ဇူလိုင်လ ၂၂ ရက် ၂၀၁၃ ခုနှစ်
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် အကြီးဆုံး ဟိုတယ်အဖြစ် နန်းထိုက်သူ အဆင့်မြင့် ဟိုတယ်ကို ဇူလိုင် ၂၁ ရက်တွင် ဖွင့်လှစ်ခဲ့သည်။
ယင်းဟိုတယ်မှာ မကွေးတိုင်း တစ်ခုလုံးတွင် အကြီးဆုံးဖြစ်ပြီး
တည်ဆောက်ထားသော မြေဧရိယာမှာ ၆ ဒသမ ၃၃ ဧက ကျယ်ဝန်းပြီး အခန်းပေါင်း ၆၈ ခန်း
ပါ ဝင်ပြီး အထပ်လေးထပ်ရှိ ဟိုတယ်ဖြစ်သည်။ ဟိုတယ်တွင် အခန်းများကို
အဆင့်အလိုက် ငါးဆင့် ခွဲခြားထားပြီး ဧရာဝတီမြစ်ကို တစ်ဖက်မြင်ရှုခင်း၊
နှစ်ဘက်မြင်ရှုခင်းနှင့် သုံးဘက်မြင်ရှုခင်းဟူ၍ ခွဲခြားထားခြင်းဖြစ်သည်ဟု
ယင်းဟိုတယ် ပိုင်ရှင် ဦးစံထွေးက ပြောသည်။
အဆိုပါဟိုတယ်တွင်
အညာဒေသ ထွက်ကုန်ပစ္စည်းအရောင်းခန်း၊ အစည်းအဝေးခန်းမ၊ မင်္ဂလာခန်းမနှင့်
အလှပြင်ခန်းများ ပါဝင်ပြီး တည်းခိုခန်းခများမှာ ပြည်တွင်းဧည့်သည်များအတွက်
အနည်းဆုံး ကျပ် ၃၂,ဝ၀ဝ မှ အများဆုံးကျပ် ၁၀ဝ,ဝ၀ဝ ထိ ဆင့်ငါးမျိုး
ခွဲခြားထားသည်။ နိုင်ငံခြားသားဧည့်သည်များအတွက် အမေရိကန်ဒေါ်လာ ၅၀ မှ ၇၀ အထိ သတ်မှတ်ထားသည်ဟုလည်း ဟိုတယ်မှ သိရသည်။
ယင်းအပြင် ပါတီပွဲနှင့် မွေးနေ့ပွဲများအတွက်လည်း ဝန်ဆောင်မှုပေးမည်ဖြစ်သည်။
ယင်းဟိုတယ်ဖွင့်လှစ်ရခြင်းနှင့်
ပတ်သက်ပြီး ပိုင်ရှင်ဦးစံထွေးက မကွေးမြို့အတွက် နိုင်ငံတကာနှင့်
ရင်ဘောင်တန်းနိုင်ရန် အဆင့်မြင့်ဟိုတယ်အဖြစ် တည်ဆောက်ခြင်းဖြစ်ပြီး
မကွေးတွင် ဟိုတယ် အခန်းလိုအပ်ချက်များရှိနေ၍ တည်ဆောက်ရခြင်း ဖြစ်သည်ဟု
ဆိုသည်။
အဆိုပါ ဟိုတယ်ဖွင့်ပွဲသို့
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေနှင့်
အစိုးရဝန်ကြီးများ ဌာနဆိုင်ရာမှ ဖိတ်ကြားထားသော ဧည့်သည်တော် ၁၀ဝကျော်ခန့်
တက်ရောက်သည်။
ယခုနှစ် ပထမလေးလပတ်အတွင်းက ဟိုတယ်နှင့်
ခရီးသွာလာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စာရင်းများအရ မကွေးမြို့တွင်
ကြယ်နှစ်ပွင့် အဆင့်ရှိ ဟိုတယ် နှစ်လုံးနှင့်ကြယ်တစ်ပွင့် အဆင့်ရှိ
ဟိုတယ်နှစ်လုံး ရှိပြီး အခန်းပေါင်း ၁၀၅ ခန်းရှိသည်။
ယင်းအပြင် ပါတီပွဲနှင့် မွေးနေ့ပွဲများအတွက်လည်း ဝန်ဆောင်မှုပေးမည်ဖြစ်သည်။
ယင်းဟိုတယ်ဖွင့်လှစ်ရခြင်းနှင့်
အဆိုပါ ဟိုတယ်ဖွင့်ပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေနှင့် အစိုးရဝန်ကြီးများ ဌာနဆိုင်ရာမှ ဖိတ်ကြားထားသော ဧည့်သည်တော် ၁၀ဝကျော်ခန့် တက်ရောက်သည်။
ယခုနှစ် ပထမလေးလပတ်အတွင်းက ဟိုတယ်နှင့် ခရီးသွာလာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စာရင်းများအရ မကွေးမြို့တွင် ကြယ်နှစ်ပွင့် အဆင့်ရှိ ဟိုတယ် နှစ်လုံးနှင့်ကြယ်တစ်ပွင့် အဆင့်ရှိ ဟိုတယ်နှစ်လုံး ရှိပြီး အခန်းပေါင်း ၁၀၅ ခန်းရှိသည်။
0 comments:
Post a Comment