Monday, June 17, 2013
ကရင်ပြည်နယ် မြဝတီမြို့ဆုံစည်းမြိုင်ကျေးရွာမှာ(DKBA) ကလိုထူးဘောတပ်ဖွဲ့က ဦးစီးပြီး ဇွန်လ ၁၅ ရက်
ကရင်ပြည်နယ် မြဝတီမြို့ဆုံစည်းမြိုင်ကျေးရွာမှာ(DKBA) ကလိုထူးဘောတပ်ဖွဲ့က ဦးစီးပြီး ဇွန်လ ၁၅ ရက်
နေ့ကနေ ၁၇ ရက်နေ့အထိ၃ ရက်ကြာကျင်းပခဲ့တဲ့တိုင်းရင်းသားပေါင်းစုံသဘောထားအမြင် နှီးနှောဖလှယ်
ပွဲကနေ အချက် ၈ ချက်ပါတဲ့ သဘောထားကြေညာချက်တစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။ ဒီနေ့ထုတ်ပြန်ချက်မှာပါဝင်တဲ့ အချက်တချို့ကို DKBA ကလိုထူးဘောတပ်ဖွဲ့ ဗိုလ်မှူးစန်းအောင်က RFA ကို အခုလို ပြောပါတယ်။
"နံပါတ် ၁ အချက်က ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသားတန်း
"နံပါတ် ၁ အချက်က ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသားတန်း
တူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်
ကိစ္စရပ်များကို မဖြေရှင်းနိုင်သည့်အတွက် ပြန်လည်ရေးဆွဲရန်၊ နံပါတ် ၂ အ
ချက်က
စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာဖို့အတွက်
တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့်တမျိုး
သားလုံးပါဝင်သောညီလာခံကြီး
တစ်ရပ်ခေါ်ယူရန်၊ ၃ အချက် မတရားသည့် ဥပဒေများကို ပယ်ဖျက်ရန်နှင့်
ကန့်သတ်ချုပ်ချယ်မှုကင်းသော အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကို
အမြန်ဆုံးကြေညာပေးရန်တို့ဖြစ်ပါ
တယ်"
ဒါ့အပြင် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို နိုင်ငံတကာ စံချိန်စံနှုန်းတွေနဲ့ အညီ ဆောင်ရွက်ဖို့၊ ငြိမ်းချမ်းရေး
ဒါ့အပြင် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို နိုင်ငံတကာ စံချိန်စံနှုန်းတွေနဲ့ အညီ ဆောင်ရွက်ဖို့၊ ငြိမ်းချမ်းရေး
ဆွေးနွေးစဉ်ကာလ သဘောတူညီချက်တွေကို အစိုးရတပ်တွေအနေနဲ့
အတိအကျ လိုက်နာဆောင်ရွက်ဖို့နဲ့ အလုပ်သမား၊လယ်သမားတွေရဲ့အခက်အခဲတွေကိုမှန်ကန်စွာဖြေရှင်းဆောင်ရွက်ပေးဖို့ဆိုတဲ့ အချက်တွေ
လည်း ပါဝင်ပါတယ်။
ဒီကြေညာချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့အတွက် တက်ရောက်လာသူတွေထဲက အဖွဲ့ဝင် ၁၇ ဦးပါဝင်တဲ့ အဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့ပါတယ်။
ဒီဆွေးနွေးပွဲကို ပြည်တွင်းမှာရှိတဲ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေဖြစ်တဲ့၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း

လူ့အဖွဲ့အစည်း၊ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ချုပ်၊
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအ
ချို့ကိုယ်စားလှယ်တွေ၊ မြဝတီမြို့နယ်
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေအပြင်
ပြည်ပအခြေစိုက်
နိုင်ငံရေး အဖွဲ့အစည်းတွေဖြစ်တဲ့ ABSDF ကျောင်းသားအဖွဲ့၊ မဲဆောက်အခြေစိုက်
NLD (LA) အဖွဲ့အပါအဝင် အဖွဲ့အစည်း ၃ဝ ခန့်က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့
ပါတယ်။
RFA Burmese , RangonNewsDaily
kolatt(PBDN): 17.6.2013
RFA Burmese , RangonNewsDaily
kolatt(PBDN): 17.6.2013
0 comments:
Post a Comment