Pages

Wednesday, July 3, 2013

အမေရိကန်စံချိန်မီ နှလုံးရောဂါ ကုသသင်ကြားရေး ဆေးရုံကြီး မြန်မာနိုင်ငံ တွင် တည်ထောင်မည်

ရန်ကုန်၊ ဇူလိုင် ၃

အမေရိကန်ပြည်ထောင်စုရှိ ထိပ်တန်းအဆင့် နှလုံး အထူးကုများနှင့် ကျွမ်းကျင်သူများ ပါဝင်သော အဖွဲ့က အမေရိကန်စံချိန်မီ နှလုံးရောဂါ ကုသရေးနှင့် သင်ကြားရေး ဆေးရုံကြီး Myanmar Heart Institute ကို မြန်မာ
နိုင်ငံရန်ကုန်မြို့တွင်တည်ထောင်မည်ဖြစ်ကြောင်း အဆိုပါ ဆေးရုံကြီး ဖြစ်မြောက်ရေး အဓိက ဦးဆောင်လှုပ်
ရှားသူ အမေရိကန် အခြေစိုက် နှလုံးအထူးကု သမားတော်ကြီး ဒေါက်တာ ထွဋ်ကျော်ဝင်းက The Voice သို့
 ပြောကြားသည်။
အမေရိကန်ပြည်ထောင်စုတွင် အကျော်ကြားဆုံး နှလုံးအထူးကု ဆေးရုံကြီး တစ်ရုံဖြစ်သည့် တက္ကဆက်ပြည်
နယ်ဟူစတန်မြို့ရှိMethodist Debakey Heart and Vascular Centerတွင် နှလုံးအထူးကု သမားတော်ကြီး အဖြစ်
ဆောင်ရွက်လျက်ရှိသည့် ဒေါက်တာထွဋ်ကျော်ဝင်းအပါအဝင်အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ စသည့် နိုင်
ငံများတွင် လက်ရှိ တာဝန် ထမ်းဆောင်လျက်ရှိသည့် မြန်မာနိုင်ငံဖွား အထူးကု ဆရာဝန်ကြီးများက ဝိုင်းဝန်း
ကာ Myanmar Heart Institute ကို တည်ထောင် သွားမည်ဖြစ်ကြောင်း အဆိုပါ ဆရာဝန်ကြီးများက ဆိုသည်။

ထိုဆေးရုံကြီးတွင် မြန်မာနိုင်ငံ၌ လောလောဆယ်မရနိုင်သေးသည့်နှလုံးရောဂါဆိုင်ရာအရေးပေါ် ပြုစု စောင့်

ရှောက်မှုများ ကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး မြန်မာလူနာများ စင်ကာပူ သို့မဟုတ် ဘန်ကောက်သို့ သွားရန်မ
လိုဘဲ အိုးမကွာ အိမ်မကွာဖြင့် အမေရိကန် အဆင့် ပြုစုကုသမှုမျိုးကို ရရှိမည်ဖြစ်ကြောင်း အဆိုပါ ဆရာဝန်
ကြီးများက ဆိုသည်။

Myanmar Heart Institute သည် မြန်မာ နှလုံးဝေဒနာရှင်များ ကို နှလုံးရောဂါအဆင့်မြင့် စောင့်ရှောက်ကုသမှု

ပေးမည်ဖြစ်ပြီး ဆရာဝန် များ၊ ကျွမ်းကျင်သူများ၊ သူနာပြုများနှင့် အခြားလိုအပ်သောအဆင့်မြင့်ပစ္စည်းကိရိ
ယာများကို ပံ့ပိုးမည်ဖြစ်သည်။

Myanmar Heart Institute သည် ဆေးကုသရေးအပြင် စနစ်တကျ ရေးဆွဲထားသည့် လေ့ကျင့် သင်ကြားရေး အစီအစဉ်ဖြင့် မြန်မာ ဆရာဝန်များကို နိုင်ငံတကာအဆင့် အထူးကုဆရာဝန် မျိုးဆက်များ ဖြစ် လာအောင် 

လေ့ကျင့်ပေးသွားမည်ဟုလည်း ဒေါက်တာ ထွဋ်ကျော်ဝင်း က ပြောကြားသည်။

Myanmar Heart Institute သို့ လာရောက်သောလူနာများအနက်မှကုရန်အလွန်ခက်သော ရောဂါအခြေအနေ

နှင့် ရင်ဆိုင်နေရသည့် လူနာများသည် အာရှတွင် မရနိုင်သော ပြုစု စောင့်ရှောက်မှုမျိုးကိုအမေရိကန်နိုင်ငံ
ဟူစတန်ရှိကမ္ဘာ့ထိပ်တန်းနှလုံးရောဂါ ဆေးရုံကြီးဖြစ်သည့်The Methodist Hospital တွင် ခံယူကုသနိုင်မည်
ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုသို့ ၂၀၁၃ မေလတွင် နိုင်ငံတော် ခရီးစဉ်ဖြင့် ရောက်ရှိခဲ့သော သမ္မတ ဦးသိန်းစိန်

ကအမေရိကန် နိုင်ငံတွင်အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာ ဆရာဝန်ကြီးများနှင့် တွေ့ဆုံရာတွင် အမိနိုင်
ငံသို့ ပြန်လာ အလုပ်အကျွေးပြုရန် မြန်မာ ဆရာဝန်ကြီးများအား ကိုယ်တိုင် ကိုယ်ကျ တိုက်တွန်းခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် အမေရိကန်နိုင်ငံရောက် နှလုံးအထူးကု ဆရာဝန်ကြီး များ ပြန်လာရန် သူအပါအဝင်

မြန်မာနှလုံး ဝေဒနာရှင် များက စောင့်မျှော်နေကြောင်း သမ္မတ ဦးသိန်းစိန်က အရွှန်းဖောက် ပြော ကြားသွား
ခဲ့သည်။

ဒေါက်တာထွဋ်ကျော်ဝင်းသည် interventional Cardiology ခေါ် နှလုံးရောဂါ ကုသရေးနယ်ပယ်ကို အကျိုးကျေး

ဇူး ကြီးမားစေသည့် သုတေသနများ ပြုလုပ်ခဲ့ပြီး ထိုတွေ့ရှိချက်များကို Journal of the American Medical Association, Journal of the American College of Cardiology ESifh American Heart Journal ကဲ့သို့ သြဇာတိ
က္ကမကြီး နှလုံးပညာရပ်ဆိုင်ရာ ဂျာနယ်များတွင် ရေးသား ခဲ့သည်။

The Voice Weekly , RangonNewsDaily
kolatt(PBDN): 3.7.2013 

0 comments:

Post a Comment