Pages

Wednesday, June 12, 2013

ကျောက်မျက်ပြပွဲ တက်ရောက်ရန် ပြည်တွင်းပြည်ပ လုပ်ငန်းရှင် ၃၀၀၀ ကျော်အထိ မှတ်ပုံတင်ထားပြီး အီးယူကုန်သည်များ မှတ်ပုံတင်ရန် စတင်စီစဉ်

Photo: ကျောက်မျက်ပြပွဲ တက်ရောက်ရန် ပြည်တွင်းပြည်ပ လုပ်ငန်းရှင် ၃၀၀၀ ကျော်အထိ မှတ်ပုံတင်ထားပြီး အီးယူကုန်သည်များ မှတ်ပုံတင်ရန် စတင်စီစဉ်
Wednesday, June 12, 2013

နေပြည်တော်တွင် ၁၃ ရက်ကြာ ကျင်းပမည့် အကြိမ် (၅၀)မြောက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲသို့ တက်ရောက်ရန်အတွက် ဇွန် ၁၀ ရက်အထိ စာရင်းအရပင် ပြည်တွင်းပြည်ပမှ ကျောက်မျက်လုပ်ငန်းရှင်ပေါင်း  ၃၀၀၀ ကျော်အထိ မှတ်ပုံတင်ထားပြီး ယခုနှစ်တွင် နိုင်ငံတကာ ကျောက်မျက်ကုန်သည် များပြားစွာ လာရောက်မည်ဟု သိရသည်။

ကျင်းပရန် ငါးရက်လိုသေးသည့် အချိန်တွင် ကျောက်မျက်ကုန်သည်ပေါင်း ၃၀၀၀ ကျော်အထိ မှတ်ပုံတင်ထားပြီး ဖြစ်သည့်အတွက်လည်း ယခုနှစ် ကျောက်မျက်ပြပွဲမှာ နိုင်ငံတကာ ကုန်သည် အများအပြား လာရောက်မည့် ပြပွဲဖြစ်လာမည်ဟု သုံးသပ်ရခြင်း ဖြစ်ကြောင်း ကျောက်မျက်ရတနာပြပွဲ တာဝန်ရှိသူက ဆိုသည်။

အီးယူနိုင်ငံများမှ ကုန်သည်များလည်း မြန်မာ့ကျောက်မျက်ရတနာ ပြပွဲသို့ တက်ရောက်ရန်အတွက် ယခုအခါ အေးဂျင့်များမှတစ်ဆင့် မှတ်ပုံတင်ရန် စတင်စုံစမ်း စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။

"အီးယူ ကုန်သည်တွေက အေးဂျင့်တွေကနေ တစ်ဆင့် စပြီးစုံစမ်း စီစဉ်နေပြီ။ ပြပွဲက လိုသေးတယ်။ ဒါပေမဲ့ လာပြီးမှတ်ပုံတင်ထားတာ ၃၀၀၀ ကျော် အဲဒီမှာ ပြည်ပ လုပ်ငန်းရှင်ကလည်း အများအပြား ပါတယ်။ ဒီပွဲက ပြည်ပကုန်သည် လာတာ တော်တော်များမယ့်ပွဲ ဖြစ်လိမ့်မယ်" ဟု ပြပွဲတာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အရှေ့တောင်အာရှ နိုင်ငံများ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဟောင်ကောင်၊ ထိုင်ဝမ်တို့မှ လာရောက်မည်ဖြစ်ပြီး စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းပြီး ဖြစ်သည့်အတွက် ဥရောပ နိုင်ငံများမှ လာရောက်ရန် စီစဉ်နေကြောင်း သိရသည်။

အကြိမ် (၅၀)မြောက် မြန်မာ့ကျောက်မျက် ရတနာ ပြပွဲတွင် ပြသရောင်းချရန် ကျောက်စိမ်းအတွဲပေါင်း ၁၀၀၀၀ ၀န်းကျင်၊ ကျောက်မျက်အတွဲပေါင်း ၃၀၀ ၀န်းကျင်နှင့် ပုလဲအတွဲပေါင်း ၂၅၅ တွဲအထိ ပြသရောင်းချ သွားမည်ဟု သိရသည်။

တရုတ် အပါအ၀င် အာရှနိုင်ငံများမှ ကျောက်စိမ်းအား အဓိက ၀ယ်ယူပြီး ဥရောပ နိုင်ငံများမှ ကျောက်မျက်ကို ပို၍စိတ်ဝင်စားကြောင်း၊ ဇွန် ၁၅ ရက်မှ ၂၇ ရက်အထိ ၁၃ ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 
ဘဏ္ဍာရေး နှစ်အလိုက် မြန်မာ့ကျောက်စိမ်း ထုတ်လုပ်မှု ပမာဏ နှိုင်းယှဉ်ချက် ဇယား
ဘဏ္ဍာရေးနှစ်  ကျောက်စိမ်း(kg)
၂၀၀၆-၂၀၀၇  ၂၀၄၅၈၂၇၉
၂၀၀၇-၂၀၀၈  ၂၀၂၃၅၀၃၀
၂၀၀၈-၂၀၀၉  ၃၂၉၂၁၅၄၂
၂၀၀၉-၂၀၁၀  ၂၅၇၉၅၄၁၅
၂၀၁၀-၂၀၁၁  ၄၆၈၁၀၁၂၀
၂၀၁၁-၂၀၁၂  ၄၃၁၈၅၃၃၉

