skip to main |
skip to sidebar
ရွှေဂုံတိုင်ဂုံးကျော်တံတားစီမံကိန်း မြေနေရာ နင့်ကပ်ရပ် လမ်းဘေးတွင် မြေကြီးအပ်ကွဲကြောင်းဖြစ်ပေါ်နေ
11:18 AM
Kolatt
ရွှေဂုံတိုင်ဂုံးကျော်တံတားစီမံကိန်း
မြေနေရာ နင့်ကပ်ရပ် လမ်းဘေးတွင် မြေကြီးအပ်ကွဲနေကြောင်း သိရှိရသည်။
၎င်းမြေကြီးအပ်ကွဲနေသော နေရာမှာ ဇီဝိတဒါနဆေးရုံ ဘက်မှ
ရွှေဂုံတိုင်မီးပွိုင့်ဘက်သို့ သွားသော ဘက်တွင်ဖြစ်ပေါ်နေခြင်းဖြစ်သည်။
၎င်းမြေကြီးအပ်ကွဲရသည့်အကြောင်းအရင်းမှာ
ရွှေဂုံတိုင်ဂုံးကျော်တံတား စီမံကိန်းမြေနေရာအထဲတွင် တံတားဆောက်လုပ်ရန်
ပြုလုပ်ရာမှ တံတားအဟောင်း တစ်ခု ၏ အောက်ခြေ ဟု ယူဆရသော တိုင်(၄)တိုင် ကို
တွေ့  ရှိရပါသည်။ ၄င်း တိုင်(၄)တိုင် ရှိသော နေရာအား လေးထောင့် ကန်တစ်ခု
ဖြစ်အောင် လုပ်ထားပြီး မြေကြီးအပ်ကွဲရာသည်လည်း ၄င်း ကန် ဘက်မှ
စလာခြင်းဖြစ်သည်။
၎င်းမြေကြီးအပ်ကွဲရာနေရာသည်
အချိန်မရွေးပြိုနိုင်သည်ဖြစ်သောကြောင့်
ယာဉ်မောင်းများအနေဖြင့်လည်း ကားများအား ဖြည်းညှင်းစွာ မောင်းနှင်းကြပါရန်အသိပေးအပ်ပါသည်။
Myanmar News International , Rangonnewsdaily
RND: :9.5.2013
0 comments:
Post a Comment