Pages

Sunday, June 23, 2013

တံတားစီမံကိန်း သတင်းကြောင့် ဒလ အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် ရပ်ဆိုင်း

Sunday, June 23, 2013

ရန်ကုန်-ဒလ ချစ်ကြည်ရေးတံတား တည်ဆောက်ရန် ဦးစားပေး လျာထားသော စီမံကိန်း နယ်မြေ အနီးရှိ အိမ်၊ ခြံ၊ မြေအချို့မှာ အရောင်းအဝယ် မပြုလုပ်သေးဘဲ စီမံကိန်း အတည်ပြု သတင်းကို ဆက်လက်နား

စွင့် နေကြကြောင်း ဒလမြို့နယ်ရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များ၏ ပြောကြားချက်အရ သိရသည်။
လက်ရှိ စီမံကိန်း လျာထားမြေနေရာ အနီးရှိ ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင် လမ်းတွင် လွန်ခဲ့သည့် လပိုင်းခန့်က ၄၀ ပေ x ၆၀ ပေ မြေကွက်ကို သိန်း တစ်ထောင့်နှစ်ရာ၊ သိန်းတစ်ထောင် ဝန်းကျင်
နှင့် ရောင်းမည်ဟု ဆိုထားသော်လည်း ယခုတွင် တေ့တေ့ဆိုင်ဆိုင် ရောင်းမည့်သူ မရှိသေးကြောင်း၊ ဝယ်
လက်များ လာရောက် စုံစမ်းသော်လည်း နည်းပါး နေသေးကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်း လုပ်
ကိုင်သူ ဒေါ်ချိုက ဆိုသည်။

သတင်းစာစောင်များတွင် ဖော်ပြခဲ့သည့် တံတားသုံးစင်းအနက် ဘုန်းကြီးလမ်း အမှတ် (၂) ဗောတံတားနှင့် ဗိုလ်မင်းရောင်လမ်းတို့သို့ ဆက်သွယ်ဖောက်လုပ်မည့် တံတားမှာ မြစ်ကြောင်း အကျဉ်းဆုံး ဖြစ်ပြီး ကျန်တံ

တား နှစ်စင်း တည်နေရာမှာ ပင်လယ်ကူး သင်္ဘောများ အများဆုံးဝင် ထွက်သွားလာသည့် ပန်းဆိုးတန်း ဆိပ်
ကမ်း၊ ဗိုလ်တထောင် ဆိပ်ကမ်းတို့နှင့် အလွန် နီးကပ်ကြောင်း၊ မြေပြင်အရ ဘုန်းကြီးလမ်း ဗောတံတားအနီးမှ တည်ဆောက်မည့် တံတားခြေဆင်းမှာ နာရီစင် (ဓနုတ်ဘုရား လမ်းဆုံ) အနီးထိ ရောက်ပြီး အဆိုပါလမ်းမှာ ဒလမြို့နယ်နှင့် ၃၄ မိုင်ကွာဝေးသည် လက်ခုပ်ကုန်း ကမ်းခြေထိ ရောက်ပြီး ဧရာဝတီတိုင်း ဒေသကြီးရှိ လ
မ်းများသို့ လမ်းအလွယ်တကူ ကူးလူး သွားလာနိုင်ကြောင်း ၎င်းကထပ်မံပြောကြားသည်။

လွန်ခဲ့သည့် ၁၇ နှစ်ခန့်ကလည်း ဆော်ဒီနိုင်ငံနှင့် ပူးပေါင်းကာ ဒလမြို့နယ်သို့ တံတားထိုးရန် လုပ်ဆောင်ခဲ့

သော်လည်း အတော်အတန် ခရီးရောက်ပြီးကာမှ ပျက်ခဲ့ဖူးသဖြင့် စတင်တည်ဆောက်မှသာ တထစ်ချ ပြော
နိုင်မည် ဖြစ်ကြောင်း၊ ဒလမြေကွက်မှာ အရောင်းအေးခဲ့ပြီး ယခုမှ လှုပ်ရှားကာစဖြစ်ကာ ဝယ်သူက ဈေးချို
လျှင် ဝယ်မည်ဖြစ်ပြီး ဈေးမာလျှင် ဆက်လက် စောင့်ကြည့်မည် ဖြစ်ကြောင်း ဆုလျှံဖြိုး အိမ်၊ ခြံ၊ မြေ အကျိုး
ဆောင်မှ ဦးမင်းဇော်ဦးက The Voice သို့ ပြောကြားသည်။

ဒလဘက်ကမ်းတွင် အိမ်ဝယ်ရန် လိုက်ရှာနေသည်မှာ တစ်လခန့် ကြာမြင့်ပြီ ဖြစ်ပြီး ကျန်စစ်သား ဝန်ထမ်း

အိမ်ရာ အနီးရှိ မြေကွက်ကို ယခင်က သိန်း ၃၀၀ ခေါ်ပြီး ယခု တံတားစီမံကိန်း သတင်းကြောင့် ဈေးနှုန်းဖြင့် တက်သွားကာ အဆိုပါ အိမ်ကို သိန်း ၄၀၀ ခန့် ပေးဝယ်ခဲ့ရကြောင်း ဇွန်လ ၂၁ ရက်နေ့ နံနက်မှ အဆိုပါ
 နေအိမ်ကို ဝယ်ယူခဲ့သည့် လမ်းမတော်မြို့တွင် နေထိုင်သူ ကိုလင်းလင်းက ဆိုသည်။

ဒလမြို့တွင်း ဒလ-တွံတေး ကားလမ်းမပေါ်ရှိ ပေ ၄၀ x ၆၀ အိမ်မှာ ယခင်ကလည်း သိန်းသုံးေ
ထာင် ခေါ်ဆို

ခဲ့ကြောင်း၊ ယခုလည်း အဆိုပါ ဈေးနှုန်းနှင့်ပင် ရောင်းချမည် ဖြစ်ကြောင်း အဆိုပါ နေအိမ်ပိုင်ရှင်က ဆိုသည်။

ရန်ကုန်မြစ် တစ်ဖက်ကမ်းသို့ သွားလာနေရသည့် အများပြည်သူများအပြင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးသုံးခုကို တိုက်ရိုက် အကျိုးပြုနိုင်သည့် ရန်ကုန်-ဒလ မြစ်ကူး တံတားတစ်

စင်းကို တည်ဆောက်ရန် နည်းပညာ လေ့လာ စမ်းသပ်ချက်များကို စတင်ပြုလုပ်တော့မည် ဖြစ်ပြီး အဆိုပါ တံတားမှာ တည်ဆောက် ပြီးစီးပါက မြန်မာနိုင်ငံ တစ်နိုင်လုံးကို ဆက်သွယ်ပေးနိုင်သည့် အမှတ် (၁) အမြန်
လမ်းမကြီးနှင့် ဆယ်သွယ်ပေးနိုင်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတား တည်ဆောက်ရေး အထူးအဖွဲ့ (၁) မှ ဒုတိယအင်ဂျင်နီယာမှူးကြီး ဒေါ်သိန်းနုက ပြောကြားသည်။

The Voice Weekly , RangonNewsDaily
kolatt(PBDN): 23.6.2013

0 comments:

Post a Comment