Monday, April 29, 2013
တရားမ၀င်ကုန်သွယ်ရေးအဖွဲ့ (Mobile Team)ဖွဲ့စည်းပြီးသော်လည်း တရုတ်ပြည်မှ
တရားမ၀င် တင်သွင်းနေသည့် လိုင်စင်မဲ့ဆိုင်ကယ်များမှာ မြန်မာနိုင်ငံတွင်း၌
ရောင်းဝယ်ဖောက်ကားလျက်ပင် ရှိနေဆဲဖြစ်သည်။ ထိုကဲ့သို့ ဆိုင်ကယ်များအားတရားမ၀င်တင်သွင်းရာ၌
လူတစ်ဦးလျှင် ဆိုင်ကယ် တစ်စီးနှုန်းဖြင့် တရုတ်ပြည်နယ်စပ်မှ
မြန်မာနိုင်ငံအတွင်းသို့ မောင်းနှင်လာခြင်းဖြစ်သည်ဟု
ဆိုင်ကယ်ကယ်ရီသမားများထံက သိရသည်။ ထိုကဲ့သို့
ဆိုင်ကယ်တရားမ၀င်ခိုးသွင်းရာတွင် အခြားကုန်ပစ္စည်းများအား တင်ဆောင်မှုများလည်း ရှိနေဆဲဖြစ်သည်။
လိုင်စင်မဲ့ဆိုင်ကယ်များကို အခွန်မဆောင်ဘဲ တင်သွင်းခွင့်
ပြုထားခြင်းမရှိဟု နေပြည်တော် နယ်စပ်ကုန်သွယ်ရေး စခန်းမှတာဝန်ရှိသူတစ်ဦးက
ဆိုသည်။
“Mobile Team အဖွဲ့ကတော့ သူတို့လမ်းကြောင်းပေါ်မှာ
တွေ့ရင်ဖမ်းလိမ့်မယ်၊ အခွန် မဆောင်ပဲ တင်သွင်းခွင့် တွေမှာ
ဆိုင်ကယ်တွေမပါသေးပါဘူး” ဟု နေပြည်တော်နယ်စပ်ကုန်သွယ်ရေး စခန်းမှ
တာဝန်ရှိသူ တစ်ဦးက ပြောသည်။
လိုင်စင်မဲ့ဆိုင်ကယ်များအား ၂၀၁၂
ခုနှစ် ဇွန်လမှ နှစ်ကုန်ပိုင်းထိ လိုင်စင်များ ပြုလုပ်ပေးခဲ့ပြီးနောက်
ဆိုင်ကယ် ဈေးကွက်မှာ အေးနေခဲ့သော်လည်း ရောင်းဝယ်မှုများ
ရှိနေကြောင်းကိုလည်း ဆိုင်ကယ်ဈေးကွက် အတွင်းက သိရသည်။
“သူတို့က
အဲ့ဒါနဲ့လုပ်စားနေကြတာ၊ အဲ့ဒါ မလုပ်ရရင်သူတို့ ဘာနဲ့သွားလုပ်စားမလဲ
ငတ်သေကုန်မှာပေါ့ ” ဟုယခင်က ဆိုင်ကယ် ကယ်ရီ(ဂျော်ကီ)ဆွဲဖူးသူတစ်ဦးက
ပြောသည်။
လိုင်စင်မဲ့ဆိုင်ကယ်များအား တရားမ၀င်တင်သွင်းရာ၌ ပြင်ဦးလွင်မြိုမှာ အဓိကအချက်အချာဖြစ်ပြီး ထိုမှတဆင့်မြန်မာပြည်အလယ်ပိုင်းသို့ ဆိုင်ကယ်များတင်ပို့နေခြင်း ဖြစ်သည်။
“ညနေစောင်းဆိုရင် အောက်ဖက်ကို ဆိုင်ကယ်သွားပို့တဲ့လူတွေကို မြို့အထွက်ကနေ
သွားကြည့်ရင် နေ့တိုင်း တွေ့ရတယ်၊ သူတို့တွေက သိသာပါတယ်၊ ဆိုင်ကယ်တွေက
အသစ်တွေ နံပါတ်ပြားမပါ ဘာမပါနဲ့။” ဟုပြင်ဦးလွင်မြို့ရှိ ဒေသခံတစ်ဦးက
ပြောသည်။
တရုတ်ပြည်မှဆိုင်ကယ်များအား မြန်မာပြည်တွင်းသို့ ကျယ်ကျယ်ပြန့်ပြန့်ဝင်ရောက်လာသည်မှာ ၂၀၀၀၊ ၂၀၀၁ ခုနှစ် ၀န်းကျင်ကဖြစ်ပြီး ထိုကဲ့သို့ တရုတ်-မြန်မာနယ်စပ်မှ မြန်မာနိုင်ငံတွင်းသို့ ဆိုင်ကယ်ဖြန့်ချီနေသည့်ဈေးကွက်မှာ ယခု တိုင်ကြီးမားနေဆဲဖြစ်သည်ဟု သိရသည်။
