May 13, 2013
အားလုံးဟာအရင်ခန့်မှန်းထားတဲ့အတိုင်းပါဘဲ။ကျွန်တော် နောက်ဆုံးထုတ်ပြန်ထားတဲ့ခန့်မှန်းချက်အပြောင်း
အားလုံးဟာအရင်ခန့်မှန်းထားတဲ့အတိုင်းပါဘဲ။ကျွန်တော် နောက်ဆုံးထုတ်ပြန်ထားတဲ့ခန့်မှန်းချက်အပြောင်း
အလဲ မရှိသေးပါ။
မေလ (၁၂)ရက်နေ့တစ်နေ့လုံး မဟာဆန်သူဟာ အနောက်မြောက်ဖက်ကိုဘဲ ရွေ့လျှား
နေခဲ့တာ (၁၃-၅-၂၀၁၃) ရက်နေ့ မနက်ပိုင်းအထိပါဘဲ။ နောက်တော့
အနောက်မြောက်ဖက် ဦးတည်ရာက
နေ မြောက်ဖက်ကို ပြောင်းရွေ့လာခဲ့ပါတယ်။ ဒါဟာ
ကွေ့တော့မယ့် အခြေအနေကို ပြသနေတာဘဲဖြစ်ပါ
မယ်လို့
ခန့်မှန်း ထားပါတယ်။ ရွေ့ပြီဆိုတာနဲ့ မြန်မာ့ကမ်းရိုးတန်းဟာ
ခြိမ်းခြောက်မှုစတင်ခံရပါပြီ။အချိန်
နဲ့လိုက်ပြီး အမြဲမပြတ်ကြည့်ရတော့မှာပါဘဲ။နောက်ဆုံးအခြေအနေကို ညပိုင်းမှာ တင်ပေးပါ့မယ်။
ကွေ့တာနဲ့ မြန်မာနိုင်ငံအနောက်ဖက်ကမ်းရိုး
တန်း တစ်ခုလုံးကို
နှိုးဆောင်အဆင့် အနည်းဆုံးထားပြီး၊ ရခိုင်ပြည်နယ်မြောက်ပိုင်းကိုေ တာ့ သီးသန့်သတိ
ပေးအဆင့် ထားရပါလိမ့်မယ်။
လောလောဆယ်အထိတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို စစ်တကောင်းမြို့နားက ဖြတ်မယ်လို့ ခန့်မှန်း
ထားဆဲ ဖြစ်ပါတယ်။
ဒေါက်တာထွန်းလွင် (MCCW)
ဒေါက်တာထွန်းလွင် (MCCW)
Rangonnewsdaily
RND: :13.5.2013
RND: :13.5.2013
0 comments:
Post a Comment