skip to main |
skip to sidebar
ဦးသန်းရွှေနှင့်ကျောက်ဆည်မှ ငယ်သူငယ်ချင်း ၃ယောက်
2:26 PM
Kolatt
RangonNewsDaily:: September 27, 2013
၂၀၀၅ ခုနှစ်လောက်ကဖြစ်မည်
ဦးသန်းရွှေက သူ့ မွေးရပ်ဇာတိဖြစ်သော ကျောက်ဆည်မြို့သို့ ခေတ္တပြန်ရာ ငယ်သူငယ်ချင်း ၃ယောက် က လာနှုတ်ဆက်သည် ၊အဝတ်နွမ်းများ ဝတ်လာသော ထို သူငယ်ချင်း ၃ ယောက်ကို ကြည့်ပြီး ဦးသန်းရွှေ မသက်မသာဖြစ်နေပုံရသည် ၊
" ကဲ ငါ့သူငယ်ချင်းတွေကြည့်ရတာ သိပ်အဆင်ပြေပုံမပေါ်ဘူး ၊
ငါလဲသိပ်အားလှတယ်မရှိဘူး ၊ မင်းတို့ကို အဆင်ပြေတာတွေ့ချင်တယ် ၊ ဟောဒီမှာ
ငါ့ပီအက်စ်အို စိုးရှိန် ကို မင်းတို့ လိုတာသာပြော သူ ကူညီလိမ့်မယ် ၊
စိုးရှိန်ကလည်း သူတို့ပြောတာ လုပ်ပေးလိုက် ကြားလား "
" ဟုတ်ကဲ့ ၊ တပ်ချုပ် "
::
သို့နှင့် နေပြည်တော် ပြန်ရောက်သော် ဦးသန်းရွှေက ဗိုလ်ချုပ်စိုးရှိန်ကိုမေး၏
" စိုးရှိန်ရေ့ ၊ ငါ့သူငယ်ချင်းတွေ ဘာတောင်းသွားသလဲကွ "
" ဟုတ်တပ်ချုပ် ၊ ဘယ်ဘက်က လူကတော့ မြေကွက်တောင်းလို့ ကျနော် နေပြည်တော်
မှာ နေရာကောင်းတစ်ကွက်ကို ချက်ချင်းပေးလိုက်ပါတယ် ခင်ဗျ ၊ ညာဘက်ကလူကလည်း
ကားပါစ်တောင်းလို့ ရှယ်ပါမစ်တစ်ခုလုပ်ပေးလိုက်ပါတယ် ၊
::
အဲ အလယ်ကတစ်ယောက်ကတော့ တပ်ချုပ်ရဲ့ ဓါတ်ပုံကိုပဲတောင်းပါတယ်ခင်ဗျ ၊ ငါ့သူငယ်ချင်းရဲ့ ဓါတ်ပုံကြီးကြီးတစ်ပုံရရင်ပဲတော်ပါပြီတဲ့ အဲ့ဓါတ်ပုံနဲ့ငါ့ဖာသာ ဘာလုပ်လုပ်တဲ့ ၊ ကျနော်လည်းပြောတာပဲခင်ဗျ ၊ သူက ဓါတ်ပုံချည်းပဲတောင်းနေလို့ ၊ ကျနော် တပ်ချုပ်ရဲ့
ကိုယ်လုံးပြည့်ဓါတ်ပုံကြီး တစ်ပုံကို ကျွန်းဘောင်အထူနဲ့ သေချာ ကျကျနန လုပ်ပေးလိုက်ပါတယ် "
" ဟေ ဟုတ်လား အဲဒီကောင်ကတော့ကွာ တုံးပ ၊ အေးလေ သူ့ထိုက်နဲ့သူ့ကံပဲ ကွ "
ဒီလိုနဲ့ ၃ လလောက်အကြာမှာတော့
::
" စိုးရှိန်ရေ ၊ ကျောက်ဆည်က ငါ့သူငယ်ချင်း ၃ ယောက်အခြေအနေ ငါမေးခိုင်းထားတာပြီးပြီလား ကွ "
" ဟုတ် တပ်ချုပ် ၊ ကျနော်စုံစမ်းပြီး ပါပြီ
