Pages

Tuesday, June 4, 2013

ရေချိုးဆော့ကစားရာမှ (၆)နှစ်အရွယ်ကလေးငယ် ရေနစ်သေဆုံး

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်း (၁၇)ရပ်ကွက်တွင် အသက် (၆)နှစ်အရွယ် ကလေးတစ်ဦး ရေ
နစ်သေဆုံးမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရှိရသည်။ဖစ်စဉ်မှာ ဇွန်လ (၂)ရက်နေ့ နေ့လည် (၁)နာရီတွင် အလျား(၇၅၀) ပေ၊ အနံ(၁၅၀)ပေ နှင့် အနက် (၇)ပေ ခန့်ရှိသော လယ်
ကွင်းအတွင်း ရှိ ရေကန် တစ်ခုအတွင်း၌ ကလေး (၇)ဦး ရေချိုးဆော့ကစားရာမှကလေးငယ် တစ် ဦး ပျောက်
ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ပျောက်ဆုံးခဲ့သော ကလေးငယ်မှာ အသက် (၆)နှစ် အရွယ်ဖြစ်ပြီး တောင်ဒဂုံ မြို့နယ် (၇၁)ရပ်ကွက် မင်းရဲ
ကျော်စွာလမ်းတွင် နေထိုင်သူဖြစ်ကြောင်း သိရှိရသည်။

တောင်ဒဂုံရဲစခန်းမှ ဒုရဲအုပ် နိုင်လင်းဦးဆောင်ကာ ကလေးမိဘများထံ အကြောင်းကြား၍ ၀ိုင်းဝန်းဆယ်ယူ
ခဲ့ရာ ည (၉း၀၀)နာရီခန့် တွင် သေဆုံးသော အလောင်းအားပြန်လည် ဆယ်ယူနိုင်ခဲ့ကြောင်း သိရှိရသည်။

အလောင်းအားပြန်လည်တွေ့ရှိရာတွင် သင်္ဃန်းကျွန်း စံပြဆေးရုံသို့ ပို့ကာ ပီအာရ် (၅၁)ဖြင့် လက်ခံပြီး ပြင်ပ
ဒဏ်ရာ တစ်စုံတစ်ရာမှမတွေ့ရှိ ရသောကြောင့် ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးရန် ပို့
ဆောင်ထားကြောင်း သိရသည်။

အဆိုပါ အမှုအား ဒုရဲအုပ် နိုင်လင်းမှ တိုင်တန်းမှုပြုလုပ်ကာ တောင်ဒဂုံ ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ်
-၂၃/၁၃ ဖြင့် ဇွန်လ(၃)ရက် (၁း၁၀)နာရီ အချိန်တွင် အမှုဖွင့်ကာ အမှုစစ် ဒုရဲအုပ် အောင်ဆန်းဦး (စခမ)မှစစ်
ဆေးလျက်ရှိကြောင်း သိရှိရသည်။

ဇော်မျိုးဦး (မြစ်မခ), RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း):၄.၆.၂၀၁၃

0 comments:

Post a Comment

 
world time