Sunday, June 02, 2013
၂၀၀၈ အခြေခံဥပဒေနှင့် ဖယ်ဒရယ်မူသည် သက်ဆိုင်မှုမရှိဟု တော်ဝင်နှင်းဆီ၌ ယနေ့ကျင်းပပြုလုပ်သော ဖယ်ဒရယ်မူနှင့် တိုင်းရင်းသားတို့၏ အမြင် ဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးသူ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးကျင့်ရှင်းထန်က ပြောကြားသည်။ “တိုင်းရင်းသားတွေအမြင်မှာဒီပြည်ထောင်စု မြန်မာနိုင်ငံမှာ နေပြီးတော့တစ်ချိန်လုံး ဒီဖယ်ဒရယ်မူဟာအခြေ

ခံ ဥပဒေထဲမှာ မပါမချင်း ကျွန်တော်တို့
ပြေလည်မှု ရမှာမဟုတ်ဘူး”ဟုယင်းကဆက်လက် ပြောကြားသည်။
၂၀၀၈ အခြေခံဥပဒေတွင်ပါရှိသည့်အဓိကမူများကို ပြန်ကြည့်လျှင် ပြည်သူလူထုကိုအကာအကွယ်ပေးသည့်
၂၀၀၈ အခြေခံဥပဒေတွင်ပါရှိသည့်အဓိကမူများကို ပြန်ကြည့်လျှင် ပြည်သူလူထုကိုအကာအကွယ်ပေးသည့်
မူဟူ၍ မရှိကြောင်း၊ ယင်းစာအုပ်တွင် ပြည်ထောင်စု
မပြိုကွဲရေးဟု ရေးသားထားသော်လည်း အဓိပ္ပါယ် ဖွင့်
ဆိုထားခြင်း မရှိကြောင်း၊ထို့အတူတိုင်းရင်းသားစည်းလုံးညီညွတ်ရေးမပြိုကွဲရေးဟု ရေးသားထားပြီး
မည်သို့
မည်ပုံ ပြုလုပ်ပါကတိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲသည်ဟူ၍တိတိကျကျ ရေးသားထားခြင်မရှိ
ကြောင်း ဦးကျင့်ရှင်းထန်က ပြောကြားသည်။
“ဘာလုပ်ရင်တော့ ပြည်ထောင်စုကို ပြိုကွဲအောင် လုပ်တယ်ဆိုတာ ဖြစ်မယ်။တိုင်းရင်းသားစည်းလုံးညီညွတ်
“ဘာလုပ်ရင်တော့ ပြည်ထောင်စုကို ပြိုကွဲအောင် လုပ်တယ်ဆိုတာ ဖြစ်မယ်။တိုင်းရင်းသားစည်းလုံးညီညွတ်
ရေး မပြိုကွဲတာ အကောင်းဆုံးလေ။ အခုက
ပြိုကွဲလုမတက် ဖြစ်နေတယ်။ တိုက်ပွဲတွေ ခုထက်ထိ မစဲသေး
ဘူး။ ဒါတွေက ဘာတွေ
ဘယ်လိုဖြစ်ရင် ပြိုကွဲတယ်ဆိုတာမျိုး တစ်ခုမှ မပါဘူး”ဟုယင်းကဆက်လက် ပြော
ကြားသည်။
လက်ရှိတွင် ၂၀၀၈ အခြေခံ ဥပဒေသည် မပြင်လျှင် မရတော့သည့် အခြေအနေတွင် ရောက်ရှိနေကြောင်း၊ သို့ရာတွင် လိုချင်သည့် နေရာများသာ ပြင်ပြီး မလိုချင်သည့်နေရာများ ချန်ထားခဲ့မည်ကို ကာကွယ်ရန် လို
လက်ရှိတွင် ၂၀၀၈ အခြေခံ ဥပဒေသည် မပြင်လျှင် မရတော့သည့် အခြေအနေတွင် ရောက်ရှိနေကြောင်း၊ သို့ရာတွင် လိုချင်သည့် နေရာများသာ ပြင်ပြီး မလိုချင်သည့်နေရာများ ချန်ထားခဲ့မည်ကို ကာကွယ်ရန် လို
အပ်ကြောင်း၊ ယင်းဥပဒေကို ပြင်ဆင်ရန် လိုက်လျောလာသည့် အချိန်တွင်
မည်မျှအတိုင်းအတာအထိ ပြင်
ဆင်ကြမည်မှာ ပြဿနာတစ်ရပ် ဖြစ်လာကြောင်း
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး
ဦးစိုင်းညွန့်လွင်က ပြောကြားသည်။
“ဖယ်ဒရယ်စတိတ်ရဲ့အခြေခံတွေကတန်းတူညီမျှမှုရှိရမယ်။ ဘယ်သူကမှ ဘယ်တိုင်း ဘယ်ပြည်နယ်အပေါ်
“ဖယ်ဒရယ်စတိတ်ရဲ့အခြေခံတွေကတန်းတူညီမျှမှုရှိရမယ်။ ဘယ်သူကမှ ဘယ်တိုင်း ဘယ်ပြည်နယ်အပေါ်
မှာ အုပ်စိုးမှု
လွှမ်းမိုးမှု မရှိရဘူး။ ဖယ်ဒရေးရှင်း ပြည်ထောင်စု စစ်စစ်မှာ ပြည်နယ်နဲ့
ပြည်မဟာ အစိုးရနဲ့ ထပ်
တူရှိတဲ့ အာဏာတွေကို ကျင့်သုံးတယ်”ဟု
ယင်းဆွေးနွေးပွဲသို့ တက်ရောက်သူ တရားလွှတ်တော်ရှေ့နေ ဦး
ခင်မောင်ရှိန်က
ဖယ်ဒရယ်မူနှင့် ပတ်သတ်၍ သုံးသပ်ဆွေးနွေးသည်။
ယင်းဆွေးနွေးပွဲသည် ဆဌမအကြိမ်မြောက် ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲဖြစ်ပြီး ယင်းပွဲသို့ စာရေးဆရာ
ယင်းဆွေးနွေးပွဲသည် ဆဌမအကြိမ်မြောက် ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲဖြစ်ပြီး ယင်းပွဲသို့ စာရေးဆရာ
များ၊ ပါတီဝင်များ၊ ရှေ့နေများ၊ နိုင်ငံရေး
အကျဉ်သားဟောင်းများနှင့် ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးကို စိတ်ဝင်စားသူများ
တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြန်မာ့ခေတ် , RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း): ၂.၆.၂၀၁၃
မြန်မာ့ခေတ် , RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း): ၂.၆.၂၀၁၃
0 comments:
Post a Comment