နေပြည်တော်မြေကွက်ရတဲ့သူက မြေကွက်ပြန်ရောင်းလိုက်တာ သိန်း၁၅၀၀ လောက်ရပါတယ်
၊ အခု ကျောက်ဆည်မှာ ဝိုင်း နဲ့ အိမ် နဲ့ ဖြစ်နေပါပြီခင်ဗျ ၊ ဟို
ကားပါမစ်ရတဲ့သူလည်း ပါမစ်ပြန်ရောင်းလိုက်တာ သူလည်း သိန်း ၁၅၀၀ ရသွားပါတယ် ၊
သူလည်း အခု အဆင်ပြေနေပါပြီခင်ဗျ "
::
" အေးကွာ ၊ ကောင်းပါပေ့ ၊
ဒါနဲ့ ဟို ငါ့ဓါတ်ပုံတောင်းသွားတဲ့သူရော ကွ ၊ ဒီကောင်ကလည်း တုံးပ ကွာ ၊
ဓါတ်ပုံတောင်းရတယ်လို့ ၊ ဒီကောင်တစ်ယောက်တော့ အရင်လို
ဆင်းဆင်းရဲရဲပဲမဟုတ်လား "
" မဟုတ် ဘူး တပ်ချုပ် ၊ တပ်ချုပ်သူငယ်ချင်း ၃ယောက်မှာ အဲဒီတစ်ယောက်က ဟိုနှစ်ယောက်ထက်ပိုချမ်းသာသွားပြီခင်ဗျ ၊ သူကမှ တကယ့် စားမကုန် သောက်မကုန် ဂွင်အကြီးကြီး ရသွားတာ ခင်ဗျ "
::
" ဟေ . . ဘယ်လိုဘယ်လို ၊ ငါ လဲ ရှင်းပြကြပါအုံး ၊ ဘယ့်နှယ်ဘယ့် နှယ်
ဓါတ်ပုံတောင်းသွားတဲ့တစ်ယောက်က ဟိုနှစ်ယောက်ထက် ပိုချမ်းသာ သွားရတယ်လို့ ၊
ဘယ်လိုဂွင်တည့်သွားတာလဲ ၊ ရှင်းပြပါအုံးဟ "
ဗိုလ်ချုပ်စိုးရှိန်ရဲ့ ပြန်ဖြေလိုက်တဲ့ အဖြေကြောင့် ဦးသန်းရွှေကြီး သူ့နှဖူးကို သူရိုက်မိလေတော့၏ ၊
ဗိုလ်ချုပ်စိုးရှိန် ဖြေလိုက်ပုံကိတော့
" ဒီလိုခင်ဗျ ၊ အဲဒီလူက တပ်ချုပ်ဓါတ်ပုံကို ကားတစ်စီးပေါ်တင်ပြီး
မြန်မာပြည်ပတ်နေတာခင်ဗျ ၊ သူရောက်နေတဲ့ မြို့မှာ မနက်နက်ဆို
ဈေးနားတစ်ဝိုက်လမ်းဆုံမှာ တပ်ချုပ်ရဲ့ ဓါတ်ပုံကြီးကို ချပြီး
::
- - - ဆဲရင် ၅၀ ၊ တံတွေး နဲ့ထွေးရင် ၁၀၀ - - -
ဆိုပြီးလုပ်စားနေလိုက်တာလူတွေကို အုန်းအုန်းထ နေတာပဲ ၊ ခုဆို သူမှာ သိန်း ၃၀၀၀ လောက်
စုမိနေပြီတဲ့ ၊ တပ်ချုပ်ကိုလည်း သူက ကျေးဇူးတွေတင်နေတာ ခင်ဗျ ၊ ငါ့သူငယ်ချင်းကြီး ကောင်းမှုကြောင့်တဲ့ ၊ သူကမှ တကယ့်
တစ်သက်စားမကုန်တဲ့ဂွင်ကြီးရသွားတာခင်ဗျ " တဲ့
REF BY :Hawdeka Khalaylay ::--, RangonNewsDaily
kolatt (Pabedan)
0 comments:
Post a Comment