၂၀၁၅ခုနှစ်တွငပေါ်ပေါက်လာမည့်အာစီယံစီးပွားရေးအသိုက်အမြုံသည်ထိုင်းနိုင်ငံအတွက်
စိန်ခေါ်မှုများဖြင့် ရင်ဆိုင်ရနိုင်ကြောင်းပညာရှင်များကသတိပေးပြီးအိမ်နီးချင်းနိုင်ငံများ၏ဘာသာ စကားကို မတတ်ကျွမ်းပါက မနက်ဖြန်တွင်
ရှုံးနိမ့်သူများဖြစ်လာနိုင်ကြော င်း သတိပေးပြောဆိုလိုက်သည်။
နယ်စပ်တလျှောက်ရှိထိုင်းနိုင်ငံသားများသည်အိမ်နီးချင်းနိုင်ငံများ၏ဘာသာစကားကို ပြောဆို နေကြသော်
လည်းလုံလောက်မှုမရှိကြောင်း၊အင်္ဂလိပ်ဘာသာစကားကိုပါသင်ယူရန်လိုအပ်ကြောင်းပညာရှင်များမှ
ထိုင်း
လူအဖွဲ့အစည်းအား စဉ်ဆက်မပြတ် ပြောဆိုလာခဲ့သည်။
အိမ်နီးချင်းနိုင်ငံသားများနှင့်အင်္ဂလိပ်ဘာသာအပြင်၊ဒေသသုံးဘာသာစကားအရဆက်သွယ်ပြောဆို နိုင်ခြင်း

မရှိပါကရင်းနှီးမြှုပ်နှံသူများရောက်လာသည့်အခါအခွင့်အရေးများဆုံးရှုံးနိုင်ကြောင်း၊ဥပမာအားဖြင့် အလုပ်
သမား၊ပညာရှင်များအနေဖြင့်အင်္ဂလိပ်ဘာသာစကား၊ထိုင်းစကား၊မလေးဘာသာစကား သုံးဘာသာတတ်
သည့်သူက အလုပ်အကိုင်
အခွင့်အလမ်း ပိုရှိကြောင်း နာရဆွန် တက္ကသိုလ် ဘာသာဗေဒ ဌာနမှ ဒါရိုက်တာ
Sudakarn Patamadilok ကပြောဆိုခဲ့သည်။
၂၀၁၅ ခုနှစ် Asean Economic Community ( AEC) အကောင်အထည် မပေါ်မီ အိမ်နီးချင်း ဘာသာ စကားကို သင်ယူပါမှတော်ခါကျနိုင်မည်ဖြစ်ပြီး၊အချိန်မီမသင်ယူပါကအခွင့်အလမ်းများ၊ဆုံးရှုံးမှုများဖြင့် ရင်ဆိုင်ရမည်

ဟု ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံနှင့်နယ်စပ်ချင်းထိစပ်နေသည့်တာ့ခရိုင်၊ချင်းရိုင်ခရိုင်စသည့်ဒေသများရှိ အထက်တန်း ကျောင်း

များတွင်မြန်မာဘာသာစကားနှင့်အင်္ဂလိပ်ဘာသာစကားကိုမသင်မနေရဘာသာအဖြစ်ပြဌာန်း ထားကြောင်း သိရသည်။
နယ်စပ်ရှိ အထက်တန်းကျောင်းများတွင် မြန်မာစာ သင်ကြားရေးနှင့် ပတ်သက်၍ နွေရာသီ ကျောင်း ပိတ်ရက်အတွင်း မဲဆောက်မြို့ အထက်တန်းကျောင်းတွင် ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။ “ အဓိက ဆွေးနွေး ကြတာကတော့ ကျောင်းသားတွေ မြန်မာစာကို ဘယ်လိုစသင်ရင် ကောင်းမလဲ၊ ဘယ်နည်းလမ်းက အကောင်းဆုံးလဲ၊ နောက်ပြီးတော့ သင်ကြားရေး ပုံစံတွေကို အဓိကထား ဆွေးနွေးကြတယ်ဟု” ဆွေးနွေး ပွဲသို့ တက်ရောက်ခဲ့သည် ဆရာ မောင်ရမ္မာက ပြောဆိုခဲ့သည်။
မဲဆောက်အနီးအနားရှိအထက်တန်းကျောင်းများတွင်မြန်မာလူမျိုးဆရာများကို ဆရာဖြစ်ခန့်ထားမှုများ ပြား

လာခဲ့ကြောင်း သိရသည်။
မောက္ခ
Rangonnewsdaily
RND: :27.4.2013
0 comments:
Post a Comment