Pages

Wednesday, September 25, 2013

မြန်မာနိုင်ငံ၏ ဒုတိယအမြင့်ဆုံး ဂမ်လမ်ရာဇီတောင်ထိပ်သို့ တက်ရောက်နိုင်ခဲ့သည့် တောင်တက်အဖွဲ့ဝင် ဦးပြည့်ဖြိုးအောင်နှင့်တွေ့ဆုံခြင်း

Photo: မြန်မာနိုင်ငံ၏ ဒုတိယအမြင့်ဆုံး ဂမ်လမ်ရာဇီတောင်ထိပ်သို့ တက်ရောက်နိုင်ခဲ့သည့် တောင်တက်အဖွဲ့ဝင် ဦးပြည့်ဖြိုးအောင်နှင့်တွေ့ဆုံခြင်း
Wednesday, September 25, 2013

မည်သည့် တောင်တက်အဖွဲ့မှ တက်ရောက်နိုင်ခြင်းမရှိသေးသည့် ကချင်ပြည်နယ် ပူတာအိုခရိုင်တွင်တည်ရှိသော ဂမ်လမ်ရာဇီတောင်ထိပ်သို့ မြန်မာ-အမေရိကန် တောင်တက်အဖွဲ့တို့ အောင်မြင်စွာတက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။ အဆိုပါ ခရီးစဉ် အတွက် ထူးဖောင်ဒေးရှင်းမှ အပြည့်အဝပံ့ပိုးကူညီခဲ့ပြီး အမေရိကန်နိုင်ငံသားတောင်တက်အဖွဲ့ဝင်ငါးဦးနှင့် မြန်မာနိုင်ငံမှတောင်တက် အဖွဲ့ဝင်နှစ်ဦးတို့က ယခုနှစ် ဩဂုတ် ၁၃ရက်က စတင် တက်ရောက် ခဲ့ကြခြင်း ဖြစ်ကာ ယခုလ ၇ ရက် မွန်းလွဲ ၂နာရီတွင် တောင်ထိပ်သို့ အောင်မြင်စွာခြေချနိုင်ခဲ့ကြခြင်းဖြစ်သည်။ အဆိုပါ တောင် ထိပ်သို့ အောင်မြင်စွာတက်ရောက်နိုင်ခဲ့သည့် မြန်မာတောင်တက်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးပြည့်ဖြိုးအောင် နှင့် ယခုလို တွေ့ ဆုံမေးမြန်း ဖြစ်ခဲ့ပါ သည်။

မေး- ဂမ်လမ်ရာဇီတောင်ကိုရောက်ခဲ့ပြီး တိုင်း တာမှုတွေလုပ်ခဲ့ပြီးပြီဆိုတော့ ခါကာဘိုရာဇီတောင် နဲ့ ဂမ်လမ်ရာဇီတောင်တို့ရဲ့ အမြင့်အခြေအနေကို သိချင်ပါတယ်။

ဖြေ- လက်ရှိ ဒီတောင်ကိုသတ်မှတ်လိုက်တာ ကတော့ မီတာနဲ့ပြောမယ်ဆိုရင်တော့ ၅၈၇၀ ပေါ့။ ခရီးစဉ်မသွားခင်ကတည်းက ဒီတောင်က အမြင့်ဆုံးလို့ အမေရိကန်တွေက သိထားတာ။ ကျွန်တော်သိတာက ခါကာဘိုရာဇီတောင်က မြန်မာ ပြည် မှာ အမြင့်ဆုံးလို့သိထားတာပါ။ မြေ ပုံအညွှန်းအရကတော့ ၅၈၈၁မီတာပေါ့။ သူတို့ နဲ့ Survey ပြန်လုပ်ကြည့်တော့ ခါကာဘိုရာဇီက ၅၈၈၁မီတာမရှိဘူး။ ၁၉၉၆ခုနှစ်မှာ ဂျပန်တွေ တက်သွားတယ်။ GPS နဲ့တိုင်းတယ်၊ ဘယ်လို Proof လုပ်လဲမ သိဘူး။ ကျွန်တော်တို့ပြန်တိုင်းတဲ့ မြေပုံတွေအရ Elevation မှာတော့ မြင့်တယ်။ခါကာဘိုရာဇီက Elevation  မြင့်တယ်။ ဂလမ်ကElevation   နိမ့်တယ်။  High Speed မှာတော့ ဂလမ်ကပိုမြင့်တယ်။ ကျွန်တော်က ကိုယ် သွား ခဲ့တဲ့နေရာ ဆိုတော့ ပိုရှင်းစေချင်တယ်။ ဖြစ်နိုင် ရင် ခါကာဘိုရာဇီကိုတောင် ပြန်တက်ချင်တယ်။

