Friday, June 21, 2013
ယနေ့ နံနက် ၁၀ နာရီခွဲက သရက်ခရိုင် ကံမမြို့ သားသတ် ကုန်း မြေနီ ကျင်း၌ မြေနီတူးယူစဉ်မြေပြိုကျသဖြင့်လူ(၂)ဦးသေဆုံးပြီး (၂)ဦးဒဏ်ရာရရှိသွားကြောင်းဒေသခံများထံမှ သိရသည်။ သေဆုံးသူများမှာ မြေတူးသမားများဖြစ်ကြသောဦးကျော်ဝင်းနှင့် ဦးခင်ဆွေတို့ဖြစ်ပြီး အသက်(၅၀)၀န်းကျင်းခန့် ရှိ ပြီးဒဏ်ရာရသူ(၂)ဦးကိုဆေးရုံသို့ပို့ဆောင် ၍ဆေးကူသမှုပေးထားကြောင်းနှင့်အမည်နာမမသိရ သေးဟုဒေသခံ ဦးတင်ဝင်းမှပြောသည်။
ကံမမြို့အမှတ်(၁)ရန်အောင်မြင်ရပ်ကွက်တွင်ရှိပြီး(၀က်/ကြက်/နွား)များသတ်ရာကုန်းဖြစ်သဖြင့် သားသတ်ကုန်းဟုအမည်တွင်သည့် နေရာတွင်
မြေနီတူးဖော်ပြီး ဆောက်လုပ်ရေးဌာနမှ SAEတစ်ဦးထံရောင်းချထားခြင်းဖြစ်ကြောင်းသိရသည်။
မြေနီတူးရာတွင်ယာဉ်မောင်းနှင်မြေတူးသူ(၅)ဦးပါရှိရာ ယာဉ်မောင်းနှင့်ကျန်(၁)ဦးသာထွက်ပြေးလွတ် မြောက် ခဲ့ ကြောင်းသိရသည်။
ယခုနှစ် မတ်လ ၁၅ ရက်တွင် တစ်ကြီမ်ပြိုကျ၍လူတစ်ဦး သေဆုံးထားသဖြင့် အထွေထွေအုပ်ချုပ်ရေမှူးဌာနမှ မြေနီတူးခွင့်ပိတ်ထားသည်ဟုလည်းသတင်းရရှိသည်။
ဦးမင်း
Popular Myanmar News , RangonNewsDaily
kolatt(PBDN): 21.6.2013
ယနေ့ နံနက် ၁၀ နာရီခွဲက သရက်ခရိုင် ကံမမြို့ သားသတ် ကုန်း မြေနီ ကျင်း၌ မြေနီတူးယူစဉ်မြေပြိုကျသဖြင့်လူ
ကံမမြို့အမှတ်(၁)ရန်အောင်မြင်ရပ
မြေနီတူးဖော်ပြီး ဆောက်လုပ်ရေးဌာနမှ SAEတစ်ဦးထံရောင်းချထားခြင်းဖြစ
မြေနီတူးရာတွင်ယာဉ်မောင်းနှင်ြေ
ယခုနှစ် မတ်လ ၁၅ ရက်တွင် တစ်ကြီမ်ပြိုကျ၍လူတစ်ဦး သေဆုံးထားသဖြင့် အထွေထွေအုပ်ချုပ်ရေမှူးဌာနမှ မြေနီတူးခွင့်ပိတ်ထားသည်ဟုလည်းသ
ဦးမင်း
Popular Myanmar News , RangonNewsDaily
kolatt(PBDN): 21.6.2013
0 comments:
Post a Comment