Pages

Wednesday, July 24, 2013

ဂစ်တာနိုင်ဇော်၏ “ဂန္တ၀င်တောင်ပံများ” စီးရီး သြဂုတ်တွင်ထွက်ရှိမည်

Wednesday, July 24, 2013

Lazy Club တီးဝိုင်းအဖွဲ့မှ ဂစ်တာနိုင်ဇော်၏ ငါးခွေမြောက်တူရိယာ သီးသန့်ပါဝင်သည့် “ဂန္ထ၀င်တောင်ပံ များ

” တစ်ကိုယ်တော်စီးရီးကို သြဂုတ်လအတွင်း ဖြန့်ချိမည်ဖြစ်သည်။ယင်းစီးရီးသည် လေးဖြူ၊အငဲ၊ ဖိုးကျော်၊ သျှီ၊
ထူးအယ်လ်လင်းတို့ သီဆိုခဲ့သည့် နာမည်ကြီးတေးသီချင်းများအား ပြန်လည်တီးခတ်ထားခြင်းဖြစ်ပြီး တေးသီ
ချင်း ၁၂ ပုဒ်၏ တူရိယာတီးခတ်မှုများပါဝင်မည် ဖြစ်သည်။
ဂစ်တာနိုင်ဇော်က “သီချင်းတွေကတော့ ကော်ပီသီချင်းတွေပါပဲ။ နာမည်ကြီးခဲ့တဲ့ တေးသီချင်းတွေကို ကိုယ့် Idea နဲ့ ကိုယ်ပြန်တီးပြတဲ့သဘောပါပဲ။ဒီထဲမှာပါတဲ့ အတောင်ပံများနဲ့သီချင်းကို မူရင်းတီးပုံတီး ကွက်အတိုင်း
ပြန်ပြီးတီးပြထားတယ်။ ကျန်တဲ့သီချင်းတွေကတော့ နဂိုပုံစံတွေပဲ တီးခတ်ထားတယ်။ 

အတီးတွေအားလုံး တီးပြီးပြီ။ အခွေကာဗာဒီဇိုင်းတွေလည်း ပြီးနေပြီဆိုတော့ ထွက်ဖို့ပဲရှိပါတော့တယ်။ အသံ
သွင်းတာကတော့ ကျွန်တော့်ရဲ့စတူဒီယိုမှာရော၊ Pro နဲ့ ESUS5 စတဲ့စတူဒီယိုမှာလည်း သွင်းထား ပါတယ်
”ဟု ပြောပြသည်။ 

ယင်းစီးရီးအား ပြည်တော်ဦးတေးသံသွင်းက ထုတ်လုပ်ဖြန့်ချိမည်ဖြစ်သည်။

ပန်းမြတ်ဇော်
မဇ္ဈိမ , RangonNewsDaily
kolatt (Pabedan): 24.7.2013

0 comments:

Post a Comment