မေး- သွားခဲ့တဲ့ခရီးစဉ်တစ်လျှောက် ဘယ်လို တိုင်းရင်းသားတွေနဲ့ တွေ့ခဲ့ရသလဲ။

ဖြေ- တိုင်းရင်းသားတွေကတော့ ရဝမ်၊ လီဆူး၊ အပေါ်ပိုင်းကျတော့ တိဗက်လူမျိုး။ မြန်မာနိုင်ငံ သားတွေပါ။ တိဗက်ရွာကတော့ သုံးရွာလောက် ပဲရှိတယ်။ ကျွန်တော်နဲ့အတူပါလာတဲ့ တိုင်းရင်း သား ၁၃၅မျိုးထဲမှာပါတဲ့ ထရုံလူမျိုး တွေတွေ့ ရ တယ်။ ထရုံလူပုဆိုတာ ကျွန်တော် မတက်ခင်က ကြားပဲကြားဖူးတာ အရမ်းတွေ့ချင်တာ။ ဒီခရီး မှာ သူတို့ရွာဘက်ရောက်လို့ သူတို့နဲ့တွေ့ရတာ။ သူတို့မှာ မောင်နှမသုံးယောက်ပဲကျန်တော့တယ်။ ခရောင်းရွာကြီးတစ်ရွာလုံးမှာ သူတို့သုံး ယောက် ပဲ ကျန်တော့တယ်။ ကျန်တာ တိဗက်လူမျိုးတွေ နဲ့ ရဝမ်လူမျိုးတွေပဲ ရှိတော့တယ်။

မေး- တောင်ပေါ်ကို ဘယ်အချိန်စတက်ပြီး ဘယ်အချိန်မှာ ပြန်ရောက်ခဲ့လဲ။

ဖြေ- ကျွန်တော်တို့စထွက်တာ နံနက် ၄နာရီမှာ စထွက်တယ်။ ဒီတစ်ခေါက်မှာ အမေရိကန်အဖွဲ့ က ပါဝါ တအားသာတယ်။ သူတို့က Camp သုံး ပေါ့။Base Camp ပေတစ်သောင်းခွဲရှိတယ်။ တစ်ရက်ထဲမှာကို ပေလေးထောင်လောက်တက် ပစ်လိုက် တာ။ ကျွန်တော် တောင်တက်တဲ့ရှစ်နှစ် သက်တမ်းအတွင်းမှာ ပေ ၁၅ဝဝဝကနေ ၁၇၀၀၀ အမြင့် ရေခဲထဲမှာသွားအိပ်လို့ရတယ်။ အိပ်ပြီးမှ ပေ ၂ဝဝဝလောက်ကို သာသာယာယာဆက် တက်ပြီး ပြန်ဆင်းလို့ရတယ်။ ဒီလိုဆိုရင် ခုနစ်ဦး လုံး အောင်အောင်မြင်မြင်ရောက်နိုင်တယ်။ သူတို့က အဲဒီလိုမဟုတ်ဘူး။ သူတို့ပါဝါနဲ့သူတို့ တွက်ပြီး ပေ ၄ဝဝဝလောက်ကို တစ်ရက်တည်း နဲ့ တက်ပစ်လိုက်တယ်။ ကျွန်တော်တောင် အဲ့ဒီ လောက် မတက်ဖူးဘူး။ ၁၅နာရီခွဲကြာတယ်။ မနက်လေး နာရီထွက်တယ်။ ညခုနစ်နာရီခွဲပြန် ရောက်တယ်။ လမ်းမှာ ထမင်းစားချိန်သီးသန့် မရှိဘူး။ လမ်းမှားလို့ မြေပုံထုတ်ကြည့်ချိန်ခဏ လေးနားလို့ရတဲ့အချိန်လေးမှာ မုန့်တွေစားပြီး တက်ရတယ်။

