Saturday, June 01, 2013
မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းအား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ရပ်ဆိုင်းထားသော်လည်း အဆိုပါ စီမံကိန်းအား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နောက် ဆက်လက်ဆက်ခံမည့် သမ္မတအသစ် လက်ထက်တွင် ဆက်လက်လုပ်ဆောင်ရန် အဆိုပါ စီမံကိန်းအား ဦးဆောင်လုပ်ကိုင်သည့် တရုတ် CPI ကုမ္ပဏီမှ ဒေသခံ

များအား စည်းရုံးမှုများ လုပ်ဆောင်နေကြောင်း စီမံကိန်းကြောင့်
ပြောင်းရွှေ့ခံရသည့် ဒေသခံများ ဖွဲ့စည်း
ထားသည့် Mungchying Rawt Jat (MRJ)
အဖွဲ့မှ သိရှိရသည်။ ”ဒေသခံတွေကို CPI ကုမ္ပဏီက လူတွေက
ကွင်းဆင်းပြီး ဒီစီမံကိန်း ဆက်လုပ်ဖို့ ထောက်ခံပေးပါ ဆိုတာမျိုး
တွေနဲ့
စည်းရုံးနေ သလို ဒေသခံတွေရဲ့ လူမှုရေး၊ စီးပွားရေးတွေကိုပါ
ကူညီမယ်ဆိုတာမျိုးနဲ့ လိုက်စည်းရုံး
နေပါတယ်။ ကျွန်မတို့က ဒီစီမံကိန်း
ရပ်နေပြီ။ ဘာလို့စည်းရုံးနေတာလဲမေးတော့ CPI ကလူတွေက ဒီစီမံ
ကိန်းက
ဦးသိန်းစိန် လက်ထက်မှာပဲရပ်တာ နောက်တက်လာမယ့် သမ္မတလက်ထက်မှာ
ပြန်လုပ်မယ်လို့
ပြောပါတယ်” ဟု MRJ အဖွဲ့မှ ဒေါ်ဂျာခေါန်က ပြောကြားသည်။
နိုင်ငံတော်သမ္မတကြီးက မြစ်ဆုံစီမံကိန်းအား ၂၀၁၁ ခုနှစ် စက်တင်ဘာလမှ စတင်၍
ရပ်ဆိုင်းစေခဲ့သော် လည်း ဒေသခံများမှာ စီမံကိန်းများကြောင့်
သိမ်းယူခံခဲ့ရသည့် ကျေးရွာနှင့် လယ်မြေများအား လက်ရှိကာလ
အထိ ပိုင်ဆိုင်မှု
မရသေးသည့်အပြင်ရွှေတူးဖော်ခြင်းနှင့် စီမံကိန်းများကြောင့် ဒေသခံများ၏ ဥယျာဉ်ခြံမြေ
များမှာ ပျက်စီးနေပြီး ဖြစ်ကြောင်းလည်း သိရသည်။
”စီမံကိန်းရပ်လိုက်တယ် ဆိုပေမယ့် ကျွန်မတို့လို ပြောင်းရွှေ့ခံရတဲ့ သူတွေက အခုအချိန်ထိ ကိုယ့်နေရပ်
”စီမံကိန်းရပ်လိုက်တယ် ဆိုပေမယ့် ကျွန်မတို့လို ပြောင်းရွှေ့ခံရတဲ့ သူတွေက အခုအချိန်ထိ ကိုယ့်နေရပ်
ကိုယ် ပြန်ခွင့်မရပါဘူး။ ဒီစီမံကိန်းကိုလည်း
ဆက်လုပ်ဖို့ လုံးဝသဘောမတူပါဘူး။နိုင်ငံတော်သမ္မတကြီး ဦး
သိန်းစိန်နောက် ဆက်ခံမယ့် သူတွေကိုလည်း ဒီစီမံကိန်း
အပြီးသတ်ရပ်ပေးပါလို့ ပြောချင်သလို၊ သမ္မတကြီး ကိုလည်း နောက်တက်မယ့် သမ္မတကို
ဒီစီမံကိန်း မလုပ်ဆောင်ဖို့ အမှာစကား ပြောပေးပါလို့ တောင်းဆိုချင်
ပါတယ်”
ဟု ဒေါ်ဂျာခေါန်က ဆက်လက်ပြောဆိုသည်။
မြစ်ဆုံ စီမံကိန်းအား ရပ်ဆိုင်းသည် ဆိုသော်လည်း တရုတ်ကုမ္ပဏီ CPI က မြစ်ဆုံဒေသမှ ထွက်ခွာမှုမရှိခြင်း
မြစ်ဆုံ စီမံကိန်းအား ရပ်ဆိုင်းသည် ဆိုသော်လည်း တရုတ်ကုမ္ပဏီ CPI က မြစ်ဆုံဒေသမှ ထွက်ခွာမှုမရှိခြင်း
၊ ဒေသခံများအားစီမံကိန်းဧရိယာအတွင်းသွားလာခွင့်
ကန့်သတ်ခြင်း စသည့်ဖြစ်ရပ်များ ကြုံတွေ့နေရသဖြင့်
ဒေသခံများမှာ အဆိုပါ
ရပ်ဆိုင်းခြင်းအား သံသယ ဖြစ်ပေါ်နေကြောင်းလည်း MRJ အဖွဲ့မှ သိရှိရသည်။
တရုတ်ကုမ္ပဏီ CPI အနေဖြင့် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းအား မြန်မာတစ်နိုင်ငံလုံး၏ သဘောဆန္ဒအ
တရုတ်ကုမ္ပဏီ CPI အနေဖြင့် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းအား မြန်မာတစ်နိုင်ငံလုံး၏ သဘောဆန္ဒအ
ရ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်လက်ထက်တွင်
ရပ်ဆိုင်းခဲ့ရသော်လည်း လက်လျှော့မှုမရှိဘဲ လက်ရှိ အာ
ဏာရပါတီ၏ အဓိကပြိုင်ဘက်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား စီမံကိန်း ဆက်လက်လုပ်ရန်
ချဉ်းကပ်
မှုများ ပြုလုပ်ခဲ့သည်။
Eleven Media Group , Rangonnewsdaily
ကိုလတ်(ပန်ဘဲတန်း):1.6.2013
Eleven Media Group , Rangonnewsdaily
ကိုလတ်(ပန်ဘဲတန်း):1.6.2013
0 comments:
Post a Comment