Tuesday, July 09, 2013
BMW i3 အမည်ရ ဟိုင်းဘရစ်ကား ရဲ့ ဈေးနှုန်းကို အတည်ပြုပေးလိုက်ပြီ ဖြစ် ပါတယ်။ ဗြိတိန်ပေါင် ၃ သောင်း တန်ဖိုး သတ်မှတ်ထားပြီး ယခုနှစ်ကုန် ပိုင်းအတွင်း ဖြန့်ချိတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ အင်ဂျင်ပါဝါ ၆၀၀ စီစီသာရှိတဲ့ အသေးစား အင်ဂျင်ကို ဟိုင်းဘရစ်ဖြစ်အောင် လျှပ်စစ်ဘက်ထရီနဲ့ မော်တာ ပေါင်းစပ်ထားပေးမှာ ဖြစ်ပါတယ်။
သဘာဝတ်ဝန်းကျင် ထိခိုက်မှု အနည်းနိုင်ဆုံးဖြစ်အောင် ဖန်တီးထားတဲ့
Eco Tech ကို အသုံးပြုထားခြင်း ဖြစ်ပါတယ်။ တစ်နာရီ မိုင် ၁၀၀ အထက် ဝန်းကျင် top speed ပေးနိုင်ပြီး မြို့ တွင်းမောင်းနှင်ဖို့အတွက် သင့်တော်ကြောင်း ဆိုပါတယ်။
ဂျာမနီ BMW i3 လိုပဲ အခြားသော i စီးရီးကားများကိုပါ BMW မှ နှစ်စဉ် ထုတ်လုပ်ပေးသွားရန် ရှိကြောင်း သိရပါတယ်။
.
Stuff UK
Aung Kham
Stuff Myanmar Magazine , RangonNewsDaily
kolatt(PBDN): 9.7.2013

0 comments:
Post a Comment