မေး- တောင်ပေါ်မှာ ဘာအမှတ်တရတွေထားခဲ့ သေးလဲ။

ဖြေ- ကျွန်တော်တို့ တောင်ပေါ်မှာ ဘာမှမထား ခဲ့ဘူး။ သဘာပတ်ဝန်းကျင်နဲ့ပတ်သက်လို့ ထိခိုက် မယ့်အရာ ဘာမှမထားခဲ့ဘူး။ စားလို့ပိုတဲ့အမှိုက် တွေမီးရှို့တယ်။ မီးရှို့ပြီးတဲ့ပြာတွေကိုတောင် ပြန်သယ်ခဲ့တယ်။ ကျွန်တော်တို့ ခြေရာပဲကျန်ခဲ့ ရမယ် ။ တောင်ထိပ်ကို ကိုယ်ရောက်ခဲ့တယ်ဆို တာ ကိုယ့်စိတ်ကိုလည်းရှင်းတယ်။ သွားကြည့် မယ်ဆိုရင် ဒီနေရာကိုလူရောက်ခဲ့တယ်ဆိုတာ သိရမှာမဟုတ်ဘူး။ ဘာအမှတ်အသားမှမရှိဘူး။

မေး- တခြားတောင်တွေတက်ခဲ့ဖူးတာနဲ့ ဒီတောင် တက်ခဲ့တာနဲ့ ဘာကွာခြားမှုရှိလဲ။

ဖြေ- ကွာတယ်ခင်ဗျ။ လူတက်ပြီးသားတောင် တွေဆိုရင် လမ်းကြောင်းတွေကပေါက်နေတော့ ဃောစ စတိုင်းမှာ ဘယ်နေရာမှာ ရေရှိတယ်။ မရှိဘူးဆိုတာအစ သိတယ်။ ဂမ်လမ်ကတော့ အပျိုစင်တောင်ဖြစ်တယ်။ လူရောက်ပြီးသား တောင် တွေ ကျတော့ ခင်ဗျားတို့ကျွန်တော်တို့ လမ်းလျှောက်တက်လို့ရတယ်။ ဒီတောင်ကျတော့ နည်းပညာ သေချာပေါက်သုံးပြီးတက်မှရတဲ့ တောင်ဖြစ်တယ်။ 

မေး- နည်းပညာသုံးပြီး တက်ရတယ်ဆိုတော့ ဘယ်လို လေ့လာပြင်ဆင်မှုတွေကိုလုပ်ခဲ့လဲ။

ဖြေ- ကျွန်တော်တို့ ဒီခရီးစဉ်မသွားခင် ဧပြီမှာ တရုတ်ပြည်က အမြင့်ပေ ၁ရဝဝဝကျော်ရှိတဲ့ တောင်၊ ဂလမ်နဲ့ဆို ပေ၂ဝဝဝလောက်ပဲကွာတဲ့ တောင်ကို အဲ့ဒီမှာ ကျွန်တော်တို့ မြန်မာကိုးယောက် နဲ့ အဖွဲ့ခေါင်းဆောင်နဲ့ သွားလေ့ကျင့်တယ်။ နည်း ပညာ သုံးရမှာဖြစ်လို့ ပြုတ်ကျရင် တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုကယ်ဆယ်မလဲ၊ ရေခဲထဲမှာ ဘယ်လိုလမ်းလျှောက်မလဲဆိုတာတွေကို သေ ချာလေ့ကျင့်ပြီးတော့မှ ဒီတောင်ကိုတက်တာပါ။

အောင်သက်ကို  ၊ ရဲလင်းထက်  တွေ့ဆုံမေးမြန်းသည်။

မြန်မာနိုင်ငံ၏ ဒုတိယအမြင့်ဆုံး ဂမ်လမ်ရာဇီတောင်ထိပ်သို့ တက်ရောက်နိုင်ခဲ့သည့် တောင်တက်အဖွဲ့ဝင် ဦးပြည့်ဖြိုးအောင်ကိုတွေ့ရစဉ်။ ဓာတ်ပုံ - ရဲနောင်(ဖယ်ခုံ)/ရန်ကုန်တိုင်းမ်

