Pages

Tuesday, May 14, 2013

ဆိုင်ကလုန်းမုန်တိုင်း မဟာစင် နဲ့ပတ်သတ်ပြီး (မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲမှာ နောက်ဆုံး သတင်းထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း မဟာစင်ဟာ စစ်တွေမြို့
ရဲ့ အနောက်တောင်ဘက် မိုင် ၅၁၀ခန့်၊ ပုသိမ်မြို့ရဲ့ အနောက် တောင်ဘက် မိုင် ၅၂၀ခန့်၊ ကျောက်ဖြူမြို့ရဲ့ အနောက်တောင်ဘက် မိုင် ၅၂၀ခန့်နဲ့ အိန္ဒိ ယနိုင်ငံ ဗီဇာကာပတ်တနန်မြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၂၄၀ အကွာ ပင်လယ်ပြင်ကို ဗဟို ပြုနေတယ်လို့ မိုးလေ၀သဌာနက မေလ ၁၄ ရက်၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲမှာ နောက်ဆုံး သတင်းထုတ်ပြန်ထားပါတယ်။
မုန်တိုင်းဟာ အရှေ့မြောက်ဘက်ကို ဆက်ရွေ့လျားနိုင်ပြီး မုန်တိုင်းဗဟိုချက်အနီးမှာ အမြင့်ဆုံး လေတိုက်နှုန်း
မှာ မိုင် ၆၀ အထိ ရှိနိုင်ပါတယ်။ မုန်တိုင်း အရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် နေရာစိပ်စိပ် အနှံအပြား မိုးထစ်ချုန်း ရွားပြီး နေရာ
ကွက်ပြီး မိုးကြီးနိုင်ပါတယ်။

မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ် ပြင်တွေမှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေ ကျရောက်

ပြီး လှိုင်းကြီးတာ၊ မိုးသက်လေပြင်း ကျတဲ့အချိန် ရေပြင်၊ မြေပြင်လေဟာ တနာရီကို မိုင် ၄၀ ကနေ ၄၅ မိုင်
အထိ တိုက်ခိုက် နိုင်ပါတယ်။ ဆိုင်ကလုန်းမုန်တိုင်းရဲ့ လက်ရှိ အခြေအနေမှာ လိမ္မော်ရောင် အဆင့် ရှိပြီး
 မေလ ၁၆ ရက်နေ့ ညပိုင်းမှာ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတ မ်းမြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေ
သတွေဆီ ၀င်ရောက်နိုင်ကြောင်း ခန့်မှန်းထားပါတယ်။

DVB TV News , Rangonnewsdaily
RND:  :14.5.2013

0 comments:

Post a Comment

 
world time