Pages

Wednesday, April 3, 2013

ယာဉ်တိုက်မှုဖြစ်၍ ထွက်ပြေး မောင်းနှင်လာသူ ထပ်မံ ယာဉ်တိုက်မှု ဖြစ်ကာ ဆေးရုံတွင် သေဆုံး

ရှမ်းပြည်နယ် နမ့်စန်မြို့နယ် ဟိုဦးရွာ ကားလမ်းမ၌ မတ် ၂၇ ရက် ည ၈ နာရီခွဲက ယာဉ်တိုက်မှု တစ်ခု ဖြစ်ပွားခဲ့ သည်။ဖစ်စဉ်မှာ ယာဉ်မောင်း အားရှော့ ၂၇ နှစ် (ဘ)ဦးရှန်ဟန့် အမှတ်(၂) ရပ်ကွက် နမ့်စန် မြို့နေသူ မောင်းနှင်လာသော ယာဉ်အမှတ် ၇ခ/--- ဟိုင်းလတ် ဆပ်မော်တော်ယာဉ်နှင့် ခွန်တနိုင်း ၃၄ နှစ် (ဘ)ဦးကောယမိုင် ဟိုဦးရွာ နမ့်စန် မြို့နယ်နေသူ မောင်းနှင်ပြီး နောက်တွင် အိုက်လင်း လိုက်ပါ စီးနင်းလာသော မော်တော်ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိရာ ခွန်တနိုင်းနှင့် အိုက်လင်း တို့တွင် ပွန်းပဲ့ ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့သည်။ ယာဉ်မောင်း အားရှော့ မောင်းနှင်လာသော မော်တော်ယာဉ်သည် နမ့်စန်မြို့ဘက်သို့ ထွက်ပြေး မောင်းနှင် ရာ နမ့်စန်မြို့ အမှတ်(၄) ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း အနီး လမ်းယာ ဘေးဘက်တွင် ချရပ်ထား သော ယာဉ်အမှတ် ၇ခ/--- နစ်ဆန်း ဒီဇယ် ၁၂ ဘီးယာဉ်၏ ဝဲဘက်ခြမ်း နောက်ပိုင်းအား ထပ်မံ ဝင်ရောက် တိုက်မိပြီး အားရှော့မှာ ဝဲမျက်စိထွက် ဒဏ် ရာ၊ မေးစေ့ ပေါက်ပြဲဒဏ်ရာ၊ နှာခေါင်းရိုး ကျိုးဒဏ်ရာ၊ နားနှစ်ဖက်မှ သွေးထွက် ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးရုံသို့ တင်ပို့ခဲ့ရာ ဆေးရုံတွင်သေဆုံး သွားသည်။

ထို့ကြောင့် ယာဉ်မဆင်မခြင် မောင်းနှင်မှုကို နမ့်စန် ရဲစခန်းမှ ယာဉ် (ပ)၄/ ၂ဝ၁၃၊ ပြစ်မှု ၃၃၇/၃၃၈/၃ဝ၄-က အရ အမှုဖွင့် အရေးယူ ဆောင်ရွက် ထားကြောင်း သတင်း ရရှိသည်။

  မြ၀တီ, Rangonnewsdaily
RND:3.4.2013

0 comments:

Post a Comment