မှ ဆုံးဖြတ်လိုက်ပြီဖြစ်သည်။
Yahoo ၏ ပထမဦးဆုံးဖြစ်သလို နည်းပညာလောက၏ အကြီးဆုံး ကုမ္ပဏီများထဲမှပထမဦးဆုံးသောအမျိုးသ
မီးCEO ဖြစ်သူသည်အခက်အခဲများနှင့်ရင်ဆိုင်နေရသည့် Yahoo အား ဦးဆောင်ရန် ၂၀၁၂ ဂျွန်လအတွင်း
က ရောက်ရှိလာခဲ့သည်။ ယခု သဘောတူညီချက်မှာ သူမ၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်ခဲ့သည့် အကြီးဆုံး
သောစီးပွားရေးဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီးYahoo အနေဖြင့်ယခင်ကာလများကလိုအမှားအယွင်းမရှိအောင်
ဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့သည်။
Tumblr ဆိုသည်မှာလည်းအင်တာနက်၏နာမည်အကျော်ဆုံးသုံးစွဲသူဖန်တီးမှုဖြင့်ဖွဲ့စည်းတည်ဆောက်ထား
သည့်အင်တာနက်စာမျက်နှာတစ်ခုဖြစ်သည်။ Tumblr အား ဝယ်ယူပြီးပါက Yahoo အနေဖြင့် အဓိက ရင်ဆိုင်
နေရသည့် ပြဿနာဖြစ်သည့်လူမှုကွန်ယက်များနှင့်ယှဉ်ပြိုင်နိုင်စွမ်းမရှိခြင်းအား ဖြေရှင်းနိုင်မည်ဖြစ်သည်။
သို့သော်လည်းYahooအနေဖြင့်မူဤအရောင်းအဝယ်အတွက် “မတန်”သည့်ပမာဏအား ပေးချေရမည်ဖြစ်
ကြာင်း ၊Tumblr ၏၂၀၁၂ ခုနှစ်ဝင်ငွေမှာ ဒေါ်လာ၁၂ သန်းခန့်သာ ရှိခဲ့ကြောင်း ၊ ယင်းအတွက်ကြောင့် Yahoo
အဆိုပြုထားသည့် ဒေါ်လာ၁.၁ဘီလီယံဆိုသည်မှာTumblr ၏ ပကတိတန်ဖိုး မဖြစ်နိုင်ကြောင်း၊ Yahoo အနေ
ဖြင့် ဆုံးဖြတ်ချက် မှန်ကန်ပါစေလို့သာ ဆုတောင်းရမည်ဖြစ်ကြောင်း ကျွမ်းကျင်းသူများက ဆိုနေကြသည်။
ယင်းသတင်းထွက်ရှိလာပြီးနောက်Yahoo ၏ စတော့ရှယ်ရာ ဈေးနှုန်းမှာ၁.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဒေါ်
လာ ၂၆.၅၂ ဈေးပေါက်လျက် ရှိနေသည်။
Rangonnewsdaily
RND: :20.5.2013
0 comments:
Post a Comment