The Yangon Times
မြန်မာနိုင်ငံ၏ ဒုတိယအမြင့်ဆုံး ဂမ်လမ်ရာဇီတောင်ထိပ်သို့ တက်ရောက်နိုင်ခဲ့သည့် တောင်တက်အဖွဲ့ဝင် ဦးပြည့်ဖြိုးအောင်ကိုတွေ့ရစဉ်။ ဓာတ်ပုံ - ရဲနောင်(ဖယ်ခုံ)/ရန်ကုန်တိုင်းမ်
RangonNewsDaily:: September 25, 2013
မည်သည့် တောင်တက်အဖွဲ့မှ တက်ရောက်နိုင်ခြင်းမရှိသေးသည့် ကချင်ပြည်နယ် ပူတာအိုခရိုင်တွင်တည်
ရှိသောဂမ်လမ်ရာဇီတောင်ထိပ်သို့ မြန်မာ-အမေရိကန် တောင်တက်အဖွဲ့တို့ အောင်မြင်စွာတက်ရောက်နိုင်
ခဲ့ပြီဖြစ်သည်။ အဆိုပါ ခရီးစဉ် အတွက် ထူးဖောင်ဒေးရှင်းမှ အပြည့်အဝပံ့ပိုးကူညီခဲ့ပြီး အမေရိကန်နိုင်ငံသားတောင်တက်
အဖွဲ့ဝင်ငါးဦးနှင့် မြန်မာနိုင်ငံမှတောင်တက် အဖွဲ့ဝင်နှစ်ဦးတို့က ယခုနှစ် ဩဂုတ် ၁၃ရက်က စတင် တက်
ရောက် ခဲ့ကြခြင်း ဖြစ်ကာ ယခုလ ၇ ရက် မွန်းလွဲ ၂နာရီတွင် တောင်ထိပ်သို့ အောင်မြင်စွာခြေချနိုင်ခဲ့ကြခြင်း
ဖြစ်သည်။ 
 
အဆိုပါ တောင် ထိပ်သို့ အောင်မြင်စွာတက်ရောက်နိုင်ခဲ့သည့် မြန်မာတောင်တက်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးပြည့်ဖြိုးအောင် နှင့် ယခုလို တွေ့ ဆုံမေးမြန်း ဖြစ်ခဲ့ပါ သည်။

မေး- ဂမ်လမ်ရာဇီတောင်ကိုရောက်ခဲ့ပြီး တိုင်း တာမှုတွေလုပ်ခဲ့ပြီးပြီဆိုတော့ ခါကာဘိုရာဇီတောင် နဲ့ ဂမ်လမ်ရာဇီတောင်တို့ရဲ့ အမြင့်အခြေအနေကို သိချင်ပါတယ်။

ဖြေ-လက်ရှိဒီတောင်ကိုသတ်မှတ်လိုက်တာကတော့မီတာနဲ့ပြောမယ်ဆိုရင်တော့ ၅၈၇၀ ပေါ့။ ခရီးစဉ်မသွား
ခင်ကတည်းက ဒီတောင်က အမြင့်ဆုံးလို့ အမေရိကန်တွေက သိထားတာ။ ကျွန်တော်သိတာက ခါကာဘိုရာ
ဇီတောင်က မြန်မာ ပြည် မှာ အမြင့်ဆုံးလို့သိထားတာပါ။ မြေ ပုံအညွှန်းအရကတော့ ၅၈၈၁မီတာပေါ့။ 
 
