Pages

Tuesday, May 28, 2013

လားရှိုးမြို့တွင် ဗလီနှင့် အာရဗီစာသင်ကျောင်းအား အကြမ်းဖက်မီးရှို့၊ အမျိုးသားနှင့် အမျိုးသမီး အချင်းချင်းရန်ဖြစ်ပြီး မိန်းမကို မိးရှို့သူ ယောကျာ်းမှာ မွတ်စလင်မ် မဟုတ်ကြောင်းသိရ

မေလ-၂၈၊ ၂၀၁၃
လားရှိုး ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ (၈)ရပ်ကွက်ရှိ ဂျာမေ့ဗလီကြီးနှင့် အစ္စလာမ်ဘာသာရေးစာ
သင်ကျောင်းအား ယနေ့ည ၈-နာရီခန့်ကစတင်၍ မီးရှို့ဖျက်ဆီးလိုက်ကြောင်း သတင်းရရှိသည်။ယနေ့ည ၈-
နာရီအချိန်မှစ၍ လူ ၁၀၀-၀န်းကျင်ခန့်ရှိ အကြမ်းဖက်လူအုပ်ကြီးသည်လားရှိုးမြို့ ဈေးကြီးအနီးရှိ ဂျာမေ့ဗလီ
ကြီးအနီးသို့ စုရုံးရောက်ရှိလာပြီး ဗလီအား ၀ိုင်းဝန်းဖျက်ဆီးမီးရှို့ရန်လုပ်ဆောင်ခဲ့ကြပြီး ည ၈-နာရီ ၁၀-မိနစ်
ခန့်တွင် စတင် မီးရှို့ခဲ့ကြသည်။
မီးရှို့ရာတွင် အနီးရှိဈေးအတွင်းမှ မီးလောင်နိုင်သော ပစ္စည်းများကိုသွားရောက်ယူဆောင်ပြီးမီးပုံရှို့ခဲ့သည်။
မီးလောင်နေစဉ်အချိန်အတော်ကြာမှ မီးသတ်ကားမှ ရောက်ရှိလာသော်လည်း အမိန့်မရဟုဆိုကာ မီးငြိမ်း
သတ်မှုမပြုလုပ်ကြောင်းလည်း သိရသည်။ ဂျာမေ့ဗလီကြီးမှာ လားရှိုးမြို့တွင် အကြီးဆုံးနှင့် အခမ်းအနားဆုံး
ဗလီဖြစ်ပါတယ်။


အကြမ်းဖက်သမားများသည် ဗလီကို မီးရှို့နေရာမှတဖန် အစ္စလာမ်ဘာသာရေးစာသင်ကျောင်းရှိရာ မိဘမဲ့
ဂေဟာသို့လည်း သွားရောက် မီးရှို့ခဲ့ကြပြန်ပါတယ်။ မိဘမဲ့ဂေဟာ စာသင်ကျောင်းဟာ ကျောင်းသား ၂၀၀
ကျော်ရှိနေပြီး ယခုအခါမှာ ကလေးများမှာ စာသင်ကျောင်း အနောက်ပေါက်မှနေ၍ ထွက်ပြေးနေကြရပါ
တယ်။ ဗလီ အနီးတဝိုက်မှာ ရှိတဲ့ ဆိုင်ခန်းများ မီးရှို့ဖျက်ဆီးခံရကြောင်းသတင်းရရှိပါတယ်။


အကြမ်းဖက်မှုစတင်ဖြစ်ပွားပုံအား စုံစမ်းအား ယနေ့ ညနေ ၄-နာရီကျော်ခန့်က အမျိုးသမီးတစ်ဦးအား အမျိုး
သားတစ်ဦးမှ မီးရှို့မှုဖြစ်ပွားခဲ့တာကြောင့် ယင်းအမျိုးသားမှာ မွတ်စလင်မ်အမျိုးသားဖြစ်သည်ဟု စွပ်စွဲပြော
ဆိုကာ အကြမ်းဖက်မှုကို စတင်ခဲ့ခြင်းဖြစ်ပါတယ်။ မီးရှို့ခံရသူအမျိုးသမီးမှာ ယခုအခါတွင် လားရှိုးမြို့ ဆေး
ရုံကြီးတွင် ရောက်ရှိ ဆေးကုသမှုယူနေရပါတယ်။ 

ယင်း အမျိုးသားနှင့် အမျိုးသမီး အချင်းချင်း စကားများရာမှတဆင့် အမျိုးသားက အမျိုးသမီးအား မီးရှို့ခဲ့ခြင်းဖြစ်ပါတယ်။ အမျိုးသားမှာ မွတ်စလင်မ် မဟုတ်ကြောင်း လားရှိုးမြို့ခံတစ်ဦးက M-Media ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။ သတင်းအသေးစိတ်ကို ထပ်မံတင်ပြပေးပါမည်။ 


ယခုအခါ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း နောက်ဆုံးသတင်းရရှိပါတယ်။


လားရှိုးမြို့မှာက ဗလီ(၅)လုံးရှိပြီး မိဘမဲ့ဂေဟာတစ်ခုလည်းရှိပါတယ်။ လားရှိုးမြို့မှာ မွတ်စလင်မ်အိမ်ခြေ (၁၅၀၀)၀န်းကျင်ရှိပြီး၊ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ချစ်ခင်ရင်းနှီးစွာ နေလာခဲ့ကြတဲ့ မြို့ဖြစ်ပါတယ်။

လားရှိုးမှာ "အစ္စလာမ်မီယာ မိဘမဲ့ဂေဟာ"တစ်ခုရှိပါတယ်။ ၁၉၂၇-ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပါ
တယ်။ အဲဒီကျောင်းမှာ ကျောင်းသား (၂၀၀)ကျော်ရှိပါတယ်။ 

တချို့က အစိုးရကျောင်း(မူလတန်း)တက်သူတွေရှိပါတယ်။အစိုးရကျောင်းကမူလတန်းပြီးတာနဲ့ ဘာသာရေး
ပညာသက်သက် ဟာဖိဇ်ဖတ်စေပါတယ်။ကျောင်းသား ၂၀၀ ကျော်မှာ အများစုဆင်းရဲလို့ လာနေကြတာဖြစ်
ပြီး မိဘမဲ့တွေလည်းရှိပါတယ်။ဒီမိဘမဲ့ဂေဟာရှိတဲ့ ၀င်းကြီးထဲမှာ အစိုးရ မူလတန်းကျောင်းတစ်ကျောင်းရှိပါ
တယ်။

ဒီဝင်းကြီးတစ်ခုလုံးဟာရှေးယခင်က ဂေဟာပိုင်ဖြစ်ပေမယ့် နောက်ပိုင်းမဆလခေတ်မှာ ပြည်သူပိုင်းသိမ်းခံ
လိုက်ရပါတယ်။ ပြည်သူပိုင်သိမ်းပြီးတော့ ဒီဝင်းကြီးထဲမှာ အ.မ.က(၃)အစိုးရကျောင်းဖြစ်လာတယ်။မိဘမဲ့
ဂေဟာက ၂-ထပ်တိုက်ဖြစ်ပေမယ့် ၀င်းအတွင်းမှာပဲရှိကြောင်းသိရှိရပါတယ်။

M-Media , Rangonnewsdaily
RND:  :28.5.2013

 

0 comments:

Post a Comment