Pages

Saturday, August 3, 2013

မင်းဓမ္မပန်းကွင်းကို စည်ပင်အင်အား ၆၀၀ ခန့်ဖြင့် ခြံစည်းရိုးခတ်ရာမှ ပန်းကွင်းအတွင်း လုပ်ကိုင်သူများနှင့် ခိုက်ရန်ဖြစ်ပွား

8.2.7
ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ဝင်များက အခြေအနေကို လာရောက် ထိန်းသိမ်းနေစဉ် (ဓာတ်ပုံ-ကြည်နိုင်)

RangonNewsDaily:: Aug 3, 2013
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစား ကွင်းများဌာန စာတန်းပါ အင်္ကျီ
ဝတ်ဆင်ထားသော ၀န်ထမ်းအင်အား ၆၀၀ ခန့်သည် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် အတွင်းရှိ မင်းဓမ္မပန်း
ကွင်းကို သြဂုတ်၂ ရက်၊နံနက်၂ နာရီခန့်ကတည်းကယာဉ် ၁၂ စီးဖြင့် လာရောက်၍ ကတ္တရာပီပါခွံ ဟောင်း
များဖြင့် ခြံစည်းရိုးကာရံခဲ့ရာမှပန်းကွင်းအတွင်းရှိဆိုင်ခန်းများတွင် နေထိုင်လုပ်ကိုင် နေသူများနှင့်ခိုက်ရန်ဖြစ်
ပွားခဲ့ကြောင်း သတင်းရရှိသည်။

''ည ၂ နာရီလောက်မှာ စည်ပင်ကကား ၁၂ စီးလောက် ရောက်လာပြီး ခြံစည်းရိုးခတ်ဖို့ လုပ်တယ်။ အထက်
က ညွှန်ကြားလို့ နာရီဝက်အတွင်း အပြီးခြံစည်းရိုး ခတ်ရမှာလို့ သူတို့က ပြောတယ်။ ဒီလိုခြံစည်းရိုး ခတ်မယ်
လို့ ကြိုအကြောင်း ကြားထားတာလည်း မရှိဘူး။

အပေါက်သုံးပေါက်က လူမ၀င်တဲ့ အပေါက်ပဲချန်ပြီး ၀င်တဲ့အပေါက်ကို ပိတ်ဖို့လုပ်တော့ မလုပ်ဖို့ ကျွန်မတို့ တားကြတယ်။ သူတို့က ပိတ်မယ်။ ကျွန်မတို့က မပိတ်နဲ့ ပြောရင်းနဲ့ မနက် ၈ နာရီလောက်မှစပြီး ခဲတွေနဲ့ ပစ်တာတို့၊ ၀ါးတုတ်တွေနဲ့ ရိုက်တာတို့ လုပ်လာကြတယ်။

မိန်းကလေးတွေကို အရှေ့ကထားပြီး ယောက်ျားလေးတွေကအနောက်ကတွန်းတာ။တွန်းရာကနေရိုက်နှက်
မှုတွေ စဖြစ်ကြတယ်။

သူတို့လူကြီးတွေက အနောက်ကနေ ချချဆိုပြီး ခိုင်းကြတယ်'' ဟု ပန်းမင်းသား သစ်ခွဆိုင်မှ ဆိုင်ရှင် ဒေါ်ကေ
သွယ်စိုးက ပြောကြားသည်။
8.2.8
ရုန်းရင်းဆန်ခတ်မှု ဖြစ်စဉ်ကြောင့် ဒဏ်ရာရသူ တစ်ဦးကို တွေ့ရစဉ်