သူတို့ နဲ့ Survey ပြန်လုပ်ကြည့်တော့ခါကာဘိုရာဇီက၅၈၈၁မီတာမရှိဘူး။၁၉၉၆ခုနှစ်မှာဂျပန်တွေတက်သွား
တယ်။ GPS နဲ့တိုင်းတယ်၊ဘယ်လိုProof လုပ်လဲမ သိဘူး။ ကျွန်တော်တို့ပြန်တိုင်းတဲ့ မြေပုံတွေအရ Elevation
မှာတော့ မြင့်တယ်။ခါကာဘိုရာဇီက Elevation မြင့်တယ်။ ဂလမ်ကElevation နိမ့်တယ်။ High Speed မှာတော့ ဂလမ်ကပိုမြင့်တယ်။ ကျွန်တော်က ကိုယ် သွား ခဲ့တဲ့နေရာ ဆိုတော့ ပိုရှင်းစေချင်တယ်။ ဖြစ်နိုင် ရင် ခါကာ
ဘိုရာဇီကိုတောင် ပြန်တက်ချင်တယ်။

မေး- သွားခဲ့တဲ့ခရီးစဉ်တစ်လျှောက် ဘယ်လို တိုင်းရင်းသားတွေနဲ့ တွေ့ခဲ့ရသလဲ။

ဖြေ- တိုင်းရင်းသားတွေကတော့ ရဝမ်၊ လီဆူး၊ အပေါ်ပိုင်းကျတော့ တိဗက်လူမျိုး။ မြန်မာနိုင်ငံ သားတွေပါ။ တိ
ဗက်ရွာကတော့သုံးရွာလောက် ပဲရှိတယ်။ ကျွန်တော်နဲ့အတူပါလာတဲ့ တိုင်းရင်း သား ၁၃၅မျိုးထဲမှာပါတဲ့ ထရုံ
လူမျိုး တွေတွေ့ ရ တယ်။ ထရုံလူပုဆိုတာ ကျွန်တော် မတက်ခင်က ကြားပဲကြားဖူးတာ အရမ်းတွေ့ချင်တာ။ ဒီခရီး မှာ သူတို့ရွာဘက်ရောက်လို့ သူတို့နဲ့တွေ့ရတာ။ သူတို့မှာ မောင်နှမသုံးယောက်ပဲကျန်တော့တယ်။ ခ
ရောင်းရွာကြီးတစ်ရွာလုံးမှာ သူတို့သုံး ယောက် ပဲ ကျန်တော့တယ်။ ကျန်တာ တိဗက်လူမျိုးတွေ နဲ့ ရဝမ်လူမျိုး
တွေပဲ ရှိတော့တယ်။

မေး- တောင်ပေါ်ကို ဘယ်အချိန်စတက်ပြီး ဘယ်အချိန်မှာ ပြန်ရောက်ခဲ့လဲ။

ဖြေ- ကျွန်တော်တို့စထွက်တာ နံနက် ၄နာရီမှာ စထွက်တယ်။ ဒီတစ်ခေါက်မှာ အမေရိကန်အဖွဲ့ က ပါဝါ တ
အားသာတယ်။ သူတို့က Camp သုံး ပေါ့။Base Camp ပေတစ်သောင်းခွဲရှိတယ်။ တစ်ရက်ထဲမှာကို ပေလေး
ထောင်လောက်တက် ပစ်လိုက် တာ။ ကျွန်တော် တောင်တက်တဲ့ရှစ်နှစ် သက်တမ်းအတွင်းမှာ ပေ ၁၅ဝဝဝ
ကနေ၁၇၀၀၀အမြင့် ရေခဲထဲမှာသွားအိပ်လို့ရတယ်။အိပ်ပြီးမှ ပေ ၂ဝဝဝလောက်ကို သာသာယာယာဆက်
တက်ပြီး ပြန်ဆင်းလို့ရတယ်။ 
 
ဒီလိုဆိုရင် ခုနစ်ဦး လုံး အောင်အောင်မြင်မြင်ရောက်နိုင်တယ်။ သူတို့က အဲဒီလိုမဟုတ်ဘူး။ သူတို့ပါဝါနဲ့သူတို့ တွက်ပြီး ပေ၄ဝဝဝလောက်ကိုတစ်ရက်တည်း နဲ့တက်ပစ်လိုက်တယ်။ကျွန်တော်တောင်အဲ့ဒီ လောက်မတက်
ဖူးဘူး။၁၅နာရီခွဲကြာတယ်။မနက်လေးနာရီထွက်တယ်။ ညခုနစ်နာရီခွဲပြန် ရောက်တယ်။ လမ်းမှာ ထမင်းစား
ချိန်သီးသန့် မရှိဘူး။လမ်းမှားလို့ မြေပုံထုတ်ကြည့်ချိန်ခဏ လေးနားလို့ရတဲ့အချိန်လေးမှာမုန့်တွေစားပြီး တက်
ရတယ်။

