Friday, June 28, 2013
နာင်ချိုမြို့နယ်ရဲစခန်းမှ ဖမ်းဆီးထားသော တောင်သူ လေးဦးအား (၂၇)ရက်နေ့ နံနက် ကိုးနာရီခွဲအချိန်တွင် ၎င်းတို့၏ကျေးရွာမှ ရွာသား သုံးဦးစီမှ အာမခံပေးသဖြင့် ပြန်လည်လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။
လယ်ယာမြေများအတွင်း ဝင်ရောက်လုပ်ကိုင်ခြင်းကြောင့် အဖမ်းခံရသောရွာသားများအား ပြန်လွတ်ပေးရန် ဇွန်လ၂၆ရက်နေ့၌ နောင်ချိုမြို့နယ် ရဲစခန်းရှေ့တွင် ရွာ ၆ရွာမှ တောင်သူ လေးရာခန့်စုဝေးပြီး တောင်းဆို

သဖြင့်
ဇွန်လ ၂၇ရက်နေ့ နံနက်တွင် အာမခံဖြင့် ပြန်လည်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း
သိရသည်။
အာမခံပေးမည့် ရွာသားများအား နောင်ချိုမြို့နယ်၊ ရဲစခန်းသို့ (၂၇)ရက်နေ့နံနက်ကိုးနာရီတွင် ခေါ်ဆောင်ပြီး

ဇူလိုင်လဆယ်ရက်နေ့တွင်တရားရုံးသို့လာရောက်အမှုရင်ဆိုင်ရမည်ဖြစ်ကြောင်း၊မလာရောက်ပါက ငွေဆယ်
သိန်း လျော်ရမည်ဖြစ်ကြောင်း အာမခံခိုင်းကာ
လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း ထပ်မံသိရသည်။
ထိုသို့လွတ်မြောက်လာသူများမှ ဦးထွန်းအောင် က “ကျွန်တော်အခုပဲ လွတ်လာတယ်။ ကျွန်တော့်ကို မနေ့က ယာတဲမှာ မနက် (၇း၁၅)မှာ လက်ထိပ်ခတ်ပြီး ခေါ်သွားတာ။ ပြီးတော့ သေနတ်တွေနဲ့လည်း မိသားစုအားလုံး

ကို ချိန်ထားတော့ ကျွန်တော်က
မိသားစုတွေ ကြောက်မှာစိုးလို့ လိုက်မယ်ဆိုပြီး လိုက်သွားတာ စခန်းရောက်
တော့
စခန်းမှူးက အချုပ်ထဲ ထည့်ထား လိုက်တော့တာပါပဲ”ဟု ပြောကြားသည်။
“သူတို့ကိုဖမ်းတဲ့ ဥပဒေက ခြေချုပ်နဲ့ ခံဝန်ဥပဒေနဲ့ဖမ်းတာ။ ဒီဥပဒေက ကျမသိသလောက်ဆို ခိုးဆိုးနေတဲ့

ခြေသလုံး အိမ်တိုင်တွေကို စွဲတဲ့ ဥပဒေပဲ။
အခုဟာက နိုင်ငံတော်ရဲ့ အကျိုးစီးပွားကို တစ်ဖက်တစ်လမ်းက
နေ တိုးတက်အောင်
ကူညီပေးနေတဲ့ တောင်သူတွေကိုဒီဥပဒေနဲ့ စွဲတယ်ဆိုတော့ တစ်ခုခုတော့ လွဲနေတယ်
ထင်တယ်”ဟု တောင်သူများဘက်မှ မြေယာကိစ္စလိုက်လံ ဆောင်ရွက်ပေးသူ တစ်ဦးက
ပြောကြားသည်။
ယင်းသို့ လွတ်မြောက်လာပြီးနောက် တောင်သူလေးဦးအား နောင်ချိုမြို့နယ်၊ဘန့်ဘွေးကျေးရွာအုပ်စုရဲစခန်း

သို့ လာရောက်ရန်
ဖုန်းဖြင့် ခေါ်ဆိုကြောင်း၊ စခန်းသို့ ရောက်သောအခါ ယနေ့ ဇွန်လ၂၈နေ့တွင်
ပြန်လည်
လာရောက်ရန်နှင့် အမှုကိုအပြီးပြတ် ဆောင်ရွက်ပေးမည်ဟု ပြောဆိုလိုက်
သော်လည်း ညနေငါးနာရီ အချိန်
ထိ မပြီးပြတ်သေးကြောင်း သိရသည်။
တောင်သူများမှ မိမိတို့စားဝတ်နေရေး ကျပ်တည်းမှုနှင့် မိုးဦးကျအမီ စိုက်ပျိုးရမည်ဖြစ်သဖြင့် နိုင်ငံတော်မှ

ကော်ဖီစီမံကိန်းဟုဆိုကာပုဂ္ဂလိကလုပ်ငန်းရှင်များအား ရောင်းချထားသော မိမိတို့လယ်ယာမြေများပေါ်တွင်
ဝင်ရောက်လုပ်ကိုင်ကြခြင်းကြောင့် အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း
တောင်သူများထံမှ သိရသည်။
စိုင်းကံသာ
မြန်မာ့ခေတ် , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၂၈.၆.၂၀၁၃

0 comments:
Post a Comment