Wednesday, June 19, 2013
မွန်လူငယ်ထုအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု စိုးရိမ်ဖွယ်ရာဖြစ်လာတဲ့အတွက် အစိုးရနဲ့ နိုင်ငံရေးပါတီတွေက ထိထိရောက်ရောက်ကိုင်တွယ်ဆောင်ရွက်ဖို့ မွန်ဒေသလူ့အခွင့်အရေး ဖောင်ဒေးရှင်းက တောင်းဆိုလိုက်ပါ
မွန်လူငယ်ထုအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု စိုးရိမ်ဖွယ်ရာဖြစ်လာတဲ့အတွက် အစိုးရနဲ့ နိုင်ငံရေးပါတီတွေက ထိထိရောက်ရောက်ကိုင်တွယ်ဆောင်ရွက်ဖို့ မွန်ဒေသလူ့အခွင့်အရေး ဖောင်ဒေးရှင်းက တောင်းဆိုလိုက်ပါ
တယ်။
မော်လမြိုင်၊ ရေးမြို့နယ်၊ သံဖြူဇရပ်၊ ကျိုက်မရောနဲ့ ကြာအင်းဆိပ်ကြီး
စတဲ့မြို့နယ်တွေမှာ ရဲတပ်ဖွဲ့ဝင်တချို့အပါ
အ၀င်လူ ၁၄၀ခန့်ကို
တွေ့ဆုံမေးမြန်းချက်ကို အခြေပြု ထုတ်ပြန်တဲ့အစီရင်ခံစာမှာ
တောင်းဆိုလိုက်တာ ဖြစ်
ပါတယ်။
ရာဘလို့ ခေါ်တဲ့စိတ်ကြွဆေးပြားတွေဟာမွန်လူငယ်ထုအကြားမှာသုံးစွဲမှုတွင်ကျယ်နေပြီးဒီရောင်းဝယ်ဖောက်
ရာဘလို့ ခေါ်တဲ့စိတ်ကြွဆေးပြားတွေဟာမွန်လူငယ်ထုအကြားမှာသုံးစွဲမှုတွင်ကျယ်နေပြီးဒီရောင်းဝယ်ဖောက်
ကားမှုတွေမှာ နယ်မြေခံအာဏာပိုင်တွေရဲ့
လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ပတ်သက်နေတယ်လို့ မွန်ဒေသလူ့
အခွင့်အရေးဖောင်ဒေးရှင်းက
ပြောခွင့်ရ ပရိုဂရမ်ညှိနှိုင်းဆောင်ရွက်ရေးမှူး နိုင်အောမွန်က ပြောပါတယ်။
“စိတ်ကြွဆေးပြား၊ မြင်းဆေးတွေကအထူးသဖြင့်မွန်လူငယ်ထုတွေထဲပျံ့နှံ့စိမ့်ဝင်နေတာ အင်မတန် ကြောက်
“စိတ်ကြွဆေးပြား၊ မြင်းဆေးတွေကအထူးသဖြင့်မွန်လူငယ်ထုတွေထဲပျံ့နှံ့စိမ့်ဝင်နေတာ အင်မတန် ကြောက်
ဖို့ကောင်းတယ်။စစ်တမ်းတွေအရဆိုရင်
မြို့နယ်အချို့မှာ၄၀ကနေ ၅၀ ရာနှုန်းလောက်အထိရှိနေတယ်။အစိုးရ
ကိုင်တွယ်မှုကို ကြည့်ရင်လည်းအင်မတန်အားနည်းတယ်။တချို့ဆိုလျစ်လျူရှုထားတဲ့အနေအထားသွားတွေ့ရ
တယ်။”
လက်ရှိအတိုင်း လွှတ်ထားရင် မွန်လူငယ်တွေအကြား မူးယစ်ဆေးဝါးသုံးစွဲမှု အလေ့အထဆိုးကြီးတခု အမြစ်
လက်ရှိအတိုင်း လွှတ်ထားရင် မွန်လူငယ်တွေအကြား မူးယစ်ဆေးဝါးသုံးစွဲမှု အလေ့အထဆိုးကြီးတခု အမြစ်
တွယ်သွားမှာ စိုးရိမ်တယ်လို့ ဆိုပါတယ်။
မူးယစ်ဆေးဝါးရောင်းဝယ်နေသူအများစုနဲ့ ပတ်သက်သူတွေဟာ အစိုးရတပ်ဖွဲ့တွေ၊ အာဏာပိုင်တွေနဲ့ အပစ်
မူးယစ်ဆေးဝါးရောင်းဝယ်နေသူအများစုနဲ့ ပတ်သက်သူတွေဟာ အစိုးရတပ်ဖွဲ့တွေ၊ အာဏာပိုင်တွေနဲ့ အပစ်
