skip to main |
skip to sidebar
ဆေးလိပ် ဆေးရွက်ကြီးနှင့် ပြည်သူ့ကျန်းမာရေး ဂရုပြုသင့်
12:11 AM
Kolatt
RangonNewsDaily:: Aug 30, 2013
လူတစ်ယောက်ရဲ့ အသက်က ဘယ်လောက်တန်တယ်လို့ ထင်ပါသလဲ?ဒေါ်လာ ၁၀သန်းလို့ ထင်ပါသလား။ဒေါ်လာ သန်း၁၀၀လို့ ထင်ပါသလား။အဖိုးမဖြတ်နိုင်ဘူးလို့ ထင်ပါသလား။
အဲဒီအဖြေတွေ အားလုံး မှားပါတယ်။ အဖြေမှန်က ဒေါ်လာ၆၀၀၀ ဖြစ်ပါတယ်။ဒါအမှန်ပါပဲ။ကားဟောင်းတစ်စီးရဲ့ တန်ဖိုးနဲ့ ညီမျှပါတယ်။အနည်းဆုံး ဒါက ဆေးရွက်ကြီးကုမ္ပဏီတွေက အဲဒီလောက် တန်တယ်လို့ သတ်မှတ်ထားတဲ့ လူတစ်ယောက်ရဲ့ တန်ဖိုး ဖြစ်ပါတယ်။
ဆေးရွက်ကြီးကုမ္ပဏီတွေက သူတို့ ထုတ်လုပ်တဲ့ ပစ္စည်းနဲ့ သေဆုံးသွားတဲ့ လူတစ်ယောက်ချင်းစီကနေ ဒေါ်လာ၆၀၀၀ ရရှိနိုင်ပါတယ်။
ဒါပေမယ့် ဆေးရွက်ကြီးကုမ္ပဏီတွေမှာ ပြဿနာတစ်ခု ရှိပါတယ်။သေသွားတဲ့သူတွေက ဆေးလိပ်မသောက်နိုင်ကြတော့ပါဘူး။
အဲဒီတော့ သူတို့သတ်လိုက်တဲ့ သူ အယောက်တိုင်းအတွက်ပြန်လည်အစားထိုးဖို့ လူတစ်ယောက်ကို ရှာရပါတယ်။ဒါပေမယ့် အဲဒါက ဘယ်လို လူမျိုးတွေ ဖြစ်မလဲ။
ဘယ်သူက ဖြစ်လာမယ့် ပြဿနာတွေကို လျစ်လျူရှုပြီး အဲဒီလို အန္တရာယ်မျိုးကို လိုလိုလားလားနဲ့ ယူချင်မလဲ။
ဘယ်သူတွေက သူတို့ကို ယုံကြည်မလဲ။
ကလေးတွေပေါ့။ရလဒ်က ယူကျုံးမရ ဖြစ်စရာကောင်းအောင် ဆိုးဝါးလှပါတယ်။
ဆေးရွက်ကြီးက ဆေးလိပ်သောက်တဲ့ ကလေး ၃ယောက်မှာ ၁ယောက်ကို သတ်ပစ်ပါတယ်။
ကင်ဆာ၊ နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ ဆီးချိုနဲ့ အခြားမြောက်မြားစွာသော ရောဂါတွေနဲ့ပါ။
၆သန်းသော လူတွေက ဆေးရွက်ကြီးကြောင့် နှစ်စဉ် သေဆုံးနေကြပါတယ်။
သူတို့က အမေတွေ၊ အဖေတွေ၊ လင်ယောက်ျားတွေ၊ ဇနီးမယားတွေ၊ ကလေးတွေ ဖြစ်ကြပါတယ်။
၂၀၃၀ခုနှစ်ရောက်ချိန်မှာ ဆေးရွက်ကြီးကြောင့် သေဆုံးမှုက တစ်နှစ်ကို ၈သန်းကျော်သွားပါလိမ့်မယ်။
အခု ကျွန်တော်တို့ ကျွန်မတို့ ဆောင်ရွက်သင့်တာတွေကို မဆောင်ရွက်ဘူး ဆိုရင် အဲဒီထက် ပိုဆိုးလာဖို့ ရှိပါတယ်။ဒီရာစုနှစ် ကုန်တဲ့ ကာလမှာ ဆေးရွက်ကြီးက ၁ ဘီလီယံသော လူတွေကို သတ်ပြီးသား ဖြစ်နေပါလိမ့်မယ်။
ကျွန်တော်တို့ ကျွန်မတို့ ဒါကို တားဆီးနိုင်စွမ်း ရှိပါတယ်။ကျွန်တော်တို့ ကျွန်မတို့က အဖြေတွေ ဖြစ်ပါတယ်။
ကျွန်တော်တို့ ကျွန်မတို့က ဆေးလိပ်သောက်မှု လျော့ကျအောင် ဘယ်လို လုပ်ရမလဲ ဆိုတာ သိကြပါတယ်။
ဈေးနှုန်းတွေကို မြှင့်ပြီး လူတွေ ၀ယ်သောက်ဖို့ မတတ်နိုင်အောင် လုပ်ရပါမယ်။
ဆေးလိပ်ငွေ့ ကင်းစင်ရေး ဥပဒေတွေ ထုတ်ရပါမယ်။ဆွဲဆောင်နေတဲ့ ကြော်ငြာတွေ၊ ထုတ်ပိုးမှုတွေကို ဖယ်ရှားပစ်ရပါမယ်။လူတွေကို ဆေးလိပ်ရဲ့ အလွန်ဆိုးဝါးလှတဲ့ အန္တရာယ်တွေအကြောင်းကို အမှန်အတိုင်း ပြောပြရပါမယ်။
အကယ်၍ ကျွန်တော် ကျွန်မတို့ ဒါတွေကို ဆောင်ရွက်ကြမယ် ဆိုရင် ဆိုးဝါးလှတဲ့
ဆေးလိပ်၊ ဆေးရွက်ကြီး သုံးစွဲမှု ပြန့်နှံ့တဲ့ အနေအထားကို
ပြောင်းပြန်လှန်ပစ်နိုင်မှာပါ။ဆေးလိပ်သောက်သူတွေကလဲ ဆေးလိပ်ဖြတ်လာကြပါလိမ့်မယ်။
ကလေးတွေလဲ ဆေးလိပ် စသောက်ကြတော့မှာ မဟုတ်ပါဘူး။အဲဒီအစား သူတို့ဟာ မိဘတွေ၊ အဖိုးအဖွားတွေ ဖြစ်တဲ့ အထိ အသက်ရှည်ရှည် ကျန်းကျန်းမာမာနဲ့ အကျိုးရှိရှိ နေနိုင်ကြမှာပါ။
သင်ကူညီနိုင်ပါတယ်။သတင်းအချက်အလက်တွေကို ဖြန့်ဝေပေးပါ။ဆေးလိပ်ငွေ့ကင်းစင်တဲ့ လုပ်ငန်းခွင်တွေကို တောင်းဆိုပါ။မေးခွန်းတွေ မေးပါ။လူတွေကို သင်သိထားတာတွေ ပြောပြပေးပါ။
ပြန်လည် တုံ့ပြန် တိုက်ခိုက်ပါ။လူ ၁ဘီလီယံရဲ့ အသက်က သင့်လက်ထဲမှာ ရှိပါတယ်။
James Thura
RangonNewsDaily
kolatt (Pabedan): 30.8.2013
world time
0 comments:
Post a Comment