကြတယ်လို့ အလင်းမျက်ဝန်းကို ပြောပါတယ်။

မကြာသေးမီကလည်း သင်္ဃန်းကျွန်းရှိ အစ္စလာမ်ဘာသာရေး စာသင်ကျောင်းတစ်ကျောင်းအား ညသန်းခေါင်

ယံအချိန်တွင် လမ်းပေါ်မှ ဖြတ်သန်းသွားသည့် ကားတစ်စီးမှ မီးတုတ်ဖြင့် ပစ်ခတ်ခဲ့သလို ယခုရက်ပိုင်းတွင်
လည်း သင်္ဃန်းကျွန်းနှင့် မင်္ဂလာတောင်ညွန့်ရှိ မွတ်စလင်မ်များအား ပစ်မှတ်ထား တိုက်ခိုက်မည်ဆိုသော သ
တင်းများ ထွက်ပေါ်နေခြင်းအပေါ် ယခုဖြစ်စဉ်ကိုလည်း ဒေသခံ အစ္စလာမ်ဘာသာဝင်များအနေဖြင့် စိုးရိမ်၍ သတိကြီးစွာ စောင့်ကြည့်နေကြရတယ်လို့ သိရပါတယ်။

အလင်းမျက်ဝန်း , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment

 
world time