(3.6.2013, Monday)
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းနှင့် ပါရမီလမ်းထောင့်ရှိ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆောက်လုပ်ငှားရမ်းထားသော ဆိုင်ခန်းများကို ဇွန်လ(၁၀)ရက်နေ့နောက်ဆုံးထား၍ ဖျက်သိမ်းရမည်ဟုသိရသည်။ အဆိုပါဆိုင်ခန်းများသည်(၁၉၉၅)ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုလက်ရှိတွင် ဈေးဆိုင်ခန်းပေါင်း(၂၁)ခန်းနှင့်လူဦးရေ(၁၅၀)ဝန်းကျင်နေထိုင်ကြ ကြောင်းသိရသည်။
အဆိုပါနေရာများသည် နိုင်ငံတော်၏ စီမံချက်ဖြစ်သော Day Care Centerနှင့် ECCD Resource Center Project အစီအစဉ် ရှိသည့်အတွက်ဖျက်သိမ်း ခိုင်းရခြင်းဖြစ်ကြောင်းသိရသည်။
ဆိုင်ခန်းငှားရမ်းသူများက ဌာနကပြောင်းရွှေ့ရန် သတ်မှတ်ပေးသောရက်မှာ တို တောင်းခြင်း၊ နေရာသစ်
ရှာဖွေရန်အခက်အခဲရှိခြင်း၊ လူနေဆိုင်ခန်းဖြစ်သည့်အတွက် မိသားစုဝင်များ၏ စီးပွားရေး၊ နေထိုင်ရေး၊ ပညာသင်အရွယ်ကလေးများ၏ ကျောင်းပြောင်းရန်အခက်အခဲရှိသည့်အတွက် ဖျက်သိမ်းခြင်းမပြုဘဲ၊ ယခုလက်ရှိကောက်ခံသောနှုန်းထားထက် ပိုမိုတိုးမြှင့်ကောက်ခံ၍သော်လည်းကောင်း၊ သိုမဟုတ်
မြို့တော်အင်္ဂါရပ်နှင့်ညီရန် အဆောက်အဦများကို ပြုပြင်စေခြင်းဖြင့်ဖြေရှင်းပေးစေချင်ကြောင်းသိရသည်။
မြို့တော်အင်္ဂါရပ်နှင့်ညီရန် အဆောက်အဦများကို ပြုပြင်စေခြင်းဖြင့်ဖြေရှင်းပေးစေချင်ကြောင်းသိရသည်
အဆိုပါဆိုင်ခန်းများသည်အသစ်ဆောက်လုပ်မည့် Project များနှင့် ပေ(၅၀၀)ဝေးကွာနေခြင်း၊ ဌာနမျက်နှာစာမဟုတ်ခြင်း၊ ဝင်လမ်း/ထွက် လမ်းမဟုတ်ခြင်း၊ ဆိုင်ခန်းများ၏ နောက်တွင်
ငါးကန်များရှိခြင်း၊ ဆိုင်ခန်းများ၏ နေရာသည်စီမံကိန်းအနှောင့်အယှက်မဖြစ်နိုင်သည့်အတွက် မူလအတိုင်းနေထိုင်ခွင့်ရရန်လိုလားနေကြကြောင်းသိရသည်။
SkyNet TV Browser ,RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း):၃.၆.၂၀၁၃
SkyNet TV Browser ,RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း):၃.၆.၂၀၁၃
0 comments:
Post a Comment