မေး- တောင်ပေါ်မှာ ဘာအမှတ်တရတွေထားခဲ့ သေးလဲ။

ဖြေ- ကျွန်တော်တို့ တောင်ပေါ်မှာ ဘာမှမထား ခဲ့ဘူး။ သဘာပတ်ဝန်းကျင်နဲ့ပတ်သက်လို့ ထိခိုက် မယ့်အရာ ဘာမှမထားခဲ့ဘူး။စားလို့ပိုတဲ့အမှိုက် တွေမီးရှို့တယ်။မီးရှို့ပြီးတဲ့ပြာတွေကိုတောင် ပြန်သယ်ခဲ့တယ်။ကျွန်တော်
တို့ ခြေရာပဲကျန်ခဲ့ရမယ်။ တောင်ထိပ်ကိုကိုယ်ရောက်ခဲ့တယ်ဆိုတာကိုယ့်စိတ်ကိုလည်းရှင်းတယ်။သွားကြည့်
 မယ်ဆိုရင် ဒီနေရာကိုလူရောက်ခဲ့တယ်ဆိုတာ သိရမှာမဟုတ်ဘူး။ ဘာအမှတ်အသားမှမရှိဘူး။

မေး- တခြားတောင်တွေတက်ခဲ့ဖူးတာနဲ့ ဒီတောင် တက်ခဲ့တာနဲ့ ဘာကွာခြားမှုရှိလဲ။

ဖြေ- ကွာတယ်ခင်ဗျ။လူတက်ပြီးသားတောင် တွေဆိုရင်လမ်းကြောင်းတွေကပေါက်နေတော့ ဃောစ စတိုင်း
မှာ ဘယ်နေရာမှာ ရေရှိတယ်။ မရှိဘူးဆိုတာအစ သိတယ်။ ဂမ်လမ်ကတော့ အပျိုစင်တောင်ဖြစ်တယ်။ လူ
ရောက်ပြီးသား တောင် တွေ ကျတော့ ခင်ဗျားတို့ကျွန်တော်တို့ လမ်းလျှောက်တက်လို့ရတယ်။ ဒီတောင်ကျ
တော့ နည်းပညာ သေချာပေါက်သုံးပြီးတက်မှရတဲ့ တောင်ဖြစ်တယ်။

မေး- နည်းပညာသုံးပြီး တက်ရတယ်ဆိုတော့ ဘယ်လို လေ့လာပြင်ဆင်မှုတွေကိုလုပ်ခဲ့လဲ။

ဖြေ- ကျွန်တော်တို့ ဒီခရီးစဉ်မသွားခင် ဧပြီမှာ တရုတ်ပြည်က အမြင့်ပေ ၁ရဝဝဝကျော်ရှိတဲ့ တောင်၊ ဂလမ်နဲ
့ဆို ပေ၂ဝဝဝလောက်ပဲကွာတဲ့ တောင်ကို အဲ့ဒီမှာ ကျွန်တော်တို့ မြန်မာကိုးယောက် နဲ့ အဖွဲ့ခေါင်းဆောင်နဲ့ သွားလေ့ကျင့်တယ်။နည်း ပညာ သုံးရမှာဖြစ်လို့ ပြုတ်ကျရင် တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုကယ်ဆယ်
မလဲ၊ ရေခဲထဲမှာဘယ်လိုလမ်းလျှောက်မလဲဆိုတာတွေကို သေ ချာလေ့ကျင့်ပြီးတော့မှ ဒီတောင်ကိုတက်တာ
ပါ။

အောင်သက်ကို ၊ ရဲလင်းထက် တွေ့ဆုံမေးမြန်းသည်။

The Yangon Times , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment