Pages

Thursday, August 8, 2013

ထန်တလန်တွင် ကျည်ဆန်နှင့် ယမ်းမှုန့်သယ်ဆောင်သူနှစ်ဦး ဖမ်းမိ

RangonNewsDaily:: Aug 7, 2013

ချင်းပြည်နယ် ထန်တလန်မြို့တွင် သြဂုတ်လ ၃ ရက်နေ့ ညနေခြောက် နာရီခွဲ ခန့်က ကျည်ဆန်နှင့် ယမ်းမှုန့် သယ်ဆောင်လာသူ ချင်းအမျိုး သား နှစ်ဦးကို ဖမ်းဆီး ရမိခဲ့ကြောင်း အဆိုပါမြို့နယ် ရဲတပ်ဖွဲ့စခန်း မှ စခန်းမှူး ရဲအုပ်အောင်မင်း က The Voice သို့ ပြောကြားသည်။

တစ်လုံးထိုး ပြုပြင်ပြီးကျည်ဆန် ၆၅ MM (၃၀ ဂရမ်)၊ Special စာတမ်းပါ ကျည် သုံးတောင့်၊ ကျည်အခွံ ကိုးတောင့်၊ ၇၀ MM စာတမ်းပါ တစ်လုံးထိုး ကျည် နှစ်တောင့်၊ ကျည်အခွံ ၁၀တောင့်၊ SOD (Special Ordinaly Detonator) တံဆိပ် ယမ်းမှုန့် တစ်လက်မခန့် ပါရှိသော တစ်ထုပ်လျှင် ယမ်းမှုန့် အချောင်းတစ်ရာပါ အထုပ် ၅၀ ထုပ်တို့ကို ဖမ်းဆီးရမိခဲ့ပြီး သယ်ဆောင်လာသူ ချင်းအမျိုးသား နှစ်ဦး သည် ဂန့်ဂေါမြို့နှင့် ဟားခါးမြို့တို့တွင် နေထိုင်သူများဖြစ်ကြောင်း ၄င်းကပြောသည်။

ဖမ်းဆီးထားသော ချင်းအမျိုးသား နှစ်ဦး ကို (ပ) ၂၄/၂၀၁၃၊ ပေါက် ကွဲစေတတ်သော လက်နက်ခဲယမ်း မီးကျောက်များ ပိုင်ဆိုင်မှု ပုဒ်မ ၅ ဖြင့် အမှုဖွင့် အရေးယူ ထားပြီး လတ်တလောတွင် စစ်ဆေး မေးမြန်းဆဲဖြစ်၍ သယ်ဆောင်ရသည့် အကြောင်းအရင်းနှင့် ၄င်းတို့၏ အမည်များကို ထုတ်ဖော်ပြောကြားနိုင်ခြင်း မရှိသေးကြောင်း အဆိုပါစခန်းထံမှ သိရသည်။

ဇူလိုင်လ ၇ ရက်နေ့ကလည်း တပ်မတော်သားတစ်ဦး ပါဝင်သော ဘင်္ဂလားဒေ့ရှ်သို့ ပို့မည့် ကျည်ဆန်ခိုးထုတ်သူ များကို ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် တို့အတွင်းမှ ဖမ်းဆီးရမိခဲ့ကြောင်း ပလက်ဝ မြို့နယ် ရဲတပ်ဖွဲ့စခန်း မှတ်တမ်းများအရ သိရသည်။

မြတ် (ကလေး)
The Voice Weekly , RangonNewsDaily
kolatt (Pabedan): 7.8.2013

0 comments:

Post a Comment