ကျောက်ဖြူ မဒေးကျွန်း ရေနက်ဆိပ်ကမ်း ဆိပ်ခံတံတားအား တွေ့ရစဉ် |
Friday, 12 July 2013
ကျောက်ဖြူဆိပ်ကမ်း အမှတ် ၃ တံတားအား ဒေ၀ူးကုမ္ပဏီမှ တည်ဆောက်ပြီးစီး၍ မြန်မာ့ဆိပ်ကမ်း အာဏာ
ကျောက်ဖြူဆိပ်ကမ်း အမှတ် ၃ တံတားအား ဒေ၀ူးကုမ္ပဏီမှ တည်ဆောက်ပြီးစီး၍ မြန်မာ့ဆိပ်ကမ်း အာဏာ
ပိုင်သို့ ၂၀၁၃ ခု နှစ်၊ ဇူလိုင်
၁၂ ရက်တွင် လွှဲပြောင်းပေးအပ် သွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း
အာဏာ
ပိုင်မှ မြို့ပြအင်ဂျင်နီယာချုပ် ဦးမြသန်း၏ ပြောကြားချက်အရ သိရသည်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ကျောက်ဖြူဆိပ်ကမ်း အမှတ် ၃ ကွန်ကရစ်
ဆိပ်ခံတံတားအား DaewooInter
national Coporation မှ တည်ဆောက်ပြီး
မြန်မာ့ဆိပ်ကမ်း အာဏာပိုင်သို့ အများပြည်သူ အသုံးပြုနိုင်ရန်
လွှဲ
ပြောင်းပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။
ကျောက်ဖြူဆိပ်ကမ်း အမှတ် ၃ ကွန်ကရစ်ဆိပ်ခံတံတားအား၂၀၁၂ ခုနှစ်၊ဒီဇင်ဘာ၂၀ ရက်က စတင် တည်
ဆောက်၍ ၂၀၁၃
ခုနှစ်၊ ဇွန် ၁၀ ရက်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ
ခုနစ်သိန်း ကုန်ကျခဲ့ကြောင်း သိရသည်။
လက်ရှိတွင်အမှတ် (၁)ကွန်ကရစ် ဆိပ်ခံတံတားအား ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်း လုပ်ငန်းများ ဆောင်
လက်ရှိတွင်အမှတ် (၁)ကွန်ကရစ် ဆိပ်ခံတံတားအား ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်း လုပ်ငန်းများ ဆောင်
က်နေသော ဒေ၀ူးကုမ္ပဏီမှအဆင့်မြှင့်တင်တည်ဆောက်ပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ထံမှBOT စနစ်နှင့်
ပြန်လည်ငှားရမ်း လုပ်ကိုင်လျက် ရှိသည်။
အမှတ်(၁)ကွန်ကရစ် ဆိပ်ခံတံတားအား နိုင်ငံခြား သင်္ဘောကြီးများ ၀င်ထွက်ဆိုက်ကပ် အသုံးပြုနိုင်ရန် အ
ဆင့်မြှင့်တင် တည်ဆောက်ထား၍
ပြည်တွင်းသွား ရေယာဉ်များ၊ သင်္ဘောများ ဆိုက်ကပ်နိုင်ခြင်း မရှိသဖြင့်
ဒေ၀ူးကုမ္ပဏီမှယခုကဲ့သို့အမှတ်(၃)ကွန်ကရစ်ဆိပ်ခံတံတားအား အသစ်တည်ဆောက်
ပေးခဲ့ခြင်း ဖြစ်သည်။
''ပင်လယ်ပြင်သွား ရေယာဉ်ကြီးတွေ ဆိုက်ကပ်နိုင်အောင် အဆင့်မြှင့်တင်ပြီး တည်ဆောက်ထားတာ ဖြစ်လို့
''ပင်လယ်ပြင်သွား ရေယာဉ်ကြီးတွေ ဆိုက်ကပ်နိုင်အောင် အဆင့်မြှင့်တင်ပြီး တည်ဆောက်ထားတာ ဖြစ်လို့
ပြည်တွင်းသွား ရေယာဉ်တွေ ဆိုက်ကပ်ဖို့ အဆင်မပြေဘူး။ ဒါကြောင့်မို့
ဆိပ်ခံတံတား အမှတ်(၃)ကို အသစ်
တည်ဆောက်ပြီး လွှဲပြောင်းပေးအပ်တာပါ'' ဟု
မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ မြို့ပြအင်ဂျင်နီယာချုပ် ဦးမြ
သန်းက
ပြောကြားသည်။
ကျောက်ဖြူဆိပ်ကမ်း အမှတ်(၃) ကွန်ကရစ် ဆိပ်ခံတံတားမှာ ပင်မတံတား အလျား ပေ ၇၀၊ အကျယ် ၂၄
ပေ၊ ချဉ်းကပ်တံတား ပေ ၂၄၀ ဖြစ်ကြောင်း သိရသည်။
EMG , RangonNewsDaily
kolatt(PBDN): 12.7.2013
EMG , RangonNewsDaily
kolatt(PBDN): 12.7.2013
0 comments:
Post a Comment