မေ(၆)ရက်၊၂၀၁၃ခုနှစ်။
ရွှေဘိုခရိုင် ၀က်လက်မြို့နယ်အတွင်းရှိ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအား အဓိကလုပ်ကိုင်သော ကျေးရွာများ၌ နွေစပါးစီမံကိန်းမရှိသောကြောင့် သဖန်းဆိပ်ဆည်မှ ရေလွှတ်မပေးနိုင်သည့်အချိန်များ၌ ၀က်လက်မြို့နယ် ဒေသခံကျေးရွာ အများစုမှာ သောက်သုံးရေပြတ်လပ်မှုနှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။ ၀က်လက်မြို့နယ်မှ စမွန်းကျေးရွာ၊မြင်တော်ကျေးရွာ၊
တံတားဦးကျေးရွာ၊ ရွှေတောင်ကျေးရွာ၊ သခွပ်တ္တော ကျေးရွာများအပါအ၀င်
အချို့ကျေးရွာများတွင် သောက်သုံးရေ အဓိကပြတ်လပ်မှု ဖြစ်ပေါ်နေခြင်းဖြစ်သည်။အဆိုပါဒေသများသို့ ၀က်လက်မြို့မှလူမှုရေးအသင်းအဖွဲ့များ ၊ “မြင့်”သောက်ရေသန့် ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအဖွဲ့ဝင်များနှင့် စေတမာန်လူမှုရေးအသင်းများက သောက်ရေများ ကျေးရွာများသို့ သွားရောက် လှူဒါန်းခဲ့ကြောင်းကိုလည်း သိရသည်။
“အရင်ကနွေစပါး စိုက်လေ့ရှိတော့ သောက်သုံးရေပြတ်လပ်တာမျိုး မကြုံရဘူး။ ဒီနှစ်ဒီဖက်မှာ နွေစပါးစီမံကိန်းမရှိသဖန်းဆိပ်ဆည်ကရေလွှတ်မပေးနိုင်တော့
ဆည်ရေလာမှ အဆင်ပြေတဲ့သောက်ရေကန်တွေ ရေပြတ်လပ် နေပြီ။ ကန်တွေလည်း
မသန့်ရှင်းတော့ဘူး။”ဟု ၀က်လက်မြို့နယ်၊ ပင်းဇင်းကျေးရွာမှတောင်သူတစ်ဦးက ပြောသည်။
ယမန်နှစ်က မိုးခေါင်သောကြောင့် သဖန်းဆိပ်ဆည်တွင် ရေနည်းပြီး
လယ်ယာစိုက်ပျိုးရန်လုံလောက်သော ရေမပေးနိုင်ခဲ့ခြင်းကြောင့်
နွေစပါးမစိုက်ရခြင်းဖြစ်ကြောင်း ဆည်ရေအားကိုး၍ သောက်သုံးရေ ပြုလုပ်နေရသော ကျေးရွာများအတွက် ဆည်ရေမရသောအခါ ကန်ရေများ ချောက်ခန်းလာပြီး ရေများ နောက်ကျိလာ ခြင်းဖြစ်သည်ဟု ၀က်လက်ဒေသခံတို့က ဆိုသည်။
ဝက်လက်မြို့နယ်အတွင်းရှိ ဒေသခံကျေးရွာများမှာ မြစ်ချောင်းမရှိသောကြောင့်
စိုက်ပျိုးရေးအတွက် အ သုံး ပြုရသောဆည်ရေနှင့် မိုးရေမှရရှိသော ကန်ရေကိုသာ
အားကိုးသောက်သုံးရကြောင်း အဆိုပါဒေသများသည် ကုန်းတွင်းပိုင်းခေါင်သော ဒေသများဖြစ်ခြင်းကြောင့့် သောက်ရေရရှိရန်အတွက် အခက်အခဲများစွာ ရှိနေခြင်း ဖြစ်သည်။
မန္တလေး(မြစ်မခ)
ဝက်လက်မြို့နယ်အတွင်းရှိ ဒေသခံကျေးရွာများမှာ မြစ်ချောင်းမရှိသောကြောင့် စိုက်ပျိုးရေးအတွက် အ
0 comments:
Post a Comment