ခိုက်ရန် ဖြစ်ပွားသည့်အတွက် ပန်းကွင်းအတွင်း လုပ်ကိုင်သူများထဲမှ လေးဦးခန့် ဒဏ်ရာရရှိခဲ့ပြီး မြောက်ဥ
က္ကလာပ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ပန်းကွင်းအတွင်း လုပ်ကိုင်သူများက ဆိုသည်။ မင်းဓမ္မပန်းကွင်းရှိ အလုပ်သမား တစ်ဦးကလည်း ''သူတို့ဝါးတွေကို ချွန်ပြီးထိုးလို့ ဒဏ်ရာရတဲ့ သူတွေရှိတယ်'' ဟုဆိုသည်။

မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးသန်းနိုင်က ''ဒီမှာ ရုန်းရင်းဆန်ခတ် ဖြစ်နေတယ်ဆိုလို့ ရောက်လာ
တာပါ။ ဖြစ်နေတဲ့ အခြေအနေတွေကို ထိန်းသိမ်းဖို့ပါ။ စည်ပင်က သူတို့အပိုင်းကို သူတို့ ခြံစည်းရိုး ခတ်တာ
ပါ။

 ဒီက ပန်းဆိုင်ပိုင်ရှင်တွေက အခတ်မခံဘူး။ နောက်တော့ ပြဿနာတွေ ဖြစ်ကြတယ်။ စည်ပင်သာယာဝန်
ထမ်း ခုနစ်ယောက်လောက် ဒဏ်ရာရသွားလို့ အင်းစိန်ဆေးရုံမှာ တင်ထားတယ်လို့ သိရတယ်'' ဟုဆိုသည်။

8.2.14
ရုန်းရင်းဆန်ခတ်မှု ဖြစ်စဉ်ကြောင့် ဒဏ်ရာရသူ တစ်ဦးကို တွေ့ရစဉ်


ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနမှ ဌာနမှူးနှင့် အဖွဲ့က မင်းဓမ္မပန်းကွင်းကို မဟုတ်ဘဲ ပန်းကွင်း၏ အပြင်ဘက် လမ်းပခုံးကို ခြံစည်းရိုးလာရောက်ခတ်သည်ကို ပန်းကွင်းအတွင်း လုပ်ကိုင်နေသူများက စည်ပင်
ဝန်ထမ်းများကို ခဲဖြင့်ပေါက်ခြင်း၊ တုတ်ဖြင့်ရိုက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် ၀န်ထမ်းအချို့ ခေါင်းကွဲခြင်းများ ဖြစ်
ပေါ်ခဲ့ကြောင်း၊ထို့အတွက်ရိုက်နှက်သူများကိုစည်ပင်ဘက်က တရားစွဲဆိုမည်ဟု အဆိုပါ ဌာနမှ တာဝန်ရှိသူ တစ်ဦးက သြဂုတ် ၂ရက် နေ့လယ်ပိုင်းက ပြောကြားသည်။


မင်းဓမ္မပန်းကွင်းမှာ ရန်ကုန်မြို့၏ဒုတိယစီးပွားရေးဗဟိုဌာန ပြုလုပ်ရန် နေရာဖြစ်သောကြောင့် အဆိုပါ ပန်း
ကွင်းမှ ဆိုင်ခန်းများကို ဒေါပုံမြို့နယ် ယမုံနာပန်းကွင်းသို့ ပြောင်းရွှေ့ရန် ပြောကြားထားသည်မှာ ကြာပြီဟု
လည်း အဆိုပါ တာဝန်ရှိသူက ဆက်လက် ပြောကြားသည်။

ပွင့်ဝတ်ရည် ပျိုးဥယျာဉ်ပိုင်ရှင် ဒေါ်သီတာက ''သူတို့တွေ တရားစွဲမယ်ဆိုရင် ကျွန်မတို့လည်း တရားပြန်စွဲ
သွားမယ်။ ကျွန်မတို့ အနေနဲ့လည်း ခုခံပိုင်ခွင့် ရှိပါတယ်'' ဟု ဆိုသည်။

Eleven Media ,  RangonNewsDaily
kolatt (Pabedan): 3.8.2013

0 comments:

Post a Comment