အခတ်ရပ်စဲရေးအဖွဲ့တွေဖြစ်တယ်လို့ နိုင်အောမွန်က
ပြောပါတယ်။
သူတို့အဖွဲ့ လူထုအကြားမှာ မူးယစ်ဆေးဝါးဖြန့်ဖြူးမှုသဲလွန်စကို လိုက်လံစုံစမ်းရာမှာ လက်နက်ကိုင်အဖွဲ့တချို့
သူတို့အဖွဲ့ လူထုအကြားမှာ မူးယစ်ဆေးဝါးဖြန့်ဖြူးမှုသဲလွန်စကို လိုက်လံစုံစမ်းရာမှာ လက်နက်ကိုင်အဖွဲ့တချို့
ရဲ့တားမြစ်မှုကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။
“ပြီးခဲ့တဲ့ ၃ လလောက်က ကွင်းဆင်းမှုတွေ စလုပ်တယ်။နယ်မြေခံအာဏာပိုင်တွေတင်မဟုတ်ဘူး၊ဘီဂျီအက်
“ပြီးခဲ့တဲ့ ၃ လလောက်က ကွင်းဆင်းမှုတွေ စလုပ်တယ်။နယ်မြေခံအာဏာပိုင်တွေတင်မဟုတ်ဘူး၊ဘီဂျီအက်
ဖ်လို့ခေါ်တဲ့
လက်နက်ကိုင်အဖွဲ့အစည်းတွေ၊တချို့ ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေမှာဆိုရင်မူးယစ်ဆေးဝါးနဲ့ပတ်
သက်တဲ့ မေးမြန်းမှုတွေကိုတောင် မကြိုက်ကြဘူး။နယ်မြေတွေသွားရင်လည်းတအားစစ်ဆေးမေးမြန်းတာရှိ
တယ်။ ကင်မရာတွေ တွေ့ရင်လည်း
တော်တော်မေးတယ်၊ တခုခုကို စိုးရိမ်နေပုံရတယ်။ တားဆီးတာတော့ ၁-၂ ခု ကြုံတယ်။
ခြိမ်းခြောက်တာ၊ မေးမြန်းတာနဲ့ မသင်္ကာတဲ့အကြည့်နဲ့ ကြည့်တာတွေလည်း
အများကြီး ကြုံ
ရတယ်။”
အစိုးရဘက်က တာဝန်ရှိသူတွေကို မေးမြန်းရာမှာ အကန့်အသတ်နဲ့သာ အဖြေရခဲ့သလို အပစ်အခတ်ရပ်စဲ
အစိုးရဘက်က တာဝန်ရှိသူတွေကို မေးမြန်းရာမှာ အကန့်အသတ်နဲ့သာ အဖြေရခဲ့သလို အပစ်အခတ်ရပ်စဲ
ထားတဲ့
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့မွန်ပြည်သစ်ပါတီ၊ကရင်အမျိုးသားအစည်းအရုံး
နဲ့ဒီကေဘီအေအဖွဲ့အစည်းတွေကလည်းလိုလိုလားလား
ဖြေဆိုချင်ပုံမရတာကို ကြုံတွေ့ခဲ့ရတယ်လို့ နိုင်အော
မွန်က ပြောကြပါတယ်။
ဒီအစီရင်ခံစာကိုထုတ်ပြန်ရတာဟာပကတိဖြစ်နေတာတွေကလူသားပြုန်းတီး စေနိုင်လောက်တဲ့ ခြိမ်းခြောက်
ဒီအစီရင်ခံစာကိုထုတ်ပြန်ရတာဟာပကတိဖြစ်နေတာတွေကလူသားပြုန်းတီး စေနိုင်လောက်တဲ့ ခြိမ်းခြောက်
မှုဖြစ်နေလို့၊လူငယ်ထုတရပ်လုံးလူညွန့်မတုံးစေဖို့ရည်ရွယ်ချက်နဲ့သာထုတ်ပြန်တာဖြစ်ပြီးဘယ်ပုဂ္ဂိုလ်နဲ့
ဘယ်
အဖွဲ့အစည်းကိုမှ ထိခိုက် နစ်နာစေလိုတဲ့ရည်ရွယ်ချက်မဟုတ်ပါဘူးလို့လည်းသူကရှင်းလင်းပြောဆိုပါတယ်။
DVB News , RangonNewsDaily
kolatt(PBDN): 19.6.2013
DVB News , RangonNewsDaily
kolatt(PBDN): 19.6.2013
0 comments:
Post a Comment