RangonNewsDaily:: Aug 17, 2013
ပြည်ပမှ တင်သွင်းလာသည့် ကားများ ဆိပ်ကမ်းသို့ ရောက်ရှိလာပြီးနောက် အဆိုပါ
ကားများတွင် ပါဝင်လာသည့် အပိုပစ္စည်းများ ပျောက်ရှခြင်း၊ ဆိပ်ကမ်းတွင်း
နေရာပြောင်းရွှေ့မှုတွင် ထိခိုက်မှုအချို့ ရှိနေကြောင်း ပြည်ပမှ
ကားတင်သွင်းသည့် လုပ်ငန်းရှင် အချို့က ပြောကြားသည်။
''ပြည်ပက တင်သွင်းလာတဲ့ ကားအချို့ ဆိပ်ကမ်းမှာ ပစ္စည်းပျောက်တာမျိုး၊
ဆိပ်ကမ်းတွင်း ပြောင်းရွှေ့တာကနေ တင်သွင်းလာတဲ့ ကားတွေ ထိခိုက်တာမျိုးတွေ
ရှိနေတယ်ဆိုတာ ဟုတ်ပါတယ်။ ပစ္စည်းပျောက်တာ လေးငါးသောင်းဖိုး လောက်ဆို
ကိုယ့်ဘာသာကိုယ် ၀ယ်ထည့်ရတယ်။ သူတို့ကို သွားပြောနေရင် ပါမလာဘူး ဆိုတာပဲ
ပြောတာ။ ပစ္စည်းပျောက်တာက ကြိုကြားကြိုကြား ဖြစ်တယ်'' ဟု ပြည်ပမှ
ကားတင်သွင်းသည့် လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။
ပြည်တွင်းရှိ အိုမင်းဟောင်းနွမ်းနေသော သက်တမ်း ကြာမြင့်သည့် ယာဉ်အို
ယဉ်ဟောင်းများကို ပြန်လည် အပ်နှံစေပြီး ပြည်ပမှ အစားထိုး တင်သွင်းခွင့်
ပြုခြင်းကို ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး
ညွှန်ကြားမှု ဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ မြန်မာ့နိုင်ငံခြား
ကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်
ကူးသန်းရောင်းဝယ်ရေး ဘဏ်တို့ပါဝင်သော သက်တမ်းကြာမြင့် မော်တော်ယာဉ်များ
ပယ်ဖျက်အပ်နှံ အစားထိုး လဲလှယ်ရေးနှင့် ပတ်သက်သည့် ဌာနဆိုင်ရာ
ပူးပေါင်းအဖွဲ့ One Stop Service (OSS) ဖွဲ့စည်းပြီး မော်တော်ယာဉ် အစားထိုး
တင်သွင်းခွင့် ပါမစ်ထုတ်ပေးခြင်းကို ၂၀၁၁ ခုနှစ် အတွင်းမှ စတင်ဆောင်ရွက်
ပေးခဲ့ကြောင်း သိရသည်။
၂၀၁၁ ခုနှစ် အောက်တိုဘာမှ ၂၀၁၃ ခုနှစ်
ဇူလိုင်အထိ ၂၁ လတာ ကာလအတွင်း ပြည်ပမှ မော်တော်ယာဉ်စီးရေ နှစ်သိန်းနီးပါး
တင်သွင်းခွင့် ပြုခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သိရသည်။
အကောက်ခွန် ဦးစီးဌာနသည် မော်တော်ယာဉ် အစားထိုး စီမံချက် အပါအ၀င် ပြည်ပမှ
ဝယ်ယူတင်သွင်း လာသော မော်တော်ယာဉ်များအပေါ် လုပ်ငန်းစတင် ဆောင်ရွက်ခဲ့သည့်
၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၅ ရက်မှ ၂၀၁၃ ခုနှစ် ဇူလိုင် ၂၅ ရက်အထိ ကျသင့်ခွန်
