Albert Gonzalez |
RangonNewsDaily:: July 31, 2013
Gonzalez ဟာ အမေရိကန်-ကျူးဘားလူမျိုးတစ်ယောက်ဖြစ်ပြီး Credit Card Numbers တွေကိုအဓိကထား ဖောက်ထွင်းခိုးယူခဲ့တဲ့ ဟက်ကာတစ်ေ ယာက်ဖြစ် ပါတယ်။ ၁၉၈၁ ခုနှစ်မှာမွေးဖွားခဲ့သူတစ်ယောက်ဖြစ်ပြီး အသက် ၃၂ အရွယ်ရှိနေပြီး လက်ရှိ အကျဉ်းထောင်ထဲမှာ ရှိနေသူပါ။ Gonzalez ဟာ ၂နှစ်အတွင်းမှာ Credit Card and ATM card Numbers ပေါင်းသန်း ၁၇၀ ကျော်ခိုးယူဖောက်ထွင်းခဲ့ပြီး သူရဲ့ဟက်ကာ ဘ၀ကိုစတင်ခဲ့ပါတယ်။တစ်ကိုယ်တည်း ဟက်ကာတစ်ယောက်အပြင် "ShadowCrew" ဆိုတဲ့ Hacker Groupမှာ ခေါင်းဆောင်တာဝန်ကိုယူထားပြီး Hacker ဆိုတဲ့ဘ၀ကိုပီပြင်အောင်ထုဆစ်ခဲ့ပါတယ်။
အဲဒီအဖွဲ့ဟာ Credit Card Numbers ပေါင်း သန်း ၁၅၀ ခန့်ကို ခိုးယူခဲ့ပြီး အွန်လိုင်းမှာပြန်လည်ရောင်းချခဲ့ပါတယ်။ သူတို့ဟာ ပတ်စ်ပို့၊ ထောက်ခံစာ၊ မွေးစာရင်း စတာတွေကိုလည်း ဖောက်ထွင်းခဲ့ပြီး တစ်ဆင့်ပြန်လည်ရောင်းချခဲ့ပါတယ်။

၂၀၀၇ ခုနှစ်အရောက်မှာတော့ Dave &
Buster စားသောက်ဆိုင်အုပ်စုကို ဖောက်ထွင်းခဲ့ပြီး Card Numbers ပေါင်း ၅၀၀၀
ထောင်ကျော်ကိုလည်း ခိုးယူခဲ့ပါတယ်။
အဲဒီလိုဖောက်ထွင်းလိုက် ပြန်လည်ရောင်းချလိုက်နဲ့လုပ်နေတာပြီးတဲ့အခါမှာ
Gonzalez အတွက် ကံဆိုးမူများရောက်လာခဲ့ပါတယ်။ အဲဒါကတော့ ၂၀၀၈ ခုနှစ် မေလ ၇ ၇က်နေ့မှာတော့ရဲတပ်ဖွဲ့ဝင်များရဲ့ ဖမ်းဆီးခြင်းကို ဖလော်ရီဒါရှိ အခန်းနံပါတ် ၁၅၀၈, National Hotel မှာခံခဲ့ရပါတယ်။

ဒါကြောင့် ကျူးလွန်ခဲ့တဲ့ အမှူများအတွက်ထောင်ဒဏ် အနှစ် ၂၀ ကျခံခဲ့ရပါတယ်။
IT4M
RangonNewsDaily
kolatt (Pabedan): 31.7.2013
kolatt (Pabedan): 31.7.2013
0 comments:
Post a Comment