Pages

Wednesday, May 1, 2013

ချစ်သူမိန်းကလေးကို ဓားဖြင့်ထိုးပြီး နေရာ၌ပင် ပိုးသတ်ဆေးသောက်သေ

Wednesday,May01,2013

ရန်ကုန်- မြောက်ဥက္ကလာပမြို့နယ် ရွှေပေါကံ္ကမြို့သစ်ရှိ အအေးဆိုင်တစ်ခုတွင် ဧပြီ ၂၉ ရက်ညနေက ချစ်သူစုံတွဲချင်းစကား များရာမှ လူသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း
ရန်ကုန်တိုင်း ရဲ တပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ ရွှေပေါက္ကံမြို့သစ်ရှိ လှိုင်ရတနာအအေးဆိုင်အတွင်း (၂၇) နှစ်အရွယ်ရှိ ယာဉ်နောက်လိုက်
အောင်မြင့်ထွန်းသည် (၂၁) နှစ်အရွယ် ဂျီတီအိုင်နောက်ဆုံးနှစ်
ကျောင်းသူ ၎င်းင်း၏ချစ်သူနှင့် စကားများကြရာမှ အောင်မြင့်ထွန်းသည် ချစ်သူမိန်းကလေးကို အရိုးအသွား ငါးလက်မခန့်ရှိ စတီးလ်ဓားဦးချွန်ဖြင့် လည်ပင်း၊
ဝဲနံကြား၊ ၀ဲတံတောင်နှင့် ယာလက်ဖျံတို့ကို ထိုးခဲ့သည်။ ထို့နောက် အသင့်ပါလာသော ပိုးသတ်ဆေး နှစ်ပုလင်းသောက်ကာ မိမိကိုယ်ကို
သေကြောင်းကြံစည်ခဲ့ခြင်းဖြစ်သည်

အောင်မြင့်ထွန်းသည် အဆိပ်သောက်ပြီးနောက် သေဆုံးသွားပြီး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သော မိန်းကလေးမှာ မြောက်ဥက္ကလာပဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသလျက်ရှိကြောင်း သတင်းရရှိသည်။

7DaysNewsJournal ,Rangonnewsdaily
RND:  :1.5.2013

0 comments:

Post a Comment

 
world time