ကောက်ခံ၍ မော်တော်ယာဉ် ၁၉၄၂၇၆ စီး ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။
လက်ရှိ အချိန်အထိ ယာဉ်အို၊ ယာဉ်ဟောင်း အစားထိုး လဲလှယ်ရေး စီမံချက်အတွက်
၇၄၁၇၀ စီး၊ ကားအရောင်း ပြခန်းများ အတွက် ၄၄၂၅၆ စီး၊ သင်္ဘောသား ပါမစ်ဖြင့်
၂၈၁၈ စီး၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ပါမစ်ဖြင့် ၂၈၆ စီး၊ ကုမ္ပဏီ
ပါမစ်ဖြင့် ၇၂၈ စီး၊ ပြင်ပနေ အလုပ်လုပ်သူများ ပါမစ်ဖြင့် ၄၃ စီး၊ ဟိုတယ်၊
ခရီးဝန်ကြီးဌာန ပါမစ်ဖြင့် ၁၉၉၇ စီး၊ စစ်သံအမှုထမ်း ပါမစ်ဖြင့် ၁၀၈ စီးနှင့်
လွတ်လပ်စွာ ၀ယ်ယူသူ ပါမစ်ဖြင့် ၆၉၈၇၀ စီး တင်သွင်းထားပြီး ဖြစ်ကြောင်း
အကောက်ခွန် ဦးစီးဌာနမှ သတင်းထုတ်ပြန် ထားသည်။
Eleven Media , RangonNewsDaily
kolatt (Pabedan): 17.8.2013
၂၀၁၁ ခုနှစ် အောက်တိုဘာမှ ၂၀၁၃ ခုနှစ် ဇူလိုင်အထိ ၂၁ လတာ ကာလအတွင်း ပြည်ပမှ မော်တော်ယာဉ်စီးရေ နှစ်သိန်းနီးပါး တင်သွင်းခွင့် ပြုခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သိရသည်။
အကောက်ခွန် ဦးစီးဌာနသည် မော်တော်ယာဉ် အစားထိုး စီမံချက် အပါအ၀င် ပြည်ပမှ ၀ယ်ယူတင်သွင်း လာသော မော်တော်ယာဉ်များအပေါ် လုပ်ငန်းစတင် ဆောင်ရွက်ခဲ့သည့် ၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၅ ရက်မှ ၂၀၁၃ ခုနှစ် ဇူလိုင် ၂၅ ရက်အထိ ကျသင့်ခွန် ကောက်ခံ၍ မော်တော်ယာဉ် ၁၉၄၂၇၆ စီး ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။
လက်ရှိ အချိန်အထိ ယာဉ်အို၊ ယာဉ်ဟောင်း အစားထိုး လဲလှယ်ရေး စီမံချက်အတွက် ၇၄၁၇၀ စီး၊ ကားအရောင်း ပြခန်းများ အတွက် ၄၄၂၅၆ စီး၊ သင်္ဘောသား ပါမစ်ဖြင့် ၂၈၁၈ စီး၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ပါမစ်ဖြင့် ၂၈၆ စီး၊ ကုမ္ပဏီ ပါမစ်ဖြင့် ၇၂၈ စီး၊ ပြင်ပနေ အလုပ်လုပ်သူများ ပါမစ်ဖြင့် ၄၃ စီး၊ ဟိုတယ်၊ ခရီးဝန်ကြီးဌာန ပါမစ်ဖြင့် ၁၉၉၇ စီး၊ စစ်သံအမှုထမ်း ပါမစ်ဖြင့် ၁၀၈ စီးနှင့် လွတ်လပ်စွာ ၀ယ်ယူသူ ပါမစ်ဖြင့် ၆၉၈၇၀ စီး တင်သွင်းထားပြီး ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သတင်းထုတ်ပြန် ထားသည်။
0 comments:
Post a Comment