Pages

Sunday, July 7, 2013

တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံအလုပ်ရုံအဆင့် ဆွေးနွေး ပွဲများ စတင်

Photo: တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံအလုပ်ရုံအဆင့် ဆွေးနွေး
ပွဲများ စတင်
Sunday, 07 July 2013

မြောက်ကိုရီးယားနှင့် တောင်ကိုရီးယား နိုင်ငံတို့သည် ၎င်းတို့ နှစ်နိုင်ငံကြား အလုပ်ရုံ အဆင့် ဆွေးနွေးပွဲများကို နယ်စပ်ရှိ ပန်မွန်ဂျုံ ကျေးရွာ၌ ဇူလိုင်
၆ ရက်တွင် စတင် ဆွေးနွေးခဲ့ကြသည်ဟု ယွန်ဟပ် သတင်း အေဂျင်စီ၏ ထုတ်ဖော် ပြောကြားချက်အရ သိရသည်။

အစီအစဉ်များ အရ နှစ်နိုင်ငံ အစိုးရ အဖွဲ့မှ အဖွဲ့ဝင် သုံးဦးပါသော ကိုယ်စားလှယ် များသည် ၎င်းတို့၏ ဆွေးနွေးပွဲ များကို ဇူလိုင် ၆ ရက် ဒေသ စံတော်ချိန် နံနက် ၁၀ နာရီ ၀န်းကျင်တွင် စတင်ခဲ့ ကြသည်ဟု သိရသည်။

ယင်းဆွေးနွေးပွဲတွင် သုံးလကြာခန့် ရပ်ဆိုင်းထားသော ကေဆုန် စက်မှု
ဇုန်အား ပုံမှန်အတိုင်း ပြန်လည် လည်ပတ်စေရန် မည်ကဲ့သို့ လုပ်ဆောင် ကြမည်ဟူသော အကြောင်းအရာ များကို ဆွေးနွေးသွားမည်
ဖြစ်ကြောင်း ယွန်ဟပ်သတင်း အေဂျင်စီက ပြောကြားသည်။

ဆွေးနွေးပွဲသို့ တောင်ကိုရီးယား ကိုယ်စားလှယ် အုပ်စု၏ ခေါင်းဆောင်
အဖြစ် ပေါင်းစည်းရေး ၀န်ကြီး ဌာန၏ အပြန်အလှန် လဲလှယ်ခြင်းနှင့် ပူးတွဲ လုပ်ဆောင်မှုအဖွဲ့မှ အကြီး အကဲ ဖြစ်သူ ဆပ်ဟို တက်ရောက်ခဲ့ပြီး မြောက်
ကိုရီးယား ကိုယ်စားလှယ် အဖွဲ့၏ ခေါင်းဆောင်အဖြစ် အထူးဇုန် ဖွံ့ဖြိုးရေး လမ်းညွှန်မှု အဖွဲ့ချုပ်၏ ဒုတိယ ညွှန်ကြားရေးမှူး ဖြစ်သူ ပါ့ခ်ချိုဆူးတို့ တက်ရောက်ခဲ့သည်ဟု သိရသည်။

မြ၀တီ

Sunday, 07 July 2013

မြောက်ကိုရီးယားနှင့် တောင်ကိုရီးယား နိုင်ငံတို့သည် ၎င်းတို့ နှစ်နိုင်ငံကြား အလုပ်ရုံ အဆင့် ဆွေးနွေးပွဲများ
နယ်စပ်ရှိ ပန်မွန်ဂျုံ ကျေးရွာ၌ ဇူလိုင်၆ ရက်တွင် စတင် ဆွေးနွေးခဲ့ကြသည်ဟု ယွန်ဟပ် သတင်း အေဂျင်စီ
၏ ထုတ်ဖော် ပြောကြားချက်အရ သိရသည်။ အစီအစဉ်များ အရ နှစ်နိုင်ငံ အစိုးရ အဖွဲ့မှ အဖွဲ့ဝင် သုံးဦးပါသော ကိုယ်စားလှယ်များသည်၎င်းတို့၏ ဆွေး
နွေးပွဲ များကို ဇူလိုင် ၆ ရက် ဒေသ စံတော်ချိန် နံနက် ၁၀ နာရီ ၀န်းကျင်တွင် စတင်ခဲ့ ကြသည်ဟု သိရသည်။

ယင်းဆွေးနွေးပွဲတွင်သုံးလကြာခန့်ရပ်ဆိုင်းထားသော ကေဆုန်စက်မှုဇုန်အား ပုံမှန်အတိုင်း ပြန်လည်လည်
ပတ်စေရန်မည်ကဲ့သို့လုပ်ဆောင် ကြမည်ဟူသောအကြောင်းအရာများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း 
ယွန်ဟပ်သတင်း အေဂျင်စီက ပြောကြားသည်။

ဆွေးနွေးပွဲသို့ တောင်ကိုရီးယား ကိုယ်စားလှယ် အုပ်စု၏ ခေါင်းဆောင်အဖြစ် ပေါင်းစည်းရေးဝန်ကြီးဌာန၏
အပြန်အလှန် လဲလှယ်ခြင်းနှင့် ပူးတွဲ လုပ်ဆောင်မှုအဖွဲ့မှ အကြီးအကဲ ဖြစ်သူဆပ်ဟိုတက်ရောက်ပြီး မြောက်
ကိုရီးယား ကိုယ်စားလှယ် အဖွဲ့၏ ခေါင်းဆောင်အဖြစ် အထူးဇုန် ဖွံ့ဖြိုးရေး လမ်းညွှန်မှု အဖွဲ့ချုပ်၏ ဒုတိယ
ညွန်ကြားရေးမှူး ဖြစ်သူ ပါ့ခ်ချိုဆူးတို့ တက်ရောက်ခဲ့သည်ဟု သိရသည်။

မြ၀တီ , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၇.၇.၂၀၁၃

0 comments:

Post a Comment

 
world time