EMG

နိုင်ငံတကာ ကျောက်မျက်ပြပွဲ တစ်ခုတွင် နိုင်ငံခြားသားများ ၀ယ်ယူရန် လေ့လာနေစဉ် (ဓာတ်ပုံ - ဝေယံဖြိုးဦး)
နိုင်ငံတကာ ကျောက်မျက်ပြပွဲ တစ်ခုတွင် နိုင်ငံခြားသားများ ၀ယ်ယူရန် လေ့လာနေစဉ် (ဓာတ်ပုံ - ဝေယံဖြိုးဦး)
Wednesday, June 12, 2013

နေပြည်တော်တွင် ၁၃ ရက်ကြာ ကျင်းပမည့် အကြိမ် (၅၀)မြောက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲသို့ တက်ရောက်ရန်အတွက် ဇွန် ၁၀ ရက်အထိ စာရင်းအရပင် ပြည်တွင်းပြည်ပမှ ကျောက်မျက်လုပ်ငန်းရှင်ပေါင်း ၃၀၀၀ ကျော်အထိ မှတ်ပုံတင်ထားပြီး ယခုနှစ်တွင် နိုင်ငံတကာ ကျောက်မျက်ကုန်သည် များပြားစွာ လာရောက်မည်ဟု သိရသည်။ ကျင်းပရန် ငါးရက်လိုသေးသည့် အချိန်တွင် ကျောက်မျက်ကုန်သည်ပေါင်း ၃၀၀၀ ကျော်အထိ မှတ်ပုံတင်ထားပြီး ဖြစ်သည့်အတွက်လည်း ယခုနှစ် ကျောက်မျက်ပြပွဲမှာ နိုင်ငံတကာ ကုန်သည် အများအပြား လာရောက်မည့် ပြပွဲဖြစ်လာမည်ဟု သုံးသပ်ရခြင်း ဖြစ်ကြောင်း ကျောက်မျက်ရတနာပြပွဲ တာဝန်ရှိသူက ဆိုသည်။

အီးယူနိုင်ငံများမှ ကုန်သည်များလည်း မြန်မာ့ကျောက်မျက်ရတနာ ပြပွဲသို့ တက်ရောက်ရန်အတွက် ယခုအခါ အေးဂျင့်များမှတစ်ဆင့် မှတ်ပုံတင်ရန် စတင်စုံစမ်း စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။

"အီးယူ ကုန်သည်တွေက အေးဂျင့်တွေကနေ တစ်ဆင့် စပြီးစုံစမ်း စီစဉ်နေပြီ။ ပြပွဲက လိုသေးတယ်။ ဒါပေမဲ့ လာပြီးမှတ်ပုံတင်ထားတာ ၃၀၀၀ ကျော် အဲဒီမှာ ပြည်ပ လုပ်ငန်းရှင်ကလည်း အများအပြား ပါတယ်။ ဒီပွဲက ပြည်ပကုန်သည် လာတာ တော်တော်များမယ့်ပွဲ ဖြစ်လိမ့်မယ်" ဟု ပြပွဲတာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အရှေ့တောင်အာရှ နိုင်ငံများ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဟောင်ကောင်၊ ထိုင်ဝမ်တို့မှ လာရောက်မည်ဖြစ်ပြီး စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းပြီး ဖြစ်သည့်အတွက် ဥရောပ နိုင်ငံများမှ လာရောက်ရန် စီစဉ်နေကြောင်း သိရသည်။

အကြိမ် (၅၀)မြောက် မြန်မာ့ကျောက်မျက် ရတနာ ပြပွဲတွင် ပြသရောင်းချရန် ကျောက်စိမ်းအတွဲပေါင်း ၁၀၀၀၀ ၀န်းကျင်၊ ကျောက်မျက်အတွဲပေါင်း ၃၀၀ ၀န်းကျင်နှင့် ပုလဲအတွဲပေါင်း ၂၅၅ တွဲအထိ ပြသရောင်းချ သွားမည်ဟု သိရသည်။

တရုတ် အပါအ၀င် အာရှနိုင်ငံများမှ ကျောက်စိမ်းအား အဓိက ၀ယ်ယူပြီး ဥရောပ နိုင်ငံများမှ ကျောက်မျက်ကို ပို၍စိတ်ဝင်စားကြောင်း၊ ဇွန် ၁၅ ရက်မှ ၂၇ ရက်အထိ ၁၃ ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


ဘဏ္ဍာရေး နှစ်အလိုက် မြန်မာ့ကျောက်စိမ်း ထုတ်လုပ်မှု ပမာဏ နှိုင်းယှဉ်ချက် ဇယား
ဘဏ္ဍာရေးနှစ် ကျောက်စိမ်း(kg)
၂၀၀၆-၂၀၀၇ ၂၀၄၅၈၂၇၉
၂၀၀၇-၂၀၀၈ ၂၀၂၃၅၀၃၀
၂၀၀၈-၂၀၀၉ ၃၂၉၂၁၅၄၂
၂၀၀၉-၂၀၁၀ ၂၅၇၉၅၄၁၅
၂၀၁၀-၂၀၁၁ ၄၆၈၁၀၁၂၀
၂၀၁၁-၂၀၁၂ ၄၃၁၈၅၃၃၉

EMG , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၁၂.၆.၂၀၁၃


0 comments:

Post a Comment