ပြင်ဦးလွင်မြို့မှနေ၍ အဓိကတင်ပို့သောမြို့များမှာ မန္တလေး၊ ပခုက္ကူ၊
ရေစကြို၊ မိတ္ထီလာ၊ မုံရွာ၊ မြစ်ငယ်နှင့် မြင်းခြံ မြို့တို့ ဖြစ်သည်။
လက်ရှိအချိန်တွင် အမည်ရှိတံဆိပ်တရုတ်ဆိုင်ကယ်တစ်စီးလျှင်
မြန်မာနိုင်ငံ အလယ်ပိုင်းအရောက် ၂၀၁၂ ခုနှစ် ထုတ် ဆိုင်ကယ် (110)
တစ်စီးလျှင် (၃သိန်း ၈သောင်း) ကျပ်ဝန်းကျင်ရှိပြီး၊ (125) တစ်စီးလျှင်
ကျပ်(၄သိန်း ၇သောင်း)ကျပ် ၀န်းကျင် ပေါက်ဈေးရှိကြောင်း ဈေးကွက်အတွင်းက
စုံစမ်းသိရှိရသည်။
ကောင်းမြတ်ဖြိုး ( မြစ်မခ ) , Rangonnewsdaily
RND: :29.4.2013
“Mobile Team အဖွဲ့ကတော့ သူတို့လမ်းကြောင်းပေါ်မှာ တွေ့ရင်ဖမ်းလိမ့်မယ်၊ အခွန် မဆောင်ပဲ တင်သွင်းခွင့် တွေမှာ ဆိုင်ကယ်တွေမပါသေးပါဘူး” ဟု နေပြည်တော်နယ်စပ်ကုန်သွယ်ရေး စခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
လိုင်စင်မဲ့ဆိုင်ကယ်များအား ၂၀၁၂ ခုနှစ် ဇွန်လမှ နှစ်ကုန်ပိုင်းထိ လိုင်စင်များ ပြုလုပ်ပေးခဲ့ပြီးနောက် ဆိုင်ကယ် ဈေးကွက်မှာ အေးနေခဲ့သော်လည်း ရောင်းဝယ်မှုများ ရှိနေကြောင်းကိုလည်း ဆိုင်ကယ်ဈေးကွက် အတွင်းက သိရသည်။
“သူတို့က အဲ့ဒါနဲ့လုပ်စားနေကြတာ၊ အဲ့ဒါ မလုပ်ရရင်သူတို့ ဘာနဲ့သွားလုပ်စားမလဲ ငတ်သေကုန်မှာပေါ့ ” ဟုယခင်က ဆိုင်ကယ် ကယ်ရီ(ဂျော်ကီ)ဆွဲဖူးသူတစ်ဦးက ပြောသည်။
လိုင်စင်မဲ့ဆိုင်ကယ်များအား တရားမ၀င်တင်သွင်းရာ၌ ပြင်ဦးလွင်မြိုမှာ အဓိကအချက်အချာဖြစ်ပြီး ထိုမှတဆင့်မြန်မာပြည်အလယ်ပိုင်း
“ညနေစောင်းဆိုရင် အောက်ဖက်ကို ဆိုင်ကယ်သွားပို့တဲ့လူတွေကို မြို့အထွက်ကနေ သွားကြည့်ရင် နေ့တိုင်း တွေ့ရတယ်၊ သူတို့တွေက သိသာပါတယ်၊ ဆိုင်ကယ်တွေက အသစ်တွေ နံပါတ်ပြားမပါ ဘာမပါနဲ့။” ဟုပြင်ဦးလွင်မြို့ရှိ ဒေသခံတစ်ဦးက ပြောသည်။
တရုတ်ပြည်မှဆိုင်ကယ်များအား မြန်မာပြည်တွင်းသို့ ကျယ်ကျယ်ပြန့်ပြန့်ဝင်ရောက်လာသည
ပြင်ဦးလွင်မြို့မှနေ၍ အဓိကတင်ပို့သောမြို့များမှာ မန္တလေး၊ ပခုက္ကူ၊ ရေစကြို၊ မိတ္ထီလာ၊ မုံရွာ၊ မြစ်ငယ်နှင့် မြင်းခြံ မြို့တို့ ဖြစ်သည်။
လက်ရှိအချိန်တွင် အမည်ရှိတံဆိပ်တရုတ်ဆိုင်ကယ်တစ်စ
0 comments:
Post a Comment