Pages

Sunday, April 28, 2013

" မြန်မာအစိုးရ မသိချင်ယောင်ဆောင်နေသည့် တည်ဆဲဥပဒေထဲက ပုဒ်မတစ်ခု ''

ဧပြီ ၂၇ ၂၀၁၃

မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များအပေါ် ၉၆၉ အမည်ခံ ဗုဒ္ဓ ဘာသာဝင် အကြမ်းဖက်များကကျူးလွန်

ခဲ့တဲ့ ပြစ်မှူ့တွေအထဲမှာ လူသတ်မီးရှို့မှူ့တွေအပါဝင် ဗလီဝတ်ကျောင်းတော်တွေ တော်တော်များများ ကို ဖျက်ဆီး ခဲ့မှူ့တွေလဲပါ ခဲ့ပါတယ်။ဗလီဝတ်ကျောင်းတော်တွေ အရေအတွက် ဘယ်လောက်များများ ပျက်ဆီး ခဲ့တယ်ဆိုတာကိုလဲ နိုင်ငံတော်အစိုးရက တော်တော် များများ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။
၉၆၉ အမည်ခံ ဗုဒ္ဓ ဘာသာဝင် အကြမ်းဖက်များက အစ္စလာမ် ဘာသာဝင်များ၏ ဗလီဝတ် ကျောင်းတော်
တွေကို ဖျက်ဆီးနေတဲ့ အချိန်မှာလဲ မြန်မာနိုင်ငံရဲ့ ရဲတပ်ဖွဲ့ဝင်များလဲ အနီးအနားမှာ ရှိနေကြတယ် ဆိုတာ ထွက်ရှိလာတဲ့ ဗီဒီယိုမှတ်တမ်းများအရ ထင်ထင်ရှား ရှား သိရှိနိုင်ကြပါတယ် ။ အဲဒီတော့ ဘယ်သူ တွေပါဝင် ကျူးလွန်ခဲ့တယ် ဆိုတာကို ပြည်သူ့ရဲလို အမည်ခံထားတဲ့ မြန်မာနိုင်ငံရဲ့ရဲတပ်ဖွဲ့ဝင်များကတာဝန်အရ မှတ်
တမ်းလုပ်ထားရမှာ ပါ။ အဲဒီလိုမှ မှတ်တမ်းလုပ်ထားမှု့ မရှိရင် ပြည်သူ့ရဲလို့ အမည်ခံထားတဲ့ မြန်မာနိုင်ငံရဲ့ ရဲတပ်ဖွဲ့ဝင်များ အပေါ် မေးခွန်းပေါင်းများစွာ မေးခွန်းထုတ်ရပါလိမ့်မယ် ။

သူတို့ကိုယ်တိုင် ပါဝင်ပတ်သတ်ပြီး အားပေးအားမြှောက် ပြုခဲ့ကြတာလား? ဒါမှမဟုတ် တဖွဲ့ တည်း ပေလား

? အကြမ်းဖက်တွေ စိတ်တိုင်းကြပြုမူ ဖို့ရန် အကြမ်းဖက်တွေ အတွက် လုံခြုံ ရေးယူပေးကြတာလား? စသည်
ဖြင့်ပေါ့ဗျာ ။ မှတ်တမ်းလုပ်ထားထား မလုပ်ထားထား အစ္စလာမ်ဘာသာဝင်များ အပေါ် ၉၆၉ အမည်ခံ ဗုဒ္ဓ ဘာသာဝင် အကြမ်းဖက်များက ကျူးလွန်ခဲ့တဲ့ပြစ်မှူ့တွေ အတွက် ၉၆၉ အမည်ခံ ဗုဒ္ဓ ဘာသာဝင် အကြမ်း
ဖက်တွေအပေါ် တရားဥပဒေအရ အရေးယူ ဆောင်ရွက်ပေးရမှာ မြန်မာအစိုးရရဲ့ တာဝန်ဆိုတာ ငြင်းလို့မ
ရပါဘူး ။ အစ္စလာမ်ဘာသာဝင်များ၏ ဗလီဝတ် ကျောင်းတော်တွေကို ဖျက်ဆီးခဲ့တာနဲ့ပတ်သတ်ပြီး ၉၆၉ အမည်ခံ ဗုဒ္ဓဘာသာဝင် အကြမ်းဖက်တွေအပေါ် တရားဥပဒေအရ အရေးယူဆောင်ရွက် ဖို့ဥပဒေမရှိပါဘူး
ဆိုပြီးလဲ မြန်မာအစိုးရ အနေနဲ့ ငြင်းလို့မရပါဘူး။လုံးလုံးကို မသိချင်ယောင်ဆောင်နေ တာဘဲ ဖြစ်ပါ တယ်။

ပြစ်မှူ့ဆိုင်ရာဥပဒေပုဒ်မ၂၉၅ မှာ လူတစားကိုးကွယ်သည့် ဘာသာ သာသနာ စော်ကားရန် အကြံဖြင့် ဖြစ်

စေ ၊ကိုးကွယ် ဝတ်ပြုသော နေရာကို သော်လည်းကောင်း၊အထွဋ် အမြတ်ထားသော အရာဝတ္ထုကို သော်
လည်းကောင်း ဖျက်ဆီးခြင်းသည် ၊သို့တည်းမဟုတ် ပျက်စီး နစ်နာစေခြင်းသည် ၊

သို့တည်း မဟုတ်ယုတ်ညံ့စေခြင်းသည် ထိုဘာသာသာသနာကို စော်ကားသည်ဟု လူတစားကယူဆ တန်
ရာသည်ကို သိလျှက်နှင့်ဖြစ်စေ ၊မည်သူမဆို ထိုလူတစား၏ ဘာသာ သာသနာရေးဆိုင်ရာ ကိုးကွယ် ဝတ်ပြု
သော နေရာကို သော်လည်းကောင်း၊အထွဋ်အမြတ်ထားသော အရာဝတ္ထုကို သော်လည်းကောင်း ဖျက်ဆီး
လျှင် ၊သို့တည်းမဟုတ် ပျက်စီး နစ်နာစေလျှင် ၊ သို့တည်းမဟုတ် ယုတ်ညံ့စေလျှင် ထိုသူကို နှစ် နှစ်ထိ 
ထောင်ဒဏ် တမျိုးမျိုးဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟုပြဌာန်းထားပါတယ် ။ ဒါပေမဲ့ မြန်မာအစိုးရကတော့ ဒီပုဒ်မကို ဖုတ်လေတဲ့ ငပိ ရှိတယ်လို့တောင်မမှတ်ပါဘူး ဗျာ။

၉၆၉ အမည်ခံ ဗုဒ္ဓ ဘာသာဝင် အကြမ်းဖက်များက အစ္စလာမ် ဘာသာဝင်များ ၏ဘာသာသာသနာရေးဆိုင်

ရာ ဗလီဝတ်ကျောင်း တော် တွေ အပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှု့တွေကို မြန်မာအစိုးရ အနေနဲ့ အထက်ပါပုဒ်မ
နဲ့ အရေးယူဖို့ မသိချင်ယောင်ဆောင်နေတာ ဟာ မြန်မာနိုင်ငံမှာ ရှိတဲ့ ဥပဒေတွေ အကုန်လုံး တဖြေးဖြေး
နဲ့ အဟောသိကံ ဖြစ် ဖို့ရည်ရွယ်နေတယ် လို့ ကျနော်ယူဆမိပါတယ်ဗျာ ။

M-Media , Rangonnewsdaily
RND:  :28.4.2013
ရေးသူ- အလိမ္မာရဲ့ချိန်ဘာ

0 comments:

Post a Comment