အဘမိုးပျံ တပည့်ဗြောင်းဆံ
အဘလူလွှတ် တပည့်လူဖမ်း ။
အတိုင်အဖောက် အရီ ( ရယ် ) အငို
- - - - - - - - - - - - -
အကျိုးမရှိ အမျိုးမထိ အဟောတိကံ
ကြမ်းချင်တလောက်ကြမ်း ရမ်းနိုင်သလိုရမ်း
မှောင်မိုက်တယ့် ဥပဒေ သူတို့အတွက်ပါလေ
ဥပဒေကို လက်ခမောင်းတီး မထီမဲ့မြင်သတည်း။
- - - - - - - - - - - - -
နိုင်ငံအကျိုးတွက်မျှော် လမ်းပေါ်ထွက်လို့အော်
ကံမဒကာ ထိုလူများ အင်းစိန်ထောင်ကိုသွား ။
ထွန်းလင်းတယ့် ဥပဒေ သူတို့ကို မငဲ့ပေ
ဥပဒေကို လက်ဖျောက်တီး အထက်အမိန့်နဲ့ ပြီး ။
- - - - - - - - - - - - - -
နွေမှာပူပြင်း မိုးရွာရေမလုံ ဆောင်းအခါ ချမ်းအေး
ဖျားနာသပ ပါရာစီတင်မော် သာရ ။
ရေဆယ်ခွက်ချိုး ဗံဒါရွက်နဲ့ မစင်သုံး
စားငပိ ဝါးဂျလိ ကျောက်ခဲအတိ ။
- - - - - - - - - - - - - -
အဖအရှိန်ဝါ သားချမ်းသာ
ကုမ္မဏီ မြည်ဟီး အစိုးရငွေတွေ ချီး ( ချေး ) ။
ပါမစ်တစ်ဖက် စားတစ်သက်
ပေါင်းစားအကျိုးမျှော် လုပ်ကွက်ဖော်
စိန်စီ မြရန် ဘဝင်မြင့်ဟန်
ချမ်းသာကြွယ်ဝ မောက်မာလှ ။
- - - - - - - - - - - -
ကံကောင်းလို့လူဖြစ် မကောင်းတာက ဗိုလ်စနစ်
မြန်မာပြည်က လူ့ဘဝများ …
ကံခေလို့မသေ မိုင်းနင်းလို့သေ။
ထမင်းငတ်မသေ ထောင်ထည်းမှာသေ။
သီချင်းဆိုလို့ မသေ ဝိုင်းရိုက်လို့ သေ ။
ချမ်းသာလို့ မသေ စိန်ရှိလို့ သေ ။
ချစ်လို့ မသေ အချစ်လုလို့ သေ ။
ရေနစ်လို့ မသေ ဝါးထိုးလို့ သေ ။
ဆိုင်ကယ်စီးလို့ မသေ လေယာဉ်တိုက်လို့ သေ ။
စစ်ပွဲမှာမသေ ဆေးမရှိလို့ သေ ။
ခလေးမွေးလို့မသေ ဆရာဝန်ပေါဆလို့ သေ။
သေ … သေ … သေ ။
ဘယ်သူသေသေ ကတေ အဘ မာရင် ပြီး ရော ။
ROLAND ZHANG
Rangonnewsdaily
RND: :18.5.2013
RND: :18.5.2013
0 comments:
Post a Comment