Saturday, 13 July 2013
မလေရှားနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားများ စုပေါင်းပြီး နိင်ငံရေး လူမူရေးကွန်ရက်တစ်ခု ဒီကနေ့မှာ ဖွဲ့စည်း
မလေရှားနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားများ စုပေါင်းပြီး နိင်ငံရေး လူမူရေးကွန်ရက်တစ်ခု ဒီကနေ့မှာ ဖွဲ့စည်း
နိုင်ခဲ့ကြောင်း ၈၈ မျိုး ဆက်ကျောင်းသားများအဖွဲ့က ပြောပါတယ်။
မလေးရှားနိုင်ငံ ကွာလာလန်ပူမြို့ကို ဒီကနေ့ မွန်းလွဲပိုင်းက ရောက်ရှိလာတဲ့၈၈မျိုးဆက်ခေါင်းဆောင်ကိုမင်း
ကိုနိုင်၊ကိုဂျင်မီ၊စမ်းချောင်းကိုကိုကြီးတို့နဲ့နာရေးကူညီမူအသင်း ရန်ကုန်က
ဒေါ်သန်းမြင့်အောင်တို့ဟာမလေး
ရှား နိုင်ငံရောက် မြန်မာနိုင်ငံသားအလုပ်သမားများ၊ မြန်မာလူမှုရေးနဲ့ နိုင်ငံရေးအဖွဲ့တွေနဲ့ဒီကနေ့
ညနေပိုင်း
မှာပဲ တွေ့ဆုံဆွေးနွေခဲ့ပါတယ်။
ဒီတွေ့ဆုံပွဲမှာ ၈၈ အရေးတော်ပုံ ၂၅
နှစ်မြောက်ကာလအမီ ခုလိုကွန် ရက်ကြီးတစ်ခုဖွဲ့နိုင်တာဖြစ်တယ်လို့ ၈၈
ကျောင်းသားခေါင်းဆောင် ကိုဂျင်မီက ပြောပါတယ်။
"ဒီနေ့ကတော့ ရလာဒ်ကောင်းထွက်တယ်ဗျာ၊အဲဒါကဘာလဲဆိုတော့မလေးမှာရှိတဲ့အဖွဲ့အစည်းတွေအကုန်
"ဒီနေ့ကတော့ ရလာဒ်ကောင်းထွက်တယ်ဗျာ၊အဲဒါကဘာလဲဆိုတော့မလေးမှာရှိတဲ့အဖွဲ့အစည်းတွေအကုန်
လုံးက မြန်မာကွန်ရက်ကြီးတစ်ခုပေါ်ပေါက်အောင်လို့ ကြိုးစားကြလိမ့်မယ်၊ ငွေရတု ၈ လေးလုံးစိတ်ဓာတ်နဲ့ပဲ ၈
လေးလုံးငွေရတုအမီကို ကြိုးစားကြလိမ့်မယ်၊ ဒါကတော့ ရလာဒ်ကောင်း တစ်ခုပါပဲ"
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကိုမလေးရှားနိုင်ငံမှာနေထိုင် တဲ့ မြန်မာနိုင်ငံသားတွေရဲသာရေး
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကိုမလေးရှားနိုင်ငံမှာနေထိုင် တဲ့ မြန်မာနိုင်ငံသားတွေရဲသာရေး
၊ နာရေးလုပ်ငန်းတွေ ကူညီလုပ် ကိုင်ပေးနေတဲ့
နုလုံးလှပရဟိတ လူငယ်သွေးလှူရှင်များအဖွဲ့က ဖိတ် ကြားခဲ့တာဖြစ်ပါတယ်။
၈၈မျိုးဆက်ကျောင်းသားအဖွဲ့အနေနဲ့ လာမဲ့ဇူလိုင်လ ၁၆ ရက်နေ့မှာ
မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး
ဌာနက တာဝန်ရှိသူတွေ နဲ့
တွေ့ဆုံဖို့ရှိပြီး မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေတဲ့
မြန်မာနိုင်ငံသားများ လုံလုံ
ခြုံခြုံ နေထိုင်နိုင်ရေးကိစ္စတွေနဲ့ ပတ်သက်ပြီး
ဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။
RFA , RangonNewsDaily
ZawWinNaung(KTDA): 13.7.2013
RFA , RangonNewsDaily
ZawWinNaung(KTDA): 13.7.2013
0 comments:
Post a Comment