Pages

Sunday, September 29, 2013

မိမိအသင်းသည် ချန်ပီယံလမ်းကြောင်းပေါ်တွင် ရှိနေသေးကြောင်း မန်စီးတီးမန်နေဂျာ ပြောကြား

Photo: မိမိအသင်းသည် ချန်ပီယံလမ်းကြောင်းပေါ်တွင် ရှိနေသေးကြောင်း မန်စီးတီးမန်နေဂျာ ပြောကြား
Sunday, September 29, 2013

အက်စ်တွန်ဗီလာကို နှစ်ကြိမ်တိုင် ဦးဆောင်နိုင်ခဲ့ပြီးနောက် ရှုံးနိမ့်ခဲ့သည့်အတွက် စိတ်ပျက်မိကြောင်းနှင့် မိမိ၏ အသင်းသည် ချန်ပီယံ လမ်းကြောင်းပေါ်မှ သွေဖည်သွားခြင်း မရှိသေးကြောင်း မန်ချက်စတာစီးတီး မန်နေဂျာ မန်နျူရယ် ပယ်လီဂရီနီက ပြောကြားလိုက်သည်။

အဆိုပါပွဲတွင် မန်ချက်စတာစီးတီးသည် အက်စ်တွန်ဗီလာကို နှစ်ကြိမ်တိုင်တိုင် ဦးဆောင် ကစားနိုင်ခဲ့သော်လည်း ဘာကူနာ၊ အယ်လ်အာမဒီနှင့် ၀ီမန်တို့၏ သွင်းဂိုးများဖြင့် ရှုံးနိမ့်ခဲ့ရသည်။

သို့သော်လည်း မိမိ၏ အသင်းသည် ချန်ပီယံ လမ်းကြောင်းပေါ်မှ သွေဖည်သွားခြင်း မရှိသေးကြောင်းနှင့် အဲဗာတန်နှင့် ပွဲမှစတင်ကာ နိုင်ပွဲများရရှိနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း မန်ချက်စတာစီးတီး မန်နေဂျာက ဖွင့်ဟခဲ့သည်။

“အခုအချိန်မှာ ချန်ပီယံဆုဖလားထက် ပွဲစဉ်တိုင်း နိုင်ပွဲတွေ ရရှိနိုင်ဖို့အတွက် စဉ်းစားနေပါတယ်။ အသင်းရဲ့ခြေစွမ်းကိုသာ ထိန်းသိမ်းထားနိုင်မယ်ဆိုရင် ကျွန်တော်တို့ ရည်မှန်းထားတဲ့ ပန်းတိုင်ကို ရောက်ရှိမှာ အသေအချာပါပဲ” ဟု ပယ်လီဂရီနီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဆက်လက်ပြီး ၎င်းက“ကျွန်တော်တို့ဟာ အက်စ်တွန်ဗီလာနဲ့ ပွဲမှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးရခဲ့သလို အခွင့်အရေးတွေကိုလည်း ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အသင်းဟာ ရရှိတဲ့ အခွင့်အရေးတွေကို အသုံးမချ နိုင်ခဲ့ပါဘူး။ နှစ်ကြိမ်တိတိ ဦးဆောင်နိုင်ခဲ့ပေမယ့် နှစ်ကြိမ်တိတိ စိတ်ပျက်ခဲ့ရပါတယ်” ဟု ပြောကြားသွားခဲ့သည်။

Soccer Myanmar

RangonNewsDaily:: September 29, 2013

အက်စ်တွန်ဗီလာကို နှစ်ကြိမ်တိုင် ဦးဆောင်နိုင်ခဲ့ပြီးနောက် ရှုံးနိမ့်ခဲ့သည့်အတွက် စိတ်ပျက်မိကြောင်းနှင့် မိမိ၏ အသင်းသည် ချန်ပီယံ လမ်းကြောင်းပေါ်မှ သွေဖည်သွားခြင်း မရှိသေးကြောင်း မန်ချက်စတာစီးတီး မန်နေဂျာ မန်နျူရယ် ပယ်လီဂရီနီက ပြောကြားလိုက်သည်။ အဆိုပါပွဲတွင် မန်ချက်စတာစီးတီးသည် အက်စ်တွန်ဗီလာကို နှစ်ကြိမ်တိုင်တိုင် ဦးဆောင် ကစားနိုင်ခဲ့သော်လည်း ဘာကူနာ၊ အယ်လ်အာမဒီနှင့် ၀ီမန်တို့၏ သွင်းဂိုးများဖြင့် ရှုံးနိမ့်ခဲ့ရသည်။

သို့သော်လည်း မိမိ၏ အသင်းသည် ချန်ပီယံ လမ်းကြောင်းပေါ်မှ သွေဖည်သွားခြင်း မရှိသေးကြောင်းနှင့် အဲဗာတန်နှင့် ပွဲမှစတင်ကာ နိုင်ပွဲများရရှိနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း မန်ချက်စတာစီးတီး မန်နေဂျာက ဖွင့်ဟခဲ့သည်။

“အခုအချိန်မှာ ချန်ပီယံဆုဖလားထက် ပွဲစဉ်တိုင်း နိုင်ပွဲတွေ ရရှိနိုင်ဖို့အတွက် စဉ်းစားနေပါတယ်။ အသင်းရဲ့ခြေစွမ်းကိုသာ ထိန်းသိမ်းထားနိုင်မယ်ဆိုရင် ကျွန်တော်တို့ ရည်မှန်းထားတဲ့ ပန်းတိုင်ကို ရောက်ရှိမှာ အသေအချာပါပဲ” ဟု ပယ်လီဂရီနီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဆက်လက်ပြီး ၎င်းက“ကျွန်တော်တို့ဟာ အက်စ်တွန်ဗီလာနဲ့ ပွဲမှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးရခဲ့သလို အခွင့်အရေးတွေကိုလည်း ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အသင်းဟာ ရရှိတဲ့ အခွင့်အရေးတွေကို အသုံးမချ နိုင်ခဲ့ပါဘူး။ နှစ်ကြိမ်တိတိ ဦးဆောင်နိုင်ခဲ့ပေမယ့် နှစ်ကြိမ်တိတိ စိတ်ပျက်ခဲ့ရပါတယ်” ဟု ပြောကြားသွားခဲ့သည်။

Soccer Myanmar , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment

 
world time